ရက်ဂေးအဆိုရှင်စောဖိုးခွားရဲ့ ငြိမ်းချမ်းခြင်းကို ပုံဆောင်မယ့် ဂီတဖျော်ဖြေပွဲ အခမဲ့ လာရောက်ကြည့်ရှူနိုင်

Friday, November 13, 2015


အဆိုရှင် စောဖိုးခွား (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့တေးသီချင်းများကို သီဆိုလေ့ရှိတဲ့ ရက်ဂေးအဆိုရှင်စောဖိုးခွားက  ငြိမ်းချမ်းပါစေ…မြန်မာပြည် တေးဂီတပွဲကို နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီပွဲကိုလာရောက်ကြမယ့် ဂီတပရိသတ်များအနေနဲ့ လက်မှတ်ဝယ်စရာမလိုဘဲ အခမဲ့လာရောက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဓိက တယောက်နဲ့တယောက်နားလည်မှုကိုတည်ဆောက်ပြီး  ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမှာ ဖြစ်ပြီး ရက်ဂေးဂီတတခုထဲနဲ့ ဒီပွဲကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။


အဆိုပါဖျော်ဖြေပွဲတွင် One Love Band က ကူညီတီးခတ်အားဖြည့်ပေးမှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မကြာခင်ပြောင်းလဲလာတော့မယ့် မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းရေးနဲ့ပုံဆောင်သွားနိုင်တယ်လို့ လည်း ရည်ရွယ်ကြောင်းသိရပါတယ်။

 ဒီပွဲပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ရက်ဂေးအဆိုရှင်စောဖိုးခွားက ဒီပွဲရဲ့ ရလဒ်ပေါ်ကို ဘယ် လိုမျှော်မှန်းထားလည်းဆိုတော့ “ကျနော်တို့ဟာ ငြိမ်းချမ်းရေးကိုပေးမယ့် ရက်ဂေး ဂီတကို ပေးမယ်။         ရက်ဂေး ဂီတပြန့်ပွားမှုက အတိုင်းအတာ တခုထိသွားမယ်လို့ထင်ပါတယ်။ တနေ့နေ့ တချိန်ချိန်ကျရင်တော့ ဒီ ဂီတဟာလည်း တခြား ဂီတတွေလိုပဲ မြန်မာနိုင်ငံမှာ နေရာရရှိလာလိမ့်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံက အခုလည်း စပြောင်းလဲနေပြီ ပြောင်းလဲလာတဲ့ နိုင်ငံနဲ့အတူ ဒီပွဲကနေသွားတဲ့ ငြိမ်း      ချမ်းရေးစကားတွေဟာ အထောက်အကူအနေနဲ့ သွားမယ်လို့ ထင်ပါတယ်” လို့ပြောပြပါတယ်။

ဒီပွဲမှာ ရက်ဂေးအဆိုရှင် စောဖိုးခွားက ရက်ဂေးသီချင်း အပုဒ် ၂၀ ကနေ ၂၅ ပုဒ်ကြား သီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ အဆိုတော် အနဂ္ဂ ကလည်း  အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved