အိမ်မက်တခုကို တကယ်အကောင်အထည်ဖော်ချင်ရင် ဘယ်တော့မှလက်မလျော့နဲ့

Tuesday, December 1, 2015





ပန်းရောင်ခြယ်

၁၉နှစ် 

First year Architect (University of  western Aussie)

ပန်းရောင်က ဖေဖေ အဆိုတော်ဂရေဟမ်ရဲ့သမီးအကြီးပါ။ ညီမမှာ  ညီမလေးတယောက်ရှိပါတယ်။ ညီမက မြန်မာပြည်ကနေ ခြောက်တန်းတက်ပြီးတော့ မိသားစုလိုက် သြဇီကိုပြောင်းသွားခဲ့တာပါ။ အခု ဒီကို ပြန်ရောက် နေတာက ဟိုက ပညာရေးကယူနစ်အလိုက် ဖြေလို့ရတယ်ဆိုလိုတာက ခွင့်ယူလို့ရတယ်။ ခွင့်ယူလို့ရတော့ အခု တနှစ်ခွင့်ယူလာတယ်။ ဖေဖေနဲ့တူတူဆိုထားတဲ့ wake up daddy အခွေ MTV အပြီးရိုက်ချင်တာရယ် ညီမရဲ့ တကိုယ်တော်အခွေ လုပ်ချင်တာရယ်ကြောင့်ပါ။

အဲဒီမှာက ဒီဂရီတခုကို အနည်းဆုံးသုံးနှစ်ကြာတယ်။ အများဆုံးဆယ်နှစ်ထိတက်လို့ရတယ်။ ကြားထဲမှာခွင့်က ကြိုက်သလို ယူလို့ရတယ်။ အရေးကြီးတဲ့အကြောင်း မလိုဘူး။ ကိုယ့်ဘာသာ stress များလို့ ကမ္ဘာလှည့် ခရီးသွားချင်တာဖြစ်ဖြစ်၊ ကိုယ့်ဘာသာပိုက်ဆံရှာချင်တာဖြစ်ဖြစ်၊ အဲလိုခွင့်ပေးတယ်။ အခုကတနှစ်ခွင့်ယူထားတယ်။ ညီမက ဘက်ချလာ ဒီဂရီက သုံးနှစ် မာစတာက နှစ်နှစ်ဆိုတော့ ငါးနှစ်တက်ရမှာပါ။

 ဒီကိုပြန်လာပြီး ဖေဖေနဲ့အခွေလုပ်ဖြစ်တာက ညီမကငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ချင်တယ်။ မေမေကို ပူဆာတယ် အခွေထုတ်ပေးဖို့အတွက်ကို ဒါနဲ့မေမေက ၁၂ တန်း ပြီးမှ year 12 hight School  ထုတ်ပေးမယ် လို့ပြောတယ်။ ဖေဖေရယ် မေမေရယ် ညီိမလေးရယ်က ၂၀၁၃ခုနှစ်က မြန်မာပြည်မှာအပြီး  ပြန်လာနေတယ်။ ညီမက ဟိုမှာတယောက်တည်း အဆောင်နေပြီး ကျောင်းတက်တယ်။ အဲဒီမှာ ဖေဖေက မြန်မာပြည်ကိုရောက်တော့ တကိုယ်တော်အခွေမထွက်တာလည်း ၇ နှစ်လောက်ရှိပြီ၊ အဲဒါနဲ့ ဖေဖေက အခွေလုပ်မယ်ဆိုတော့ မေမေက သမီးရဲ့တကိုယ်တော်ခွေမထွက်ခင် ဖေဖေနဲ့တူတူ ၀င်ဆိုလိုက်ပါလားလို့ ပြောတယ်။ Wake Up Daddy ဆိုတဲ့ အခွေခေါင်းစဉ်ကလည်း မေမေရဲ့ အိုင်ဒီယာပါပဲ။ အဲဒါက တကယ့်ကို ညီမတို့ရဲ့ သြဇီတုန်းက Life Style လေးပါပဲ။ သီချင်းစဆိုတော့ မတူတာက အပြင်မှာLive ဆိုတာနဲ့ Recording လုပ်တဲ့အခါ ဆိုတာနဲ့က ကွာတယ်လေ။ အဲဒီအတွက် ဘယ်လိုဆိုရမယ်ဆိုတာ ဖေဖေကတော့ ပြောပြပေးတယ်။ သေချာသင်ပြပေးတော့ အခက်အခဲ တော့သိပ်မရှိပါဘူး အဆင်ပြေပါတယ်။ ညီမရဲ့သီချင်းလေးတွေ ဆယ်ကျော်သက်အရွယ်တွေကလည်း ကြိုက်ကြတယ်၊ အားပေးကြတဲ့အတွက်လည်း ပျော်ပါတယ်။ တကိုယ်တော်ခွေက ညီမ အခု Wake Up Daddy MTV ထွက်ပြီးမှ တကိုယ်တော်ခွေအတွက် သေချာစီစဉ်မှာပါ။ အခုတော့သီချင်းတွေ စစုနေပါပြီ။

ညီမက သီချင်းဆိုတာ ၀ါသနာပါတယ်။ အဆိုတော်ပဲ ဖြစ်ချင်တယ်။  ဒါပေမယ့် ဟိုနိုင်ငံမှာက ယူထားတဲ့မေဂျာက Architectureပေါ့။ဘယ်လိုကြောင့်ယူဖြစ်တာလဲဆိုရင် ပညာရေးအတွက် ဘွဲ့တခုလိုချင်လို့ပါ။ နောက်တခုက မေမေက အခုဆိုရင် မြေလေးတွေဝယ်တယ်။ ပြီးရင် သူ့ဘာသာ ဒီဇီုင်းဆွဲတယ်ဆောက်တယ်။   ပြီးရင်နေတယ်။ နောက်တခုတွေ့ရင်လည်း အဲလိုပဲ သူဆောက်တယ် ပြီးရင် ရောင်းရင်ရောင်းလိုက်တယ် ။ ဒါမှမဟုတ်ရင် ဌားထားတယ်ပေါ့။ Business လုပ်တာတော့ မဟုတ်ပေမယ့် သူ့ဝါသနာအရလုပ်တယ်။    ဒါကြောင့် ညီမကလည်း ဒီမေဂျာကို ယူပြီး နောက်တချိန်ကြရင် အမေနဲ့လည်း လက်တွဲပြီး တူတူအလုပ်လုပ်လို့ရတယ်လေ။ Architecture ကုမ္ပဏီဖွင့်တာပဲဖြစ်ဖြစ် တခုခုလုပ်လို့ရတယ်လေ။ ဒါပေမယ့် တကယ့်ဖြစ်ချင်တာကတော့ အဆိုတော်ပါပဲ။ Architecture ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်စိတ်ဝင်စားမှုက သိပ်အများ    ကြီးမဟုတ်ပေမယ့် စိတ်ဝင်စားတယ်။ အခုက ညီမက First Year ကိုတက်နေတုန်းပဲလေ။ Architecture က စာကျက်စရာမလိုဘူးလေ။ ဒုတိယနှစ်ကျရင်တော့ History တွေဘာတွေပါလာရင်တော့ ကျက်ရင်ကျက်ရမယ်။ အခုကတော့ Drawing တွေ အဓိကလုပ်ရတယ်။ Architecture ကတော့ Stress တော်တော်များတယ်။ သူများတွေလို တခြားဘာသာဆိုရင် မကျက်ထားတဲ့ ဘာသာတွေဆိုရင် စာမေးပွဲနားနီးရင် ကောက်ကျက်လိုက်လို့ရတယ်။ Architecture ကကျတော့ အဲလို စာမေးပွဲမဟုတ်ဘူးဆိုတော့ သူက အချိန်တလပေးထားရင် အဲဒီတလအတွင်းမှာ Drawing တွေဆွဲရမယ်။ နေ့စဉ် တစိုက်မတ်မတ်လုပ်မှ နို့မို့ဆိုရင် အပ်ရမယ့် ညကျမှ ကောက်ဆွဲလို့လည်း မရဘူးလေ။ အဲဒီိအတွက် stress တွေတော့များတယ်။

ဟိုက ပညာရေးစနစ်ကို ဘယ်လိုမြင်မိလည်းဆိုတော့ ပိုကောင်းတာပေါ့နော်။ ညီမကလည်း ဒီမှာက ၆    တန်းကို International School မှာ တက်ခဲ့တာ။ ဟိုက ပညာရေးစနစ်ကတော့ ပိုပြီးတိုးတက်တာပေါ့။ လွတ်လွတ်လပ်လပ်လည်းရှိတယ်။ အလွတ်ကျက်ရတာတွေ သိပ်မရှိဘူး။ Hight school တုန်းကဆိုရင်လည်း အလွတ်ကျက်လို့မရဘူး။ ကိုယ်ရဲ့ Opinian နဲ့ကိုယ် ၊ နောက်ပြီး အဖြေက တခုထဲ မရှိဘူး။ အဲဒီလိုမျိုးပေါ့။ ဟိုက ညီမရဲ့ Life Style က အခု ညီမက တယောက်ထဲဆိုတော့ အဆောင်မှာနေတယ်။ အဆောင်က အရင်တုန်းက ဒီက တက္ကသိုလ်နဲ့ အဆောင်နဲ့တွဲတဲ့ပုံစံမျိုးလေ။ အဲဒီမှာနေမယ်။ အဆောင်က သူငယ်ချင်းတွေနဲ့ပေါင်းဖြစ်တယ်။ ညီမက Hight School Year Elevel ထဲက တယောက်ထဲအဆောင်နေရတာလေ။ အဲဒီတုန်းက Under 18 ဆိုတော့ အရမ်း စည်းကမ်းကြီးတဲ့အဆောင်မှာနေရတယ်။ အခုက Over 18 ဆိုတော့ အဲဒီထက်တော့ ပိုလွတ်လပ်သွားတယ်။ တယောက်ထဲနေရတာတော့ အခုချိန်မှာတော့ Used To ဖြစ်သွား  ပြီပေါ့။ စစချင်းတုန်းကတော့ အိမ်ကို သတိရတယ်။ မိဘတွေကိုလည်း သတိရတယ်။ မိဘတွေ ဒီမှာရှိတုန်းကလည်း ရန်ကုန်ကို တနှစ်တခါပြန်လာနေကျလေ။ အခုကျတော့ မိဘတွေကလည်း မရှိတော့ ကျောင်းကလည်း အသစ်လေ လူတွေကလည်းအသစ် နေရာကလည်း အသစ် ဘယ်သူမှလည်း မရှိဘူးဆိုတော့ စစချင်းကတော့ ၀မ်းနည်းတာပေါ့လေ။ နောက်ပိုင်းကျတော့ သူငယ်ချင်း အသစ်တွေလည်း ရတယ် နေရတာလည်း နည်းနည်း used to ဖြစ်သွားတော့အဆင်ပြေလာတယ်။

ကြိုးစားနေတဲ့လူငယ်တွေအတွက် အချင်းချင်းပြောပြချင်တာက အလုပ်တခုက ကိုယ့်ကို တကယ်ပျော်ရွှင်စေတယ်။ ကိုယ်ကလည်းယုံကြည်မှုရှိတယ်။ ကိုယ့်ကိုအားပေးမယ့် သူတွေလည်းရှိတယ်။ ကိုယ်တကယ် ပျော်တဲ့အရာတခုကို အိမ်မက်တခုကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် ဘယ်တော့မှ လက်မလျော့ဘဲနဲ့ တစိုက်မတ်မတ် ကြိုးစားစေချင်ပါတယ်။ ညီမကိုယ်တိုင်လည်း ပရိသတ်လက်ခံတဲ့အဆိုတော်တယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved