Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံ ပြိုင်ပွဲမှာ မြန်မာဒီဇိုင်နာရဲ့ဝတ်စုံ အကောင်းဆုံးစာရင်းဝင်နေ

Tuesday, December 1, 2015


Top 10 စာရင်းဝင်နေတဲ့ ဒီဇိုင်နာ သျှီလာရဲ့ ညနေခင်းအလှဝတ်စုံနဲ့ အလှမယ် အယ်လ်ဘောက်နူး (ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအလှမယ် အယ်လ်ဘောက်နူးရဲ့ ညနေခင်းအလှဝတ်စုံဟာ အကောင်းဆုံးညနေခင်းဝတ်စုံ (၁၀) စုံစာရင်းထဲမှာ ပါဝင်နေပါတယ်။



နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေဝတ်ဆင်ပြသခဲ့တဲ့ ညနေခင်းအလှဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် ရဲ့ ညနေခင်းဝတ်စုံက အခုလို Top 10 စာရင်းဝင်ခဲ့တာပါ။ ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာက ကိုသျှီလာ လို့သိရပါတယ်။



လက်ရှိမှာ Canada၊ Chile၊ Iceland၊ Indonesia၊ Japan၊ Myanmar၊ Philippines၊ Trinidad & Tobago၊ United States နဲ့ Vietnam နိုင်ငံများမှ အလှမယ်လေးတွေရဲ့ ညနေခင်းဝတ်စုံတွေဟာ Top 10  စာရင်းထဲမှာ ပါဝင် နေတာလည်းဖြစ်ပါတယ်။

“မနက်ဖြန်မနက်မှာတော့ အဲ့ဒီ ၁၀ စုံထဲကမှ အကောင်းဆုံးဝတ်စုံကို ကြေငြာမှာပါ။ ဒီနေ့အထိကတော့ အဖြေမထွက်သေးပါဘူး။ အဓိကကတော့ မှန်စီရွှေချဝတ်စုံလေးတွေဟာ များသောအားဖြင့် ဗင်နီဇွဲလားကနေ ဆင်းသက်လာခဲ့တာပါ။ ဗင်နီဇွဲလားဆိုတာက အလှမယ်လောကမှာ နာမည်အကြီးဆုံး အအောင်မြင်ဆုံး နိုင်ငံပေါ့နော်။ အဲ့ဒီကမှ မှီငြမ်းပြီးတော့ ဒီဇိုင်နာ ကိုသျှီလာက အဲ့ဒီဘက်က ဒီဇိုင်းတွေကို လေ့လာတယ်။ အဲ့ဒီလို မှန်စီရွှေချဝတ်စုံလေးတွေကို အလှမယ်ပွဲတွေအတွက် ချုပ်ပေးဖြစ်တယ်ပေါ့။ ဒါတွေက အပြင်ဈေးကွက်အတွက် မတွင်ကျယ်ဘူးပေါ့နော်။ ဒါပေမယ့် အလှမယ်ပြိုင်ပွဲတွေမှာတော့ အရမ်းကိုပဲ အောင်မြင်တဲ့ဝတ်စုံ  နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ၀တ်စုံဆိုတော့ ဒါတွေကို သိပ်မသိတဲ့မြန်မာတွေအတွက်တော့ တခါလာလည်း မှန်စီရွှေချပုံစံပဲ ဆိုပြီးတော့ပေါ့။ တကယ်ပြန်ပြီးတော့ ဂုဏ်ယူဖွယ်ရာတွေးကြည့်မယ်ဆိုရင် ဒီလိုမှန်စီ ရွှေချဒီဇိုင်မျိုးကောင်းကောင်းလုပ်နိုင်တာ ဗင်နီဇွဲလားလို နိုင်ငံပဲရှိပါတယ်။ ဒုတိယအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ကိုသျှီလာကနေ ဖန်တီးချုပ်လုပ်ခဲ့တာပေါ့။ အဲ့ဒီအတွက် ဂုဏ်ယူမိပါတယ်။ အခုလို Top 10 ၀င်တယ်ဆိုတာကလည်း ကိုသျှီလာရဲ့ လက်ရာတွေကို အသိအမှတ်ပြုလို့ရရှိခဲ့တာပဲဖြစ်ပါတယ်။အကောင်းဆုံး ဆုရဖို့လည်း မျှော်လင့်ထားပါတယ်” လို့ Miss Golden Land Myanmar Orgainzation မှ ကိုဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။


ဒီဇိုင်နာ ရှီလာ ဟာ နိုင်ငံတကာ Pageant များမှာ Amazing Evening Gown များဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့
Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။

ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာမှာရှိတဲ့ Miss Supranational  ပြိုင်ပွဲကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့ အထိကျင်းပပြုလုပ်နေတာဖြစ်ပြီး နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved