့မြန်မာဒီဇိုင်နာဖန်တီးထားတဲ့ဝတ်စုံ Miss Supranational 2015 ပြိုင်ပွဲရဲ့ အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိ

Wednesday, December 2, 2015


အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူး(ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံပြိုင်ပွဲမှာ မြန်မာ ဒီဇိုင်နာ ကိုသျှီလာတီထွင်ချုပ်လုပ်ပေးခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူးက အကောင်းဆုံးညနေခင်းဝတ်စုံ(Best Evening Dress 2015) ဆုကို ရရှိခဲ့ပါတယ်။



ဒီဇင်ဘာ ၁ ရက်နေ့က ရွေးချယ်ပေးခဲ့တဲ့ ဒီ အကောင်းဆုံးညနေခင်းဝတ်စုံဟာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးများ ၀တ်ဆင်ပြသခဲ့တဲ့ ညနေခင်းဝတ်စုံတွေထဲကမှ အကောင်းဆုံးရွေးချယ်ခံခဲ့ရတာပါ။
မြန်မာဒီဇိုင်နာ သျှီလာဖန်တီးချုပ်လုပ်ပေးတဲ့ ဒီ ညနေခင်းဝတ်စုံဒီဇိုင်းဟာ ခန္တာကိုယ်တခုလုံးကို မှန်စီရွှေချထားသလို ဖန်တီးထားတဲ့ ဒီဇိုင်းမျိုးပါ။



ဒီဇိုင်နာ ရှီလာဟာ နိုင်ငံတကာ Pageant များမှာ ထူးခြားဆန်းပြားတဲ့ ညနေခင်းဝတ်စုံတွေကို ဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။



ကမ္ဘာ့အဆင့် နံပါတ် ၅ အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Supranational ပြိုင်ပွဲကြီးကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ  နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။

Miss Supranational 2014 အလှမယ် အိန္ဒိယနိုင်ငံသူနှင့်အတူ မြန်မာအလှမယ် အယ်လ်ဘောက်နူး




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved