အသက်ကြီးလာရင် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေလျော့ကျဖို့

Monday, December 14, 2015


photo - en.wikinoticia.com

သင့်ရဲ့ ဦးနှောက်ဟာ အချိန်နဲ့အမျှ အလုပ်တွေလုပ်နေရတာ ဖြစ်ပါတယ်။ ဦးနှောက် အလုပ်လုပ်ပုံဟာ ကွန်ပျူတာဆားကစ်တွေနဲ့ အတူတူပဲလို့ အမေရိကန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် သင့်ဦးနှောက်ရဲ့ ဆားကစ်တွေကို အလုပ်လျှော့လုပ်ခိုင်းသင့်ပါတယ်။ ပုံမှန်လုပ်ခိုင်းနေကျ ပုံစံမဟုတ်ဘဲ ပြောင်းလဲလုပ်ကိုင်စေ ခြင်းဟာအသက်ကြီးလာရင် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေလျော့စေနိုင်ပါတယ်။ ဥပမာ - သွားတိုက်တဲ့အခါ သွားပွတ်တံကို ကိုင်နေကျလက်နဲ့ မဟုတ်ဘဲ၊ တခြားလက်နဲ့ကိုင်တိုက်တာမျိုး၊ အဝတ်အစားတွေကို ရွေးရင် မျက်စိနဲ့ကြည့်မရွေးဘဲ အထိအတွေ့နဲ့ရွေးတာမျိုးလုပ်သင့်တယ်လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved