ငွေဆောင်ရဲ့ ဒိုင်ဗင်စင်တာဖွင့်ပြီ

Saturday, December 12, 2015


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy


 ငွေဆောင်ကမ်းခြေရဲ့ ဒိုင်ဗင်စင်တာသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၅ရက်နေ့က ငွေဆောင်မှာရှိတဲ့ royal flower hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ငွေဆောင်ရဲ့ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်တွေ အားလုံးက အထွေထွေ မန်နေဂျာများ တက်ရောက်ခဲ့ကြပါတယ်။ 



New Myanmar Dive Centre (MDC) ဟာ ငွေဆောင်ဟိုတယ်နဲ့တွဲဖက်လုပ်ကိုင်ပြီး သူတို့ရဲ့customer တွေအတွက် ကျွမ်းကျင်တဲ့ ဒိုင်ဗင်သမားများနဲ့ ရေကူးသင်ဖို့ဆရာများလည်း ထားရှိပါတယ်။




“အခုလို ဒိုင်ဗင်စင်တာတခု ငွေဆောင်ကမ်းခြေမှာရှိတာ ကောင်းပါတယ်။ ဒီအရာက မြန်မာနိုင်ငံမှာ Scuba Diving ပရိုမိုးရှင်းအတွက်လည်းကောင်းတယ်၊ ဒါကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း ကောင်းတယ်။ ပြီးတော့ ဒီအရာက သဘာဝအလှတရားတွေကို မြှင့်တင့်ရာ ရောက်ပေမဲ့ ကျနော်တို့နိုင်ငံမှာတော့ Marine Ecosystem နဲ့ ပတ်သက်ပြီး အားနည်းနေတုန်းပါပဲ” လို့ MDC ရဲ့ Dive Instructor Danny Toy က ပြောပါတယ်။

 

သီဟတိုး


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved