အွန်လိုင်းမှာကျော်ကြားလာတဲ့မွေးရာပါမျက်လုံးစွေသူငယ်အိမ်စောင်းနေသောကြောင်လေး မူနီ

Thursday, December 3, 2015




လူတွေမှာပဲ မွေးရာပါ မျက်လုံးစွေနေတာတို့ သူငယ်အိမ်စောင်းနေတာတို့ ရှိတယ်လို့ကြားဖူးပေမယ့်       တိရိ စ္ဆာန်တွေထဲမှာ အဲ့ဒီလို မျက်လုံးစွေပြီး သူငယ်အိမ်စောင်းနေတဲ့ တိရိစ္ဆာန်ဆိုတာမကြားဖူးသလောက်ပါပဲ။

အာမေနီးယားနိုင်ငံမှာနေထိုင်တဲ့ Siamese ကြောင်မျိုးနွယ်ဝင် မူနီဆိုတဲ့ ကြောင်ကလေးရဲ့ မျက်လုံးနှစ်ဖက်ဟာ စွေပြီး သူငယ်အိမ်စောင်းနေရှာတာပါ။ မျက်လုံးလေးစွေနေနဲ့ မူနီကြောင်လေးကို ရုတ်တရက်မြင်လိုက်ရင် သူ့ရဲ့ မျက်နှာအသွင်အပြင်လေးဟာ မလှသလိုဖြစ်နေရှာတဲ့အတွက် မူနီလေးဟာ စွန်ပစ်ခံခဲ့ရဖူးပြီး   လမ်းပေါ်မှာ နေထိုင်ခဲ့ရဖူးပါတယ်။

ဒီလို စွန့်ပစ်ခံခဲ့ရတဲ့ ကြောင်လေးမူနီကို အခုလက်ရှိ မွေးစားလိုက်တဲ့ ပိုင်ရှင်က တွေ့ရှိပြီး ခေါ်ယူမွေးစားခဲ့ပါ တယ်။ အဲ့ဒီကမှ အခြားသော ကြောင်များနဲ့မတူသော မျက်လုံးလေးစွေနေတဲ့   ကြောင်လေးမူနီရဲ့ လှုပ်ရှားမှု ပုံရိပ်ကို သူ့သခင်ဖြစ်သူက ဗီဒီယိုရိုက်ကူးပြီး အင်တာနက်ပေါ်တင်ခဲ့ရာက သူ့ရဲ့ ထူးခြားတဲ့ရုပ် အသွင်အပြင် ကြောင့် အွန်လိုင်းမှာ လူသိများကျော်ကြားလာခဲ့ပါတော့တယ်။



ကြောင်လေး မူနီဟာ ကြောင်မလေးလည်းဖြစ်ပါတယ်။ သူ့ကို ယခုပိုင်ရှင်ဖြစ်သူက လမ်းပေါ်ကနေ ကယ်ဆယ်ပြီး သူ့အိမ်မှာမွေးဖွားခဲ့တဲ့ ခုနှစ် ၂၀၁၂ ကိုပဲ သူ့မွေးနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ကြောင်လေး မူနီဟာ Siamese ဆိုတဲ့ မျိုးကောင်းမျိုးသန့် အရှေ့တိုင်းကြောင်မျိုးနွယ်ဝင်လည်းဖြစ်ပါတယ်။



မူနီဟာ သူ့ရဲ့ မျက်လုံးလေးကစွေနေတဲ့အတွက် မကြာခဏသူ့ရှေ့မှာဖြတ်ပြေးသွားတဲ့ ကြွက်ကိုတောင်  ကျွမ်းကျွမ်းကျင်ကျင် မဖမ်းယူနိုင်ပါဘူး လို့ သူ့သခင်ဖြစ်သူက Daily Mail ကိုပြောပါတယ်။



Ref:daily mail,people’s daily china

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved