စစ်ဘေးရှောင်ဒုက္ခသည်တွေကို လှူဒါန်းမယ့် ရံပုံငွေဈေးရောင်းပွဲ သန်လျင်မှာပြုလုပ်

Friday, December 4, 2015




ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တို့မှာ အစိုးရတပ်နဲ့ SSPP/SSA တို့ အောက်တိုဘာ ၆ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များပြားလို့လာနေပါ
တယ်။



ဒီလို စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ရန်အတွက် ရန်ကုန်တိုင်း သန်လျင်မြို့ NLD အောင်နိုင်ရေးရုံးမှာ ရံပုံငွေ ဈေးရောင်းပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။



ဒီပွဲမှာ ဘူးသီးကြော်တပွဲကို ၁ ထောင်ကျပ်နှုန်းနဲ့ရောင်းချနေတာဖြစ်ပြီး ရလာသမျှ အရင်းရော အမြတ်ရောကိုပါ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved