Panasonic မှ နည်းပညာသစ်များနှင့် အဲကွန်းအမျိုးအစား (၄) မျိုး မိတ်ဆက်

Monday, December 7, 2015




ကမ္ဘာတ၀န်း အီလက်ထရောနစ်နှင့် နည်းပညာပိုင်းမှာ ဦးဆောင်လျက်ရှိတဲ့ Panasonic မှ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နှစ်ပေါင်း (၅၀) ကျော် အတွေ့အကြုံရှိပြီး Myanmar Air Conditioner Dealer Convention 2015 ကို ဒီဇင်ဘာလ (၃) ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေ-ရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။



Panasonic မှ ၂၀၁၅ ခုနှစ်တွင် အေးမြပြီး သက်သောင့်သက်သာ နေထိုင်နိုင်ရေးကို ဦးတည်ပြီး မြန်မာနိုင်ငံအတွက် လေအေးပေးစက် အမျိုးအစား (၄) မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပွဲမှာ iAuto-X စနစ်ရဲ့ မြန်ဆန်စွာ အေးမြစေတဲ့ နည်းပညာကို အဓိကထားပြီး မိတ်ဆက်လိုက်တာပါ။



iAuto-X နည်းပညာရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ကတော့ ပထမဆုံး စက်စတင် လည်ပတ်တဲ့ အချိန်ကစပြီး အချိန်တိုအတွင်းမှာ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရောက်ရှိဖို့ ကွန်ပရက်ဆာကို အထောက်အကြူ
ပုပေးပါတယ်။



အဲဒီနည်းပညာအသစ်နဲ့အတူ Panasonic ရဲ့ နည်းပညာတွေဖြစ်တဲ့ ECONAVI, INVERTER နဲ့ NANOE-G တို့ ပေါင်းစပ်ပြုလုပ်ထားတဲ့ လေအေးပေးစက်အသစ်တွေက စွမ်းအားမြှင့်အေးမြခြင်းကို ပေးစွမ်းနိုင်ပြီး စွမ်းအင်သုံးစွဲမှုကိုလည်း (၆၅) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လေအေးပေးစက် အမျိုးအစားများကို Premium Inverter (S Series), Standard Inverter (PS Series), Deluxe Non-Inverter (C Series) နဲ့ Standard Non-Inverter (PC Series) စသဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားထားပြီး ပွဲမှာ Premium Inverter (S Series) နဲ့ Deluxe Non- Inverter (C Series) တို့ကို အဓိကထားမိတ်ဆက်ပေးခဲ့ပါတယ်။



Panasonic Asia Pacific ဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတခုလုံးအတွက် ထုတ်ကုန်နဲ့ နည်းပညာပံ့ပိုးမှုများကို ထောက်ပံ့ပေးထားသော ကုမ္ပဏီတခုဖြစ်ပြီး Panasonic မှ ထုတ်ကုန် ပစ္စည်းများ ဖြစ်တဲ့ 4K Ultra HD TVs, Blu-ray Disc Players, LUMIX ဒီဂျစ်တယ်ကင်မရာ၊ ဗီဒီယို ကင်မရာ၊ Home Audio, Cordless Phones, အိမ်သုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

Panasonic ဟာ ၂၀၁၄ ခုနှစ်မှာ “Best Global Green Brands” ရဲ့ အဆင့် (၅) နေရာမှာ သတ်မှတ်ခံရပြီး အီလက်ထရောနစ် နယ်ပယ်မှာ ထိပ်ဆုံးနေရာကနေ ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved