သရုပ်ဆောင်နေတိုးနဲ့ ရုပ်ရှင်ကားကြီး တွဲဖက်ရိုက်ကူးမယ့် ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ

Wednesday, December 2, 2015


သရုပ်ဆောင် နေတိုးနှင့် ဗီယက်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ (ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

Media 7 ရဲ့စီစဉ်မှုနဲ့ အွန်လိုင်းမှာ နာမည်ကြီးရေပန်းစားခဲ့တဲ့ ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေ က မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်တော့မှာပါ။ အလှမယ်ဟာ မြန်မာပြည်က နာမည်ကြီး သရုပ်ဆောင် နေတိုးနဲ့အတူတူ ပွဲဦးထွက်အနေနဲ့ ရုပ်ရှင်ကားကြီးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီအတွက် အလှမယ်နဲ့  မြန်မာနိုင်ငံမှာရှိတဲ့ စာနယ်ဇင်းများတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး  အလှမယ်ဟာ ဇာတ်ကား ရိုက်ကူးဖြစ်မယ့် ဖေဖော်ဝါရီလမှာထပ်မံ  ပြီး လာရောက်မှာဖြစ်ပါတယ်။


အလှမယ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့ မနက်မှာတော့ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဖူးမြော်ခဲ့ကာ နေ့လည်မှာ မီဒီယာများနဲ့တွေ့ဆုံပြီး ညနေ ၅နာရီ လေယာဉ်နဲ့ ဗီယမ်နမ်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဗီယမ်နမ်အလှမယ် ငုယင်ထရန်ဟုရန်မေက အွန်လိုင်း Facebook စာမျက်နှာများကနေတဆင့် လူသိများ လူကြိုက်များလာတဲ့ အလှမယ်တယောက်    လည်း ဖြစ်ပါတယ်။




ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved