ဆောင်းရာသီမှာ အထာကျမယ့် Sport Shoes နဲ့ Boots

Wednesday, December 2, 2015



အခုချိန်ဟာဆိုရင် မိုးလေကင်းစင်လို့ ချမ်းအေးတဲ့ ဆောင်းရာသီကို ကူးပြောင်းစကာလ ဖြစ်တာမို့ ဒီလိုချိန်ခါမှာ ဒီနေ့ခေတ် ရေစီးထဲက လူငယ်တွေအတွက် ဆောင်းတွင်း မနက်ခင်း စောစောထ လမ်းလျှောက်၊ အပြေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် Sport Shoes ကောင်းကောင်းတရံ လိုအပ်ပါတယ်။



နောက်ပြီး အခုလို ဒီဇင်ဘာလမှာဆိုရင် ခရစ်စမတ်နဲ့ နယူးရီးယား နှစ်သစ်ကိုကြိုဆိုပွဲစတဲ့ ပွဲတွေရှိ     တာကြောင့် အဲဒီပွဲတွေမှာ ရှိုးများပြီး ပဲပေး စတိုင်ထုတ်ဖို့ Boots ဖိနပ်ဒီဇိုင်းလှလှလေးတွေ ရှိထားသင့်ပါ တယ်။



ဒါ့ထက် ခရီးသွားရာသီလည်းဖြစ်တဲ့အတွက် လူငယ်၊ လူရွယ်တွေ တောင်ပေါ်ဒေသတွေ ခရီးသွားတာပဲဖြစ်ဖြစ်၊ နယ်ဝေး ဒေသတခုခုကို ခရီးထွက်တာပဲဖြစ်ဖြစ် ခရီးသွားရင် မရှိမဖြစ် စီးသင့်တာ Boots ဖိနပ်ပါ။

ဖိနပ်က နေ့စဉ်ဝတ်စားဆင်ယင်မှုမှာ မရှိမဖြစ်နဲ့ မပါမဖြစ်ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားဖက်ရှင်ကိုပိုပြီး   ဖက်ရှင်ကျအောင် ပံ့ပိုးပေးတဲ့အရာတခုပါ။ ဖိနပ်က ဖက်ရှင်တခုတည်းအတွက် မဟုတ်ပါဘူး။ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဖိနပ်အပါးလေးတွေ စီးတာ၊ အေးချမ်းတဲ့ တောင်ပေါ်ဒေသမှာ နွေးနွေးထွေးထွေးနဲ့ အထာကျမယ့် Boots ဖိနပ်တွေ စီးတာစသဖြင့် ကာလ၊ ဒေသနဲ့ ရာသီဥတုအပေါ် မူ တည်ပြီး သင့်တင့်လိုက်ဖက်မှုရှိအောင် စီးရပါတယ်။


လူငယ်တွေကြားမှာဆိုရင်တော့ ရေပန်းစားလူကြိုက်များတာက Sport Shoes မှာဆိုရင် အရောင် အသွေးစုံ၊ ဒီဇိုင်းစုံနဲ့ Adidas တံဆိပ်၊ Boots ထဲမှာဆိုရင်လည်း နာမည်ကြီး Converse တံဆိပ်စတဲ့ Brand တွေပါ။ အရောင်သွေးစုံပြီး ဒီဇိုင်းလန်းတဲ့ ဒီဖိနပ်တွေကခိုင်ခံ့ပြီး အရည်အသွေး ကောင်းတာကြောင့် လူငယ်တွေ  အကြိုက်များပါတယ်။



ဈေးနှုန်းအနေနဲ့ဆိုရင် Adidas Sport Shoes တွေက ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းကနေ တသိန်းကျော်၊ နှစ်သိန်းကျော်ထိ အစားစားရှိပါတယ်။ Converse Boots တွေဆိုရင်တော့ ဈေးနှုန်း ၃ သောင်းကျော်ကနေ ၅ သောင်း၊ ၆ သောင်း၊ တသိန်းကျော်တဲ့အထိ အစားစားရှိပါတယ်။

ဓာတ်ပုံ - သီဟတိုး/ The Irrawaddy

ဒီဖိနပ်တွေက ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းက အနည်းအများ ကွာခြားသွားတာပါ။ အခုနောက်ပိုင်းမှာဆိုရင် Sport Shoes တွေကို အရောင်ဆန်းဆန်းလေးတွေ နှစ်မျိုး၊ သုံးမျိုး အရောင်စပ်ထားတာမျိုးကို အ၀တ်များလာကြပြီး Sport Shoes ကိုမှ အားကစားလုပ်တဲ့ အချိန်ခါမျိုးမှာပဲ စီးတာမျိုးမဟုတ်ဘဲ ထသွားထလာနဲ့ ရှိုးပွဲသွားတဲ့အခါတွေမှာလည်း ဖက်ရှင်တခုအနေနဲ့ စီးလာကြတာ တွေ့ရပါတယ်။
Converse တံဆိပ် Boots ဖိနပ်တွေ ဆိုရင်လည်း အရောင်ဆန်းတွေကို နှစ်မျိုး၊သုံးမျိုး အရောင်စပ်တွေနဲ့ ဒီဇိုင်းဆန်းဆန်းတွေ ဝတ်လာကြပါတယ်။ အမျိုးသား၊ အမျိုးသမီး အရွယ်မရွေး စီးလာကြတဲ့ ဒီ Boots ဖိနပ်တွေက စီးရတာအထာကျပြီး သွားလာရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။


နောက်ပြီး အခုဟာဆိုရင် ဆောင်းရာသီထဲကိုရောက်ရှိလာပြီလည်းဖြစ်တဲ့အတွက် မနက်ခင်းစောစောစီးစီး အပြေးလေ့ကျင့်ခန်းလုပ်ဖို့ Sport Shoes ကောင်းကောင်းတရံနဲ့ သွားသွားလာလာ အပြင်ထွက်တဲ့အခါ၊  တန်ဆောင်တိုင် ရှိုးပွဲတွေမှာ အထာကျဖို့ရာ Boots ဖိနပ် ကောင်းကောင်းတရံ ၀ယ်ထားလိုက်ရအောင်လား။


သီဟတိုး


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved