Showing posts with label ရုပ်သံ. Show all posts
Showing posts with label ရုပ်သံ. Show all posts

Just for laughs (Gags) အစီအစဉ်နဲ့ မြန်မာပြည်

Sunday, May 4, 2014 0 comments

ABC/Telemundo (U.S.), TVA/CBC/The Comedy Network /YTV (Canada), BBC1 (UK), TF1 (France), ETB 1 (Basque Country) လွှင့်နေတဲ့ ကနေဒါနိုင်ငံ အခြေစိုက် Just for laugs (Gags) ဟာသ အစီအစဉ် ပရိုဂရမ်ကိုသာ မြန်မာပြည်မှာ လုပ်ရင်လေ အရိုက် ခံရမလား ပါးရိုက် ခံရမလား ဓားနဲ့ အထိုးခံရမလား ကွမ်းတံတွေးနဲ့ အထွေးခံရမလား ဆိုပြီး အတွေးတွေ ရှည်မိသေးတယ်၊ ယဉ်ကျေးပါတယ် ဆိုတဲ့ ကိုယ့်ပြည် အကြောင်း အတွေး တစ်ပိုင်း တစ်စလေးတွေပါ

အပျင်းပြေ ဒီလင့်မှာ ကြည့်ရှုလေ့လာ နိုင်ပါတယ်။ 


http://www.youtube.com/channel/UCpsSadsgX_Qk9i6i_bJoUwQ 









လေလွှင့်ကလေး ကော်ရှူခြင်း

Tuesday, November 12, 2013 1 comments

~


ကော်ရှူတယ် ဆိုတာ လူအများစုအတွက် ဝေါဟာရအသစ် ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း တချို့အတွက်တော့ ဒါဟာ နေ့စဉ် လုပ်နေကျအလုပ်တခု ဖြစ်နေမှာပါ။ ကော်ရှူခြင်း ဆိုတာဟာ မူးယစ်ဆေး သုံးစွဲတာနဲ့ သိပ် မကွာလှတဲ့  အလုပ်တခု၊ အကျင့်တခုပါပဲ။
 


ဦးပါပါလေးရဲ့ ပုံရိပ်ဟောင်းတချို့ နဲ့ ရုပ်သံများ

Friday, August 2, 2013 0 comments

.

မြန်မာပြည်ရဲ့ အထင်ကရ လူရွှင်တော်ကြီး ဦးပါပါလေးရဲ့ ပုံရိပ်ဟောင်းတချို့ နဲ့ သူ့ရဲ့ ပြက်လုံးရုပ်သံများကို ဖော်ပြပေးလိုက်ပါတယ်။


 ၂၀၁၂ သင်္ကြန်အတွက် သံချပ်တိုက်နေကြတဲ့ ဦးပါပါလေးနဲ့ အဖွဲ့


ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ


 

ပါပါလေး ပြက်လုံးများ
http://video.irrawaddy.org/2012/04/comedian-par-par-lay.html

ပါပါလေး ပြက်လုံးများ http://video.irrawaddy.org/2012/04/comedian-par-par-lay-2.html
ပါပါလေး ပြက်လုံးများ http://video.irrawaddy.org/2012/05/par-par-lay-3.html



ဆက်စပ် -
လူရွှင်တော် ဦးပါပါလေး ကွယ်လွန် 
http://blog.irrawaddy.org/2013/08/blog-post_2296.html



.


အမျိုးသား ၇၅ % ဘိန်းစွဲနေတာ ဘယ်ဒေသမှာလဲ

Friday, July 5, 2013 0 comments


ပလောင်တိုင်းရင်းသားနယ်မြေမှာ အမျိုးသား ၇၅ % က ဘိန်းစွဲနေပါတယ် တဲ့။ 
ဒီအကြောင်း ဧရာဝတီ ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။ 


 
ဘိန်းကို ဘယ်သူတွေက ခုခံစစ်၊ တိုက်စစ်ဆင်နေကြသလဲ ဆိုတာကိုလည်း ရုပ်သံမှာ တင်ဆက်ထားပါတယ်။



.


အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင်လာခြင်း

0 comments

  ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာ ဆွေးနွေး သုံးသပ်ထားတာကတော့  မြန်မာပြည်မှာ အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်လာခြင်း နဲ့  အဲဒီလှုပ်ရှားမှုတွေ အဆိုးအကောင်း ဘယ်လိုရှိတယ်ဆိုတဲ့ အကြောင်းအရာပါပဲ။

- ရန်ကုန်နိုင်ငံရေးသိပ္ဗံကျောင်း ဒါရိုက်တာ မဇင်မာအောင်၊
- University of California, Berkeley မှာ နိုင်ငံရေးသိပံ္ပ ပါရဂူကျမ်းပြုသူ ကိုမင်းဇင်၊
- ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးတို့ ပါဝင်ဆွေးနွေးထားပါတယ်။


ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

ဒီအစီအစဉ်ကို DVB ရုပ်သံကနေလည်း အပတ်စဉ် ထုတ်လွှင့်နေပါတယ်။
 



.


လှပ ယဉ်ကျေး ခေတ်မီတဲ့ ရောင်စုံဖက်ရှင်

Wednesday, July 3, 2013 0 comments


သရုပ်ဆောင် မော်ဒယ် လောကရဲ့ နာမည်ကျော်တွေ ပါဝင်အားဖြည့်ထားတဲ့ ဖက်ရှင်ပြပွဲကြီးကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ပါတယ်။

ယဉ်ကျေးခေတ်မီ မေပန်းချီ မြန်မာ့အမျိုးသမီး ဆင်ယင်ထုံးပြပွဲ၊ တော်ဝင်စံထား မြန်မာ့နှစ်ပါးသွားပြပွဲ စသဖြင့် အမည်ပေးထားတဲ့ ပြပွဲကြီးပါ။
အထင်ကရများအပါအဝင် သရုပ်ဆောင်၊ မော်ဒယ် တရာကျော်ရဲ့ အရောင်စုံလင် ဖက်ရှင်တွေကို အထက်ပါ ဧရာဝတီရုပ်သံမှာ ရှုစားနိုင်ပါပြီ။



ဓာတ်ပုံတွေကိုတော့ http://blog.irrawaddy.org/2013/07/blog-post_8230.html မှာ ကြည့်နိုင်ပါတယ်။


.


Mr. Top နဲ့ ဂျူနီယာတော့ပ် တို့ရဲ့ မျက်လှည့်ပြပွဲ

Monday, June 24, 2013 0 comments



Mr. Top ရဲ့ စင်တင် မျက်လှည့် ပြပွဲကြီးကို စနေနေ့က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။


Mr. Top တို့ မျက်လှည့်ပညာရှင် သားအဖ နှစ်ဦး ပရိသတ်ကို ဘာတွေပြော၊ ဘာတွေ တင်ဆက်ကြတယ် ဆိုတာ ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။

 



.


နေဒွေးနဲ့ ဧရာဝတီ အင်တာဗျူး

Sunday, June 23, 2013 0 comments

သရုပ်ဆောင် လူငယ်ချေတက် နေဒွေးနဲ့ ဧရာဝတီ သတင်းဌာန မကြာသေးခင်က တွေ့ဆုံခဲ့ပါတယ်။

နေဒွေးရဲ့ ပြောဆိုချက် အပြည့်အစုံကို ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။



 ဖေ့ဘုတ်မှာ သူ့နောက် လိုက်ချင်တယ် (follow လုပ်ချင်တယ်) သို့မဟုတ် သူငယ်ချင်း ဖြစ်လိုတယ် သို့မဟုတ် ဖေ့ဘုတ်မှာ သူ ဘာတွေ လုပ်နေပါလိမ့် ဆိုတာမျိုး တခုခု သိလိုတယ် ဆိုရင်ဖြင့် သွားရမယ့် လိပ်စာက http://www.facebook.com/naydway  ဖြစ်ပါတယ်။

ဆက်စပ်
မင်းသားများ အသင်းမှာ နေဒွေး ဂိုးဖမ်းမယ်
http://burma.irrawaddy.org/archives/41994


.


မြို့ပြမှာ မတွေ့နိုင်တဲ့ ပြိုင်ပွဲ

Monday, June 3, 2013 0 comments

 
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ နွားအလှ နဲ့ နွားလှည်းပြိုင်ပွဲ မြင်ကွင်းတွေကို ဧရာဝတီရုပ်သံ ဝိုင်းတော်သားတွေက ရိုက်ကူးတင်ဆက်ထားပါတယ်။




.


လားရှိုးမြို့အဓိကရုဏ်းအပြီးမြင်ကွင်း

Friday, May 31, 2013 0 comments


အင်္ဂါနေ့က လားရိုးမြို့မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် ပေါ်ပေါက်လာတဲ့ ပျက်စီးမှုမြင်ကွင်းတွေကို ဧရာဝတီရုပ်သံက ရိုက်ကူးတင်ဆက်ထားပါတယ်။




.


ရန်ကုန်နဲ့ ညောင်ရေသွန်းပွဲ

Saturday, May 25, 2013 0 comments


ရွှေတိဂုံစေတီမှာ မနေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အခါသမယမှာ

ညောင်ရေသွန်းပွဲတော် ကျင်းပခဲ့ပါတယ်။

လမ်းမတော်မြို့နယ်မှာလည်း ကဆုန်ညောင်ရေလောင်းပွဲတော် ကျင်းပပါတယ်။


ဒီ
မြင်ကွင်းများကို ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။


.


တော်တီဆွေ ၃၄

Friday, May 17, 2013 0 comments

လူငယ်ကာတွန်းဆရာ တော်တီဆွေရဲ့ တကိုယ်တော် ကာတွန်းပြပွဲကို မကြာသေးခင်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ 

 

သူ့ရဲ့ အသက် ၃၄ နှစ်ပြည့် အမှတ်တရာ ကာတွန်းပြပွဲအကြောင်းနဲ့ ပြပွဲတက်ရောက်သူတို့ရဲ့ သုံးသပ်ချက်တွေကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။


 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 




Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက်

Monday, May 13, 2013 0 comments


အဆိုတော် Rဇာနည်ရဲ့ တတိယမြောက် တကိုယ်တော် အယ်လ်ဘန် အဆိပ်တက်အိပ်မက် ကို MTV ရိုက်ကူးပြီးစီးသွားပါပြီ။


ရန်ကုန်-ဒလ ကူးဖို့ ဘာကို ရွေးနေကြသလဲ

Saturday, May 11, 2013 0 comments


ရန်ကုန်-ဒလ သင်္ဘောကူးတို့ခတွေ  ကျပ် ၁ဝဝ တိုးမြှင့်ပြီး နောက်ပိုင်းမှာ ခရီးသည်များက စက်လှေတွေကို ပိုအားထားလာကြပါတယ်။

ဒီအကြောင်း ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။

   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



စစ်တကောင်းက ဗိုလ်မင်းဆက်အကြောင်း

0 comments


ဟံသာဝတီ နန်းပျက်သုန်းစဉ်က ရခိုင်ဘုရင်ထံ ဝင်ရောက်ခံစားပြီး ဗိုလ်မင်းထောင်ကို အပိုင်စားရတဲ့ မျိုးဆက်က ဘင်္ဂလားဒေ့ရှ်ကို ရောက်နေပါတယ်။


 
မကြာသေးခင်က ၁၇ ကြိမ်မြောက် ဗိုလ်မင်းသစ် တင်မြှောက်ခဲ့တာကို ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။



.


ရန်ကုန်မြို့လယ်က ဘတ်စ်ကားတိမ်းမှောက်မှု

Friday, May 10, 2013 0 comments


ရန်ကုန်မြို့တွင်းပြေး ဘတ်စ်ကားတစီး မနေ့က တိမ်းမှောက်တဲ့အတွက် ခရီးသည် အများအပြား ဒဏ်ရာရရှိသွားပါတယ်။


ကားမှောက်တဲ့နေရာက မြင်ကွင်းတွေကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။ 


ရုပ်သံ ဖြစ်တဲ့အတွက် အင်တာနက် မြန်နှုန်းမြင့်မှ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



မုတ်သုံ နောက်ကျပြီး မိုးနည်းနိုင်တယ်

0 comments


ဒီနှစ် မိုးရာသီ မြန်မာပြည်မှာ မုတ်သုံအ၀င်နောက်ကျပြီး မိုးနည်းနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဧရာဝတီကိုပြောဆိုထားပါတယ်။


အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။



.


အစိုးရ၀န်ထမ်း မိသားစုပိုင် လယ်ယာမြေလည်း သိမ်းဆည်းခံနေရ

Monday, April 22, 2013 0 comments

လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ မတရားသိမ်း ခံရမှုကို အစိုးရ၀န်ထမ်းများပါ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အကြောင်း ဧရာဝတီ ရုပ်သံမှာ တင်ဆက် ထားပါတယ်။ 


ဒုတိယတန်းစား နိုင်ငံသား?

Sunday, March 31, 2013 8 comments


တိုင်းရင်းသားခေါင်းဆောင်တယောက်က ပြောပါတယ် -
မြန်မာပြည်မှာ တိုင်းရင်းသားတွေဟာ ဒုတိယတန်းစား နိုင်ငံသား ဖြစ်နေပြီ တဲ့။

အုပ်ချုပ်သူများထဲမှာ တိုင်းရင်းသား ဘယ်လောက်ပါသလဲ လို့လည်း သူက ထောက်ပြပါတယ်။


ဒီပြောဆိုချက် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို ဧရာဝတီ ရုပ်သံမှာ စုစည်း တင်ဆက်ထားပါတယ်။  



 
ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


-


ဘာမှ မမြင်ရရင် ဘာလုပ်ကြမလဲ

0 comments


မျက်စိ မမြင်ဘူးဆိုရင် လူတယောက် ဘာလုပ်လို့ ရသလဲ။

ကိုယ် တွေ့မြင်ရတာက နေ့ဘက်လည်း မှောင်မှောင်မည်းမည်း၊
ညဘက် ဆိုလည်း မည်းမည်းသည်းသည်း ဖြစ်နေပါလိမ့်မယ်။

မျက်မမြင်တွေကတော့ မမြင်တဲ့အနေအထားနဲ့ဘဲ ဘ၀ကို ရုန်းကန်ကြပါတယ်။
ဂစ်တာတီး၊ ကွန်ပျူတာသုံး၊ ကြိမ်ထိုး စသဖြင့် လုပ်ကိုင်ကြတာ မနည်းပါဘူး၊ မြင်တဲ့သူတချို့မလုပ်နိုင်တာတွေကိုတောင် သူတို့ လုပ်ကိုင်နေကြတာပါ။



မကြာသေးခင်က ရန်ကုန်မျက်မမြင်ကျောင်းကို ဧရာဝတီဝိုင်းတော်သားများ သွားရောက်ပြီး တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ထားတာတွေကို ဧရာဝတီရုပ်သံမှာ ပြန်လည် တင်ဆက်လိုက်ပါတယ်။

သူတို့ရဲ့ ဘ၀အားမာန်၊ နေ့စဉ် လှုပ်ရှားမှု၊  အစိုးရမင်းများသိအောင် ပြောချင်တဲ့စကား စတာတွေကိုလည်း ကြားရမှာ ဖြစ်ပါတယ်။

  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


-


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved