Showing posts with label Cartoonist Myo Gyi. Show all posts
Showing posts with label Cartoonist Myo Gyi. Show all posts
ရန်ကုန်မှာ ထူးထူးခြားခြားကြော်ငြာနေတဲ့ Lenovo ကွန်ပြူတာ
Sunday, March 3, 2013
0
comments
မဟာဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်း ကြားထဲကပါ။
ကွန်ပြူတာ၊ ပရင်တာ၊ ပရော်ဂျက်တာ စသဖြင့် ၀ယ်မယ်ဆို အဲဒီလမ်းကို ပြေးရပါတယ်။

ဒီရက်ပိုင်းမှာ ထူးခြားတာက ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ တိုက်တွေက ဆေးရောင်အသစ်တွေနဲ့ တောက်ပနေတာပါပဲ..။
ပြီးတော့ ဆေးအသစ်သုတ်ထားတဲ့ တိုက်နံရံတွေမှာ Lenovo အမှတ်တံဆိပ်တွေ ရေးဆွဲထားတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။
ဒါဟာ Lenovo ကွန်ပြူတာ ကြော်ငြာသူတွေရဲ့ ထူးခြားတဲ့ အိုင်ဒီယာလို့ ဆိုရပါမယ်။
ဒီလိုလုပ်ဖို့အတွက် Lenovo ကို အဓိ ကဖြန့်ချိနေတဲ့ KMD ကုမဏီက စီစဉ်ပါတယ်။
တိုက်ခန်းပိုင်ရှင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီတို့ကို ဆက်သွယ်ရပါတယ် တဲ့။
“ကျွန်တော်တို့ဒီလို လုပ်လို့ရဖို့ အတွက် တိုက်ခန်းပိုင်ရှင်တွေနဲ့ ပြောရပါတယ်၊ တချို့ တိုက်ခန်းအနည်းအငယ်ကပဲ ဆေးအသစ်သုတ် ပေးတာကို လက် ခံပြီး
တံဆိပ်တပ်တာကိုတော့ လက်မခံပါဘူး၊ အများစုက တော့ ဆေးအသစ်သုတ်ပေးပြီး Lenovo တံ ဆိပ် ရေးတာကို လက်ခံတယ်” လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“Lenovo က လူသိများတဲ့ အထဲမှာ မပါသေးဘူး၊ ဒါပေမဲ့ သုံးပြီးတဲ့လူတိုင်းကတော့ ဒီအမျိုးစားကို နှစ်သက်ပြီးတော့ သုံးကြပါတယ်” လို့ သူကပြောပါတယ်။
ကမ္ဘာ့အဆင့် တစ် ရတဲ့ ဒီပစ္စည်းအမျိုးအစားကို ရန်ကုန်မှာ ပိုပြီး သိလာအောင် အခုလို ကြော် ငြာ တာပါလို့ သူက ဆက်ပြောပါတယ်။
ကုန်ပစ္စည်းကို ဒီလိုကြော်ငြာတာဟာ Lenovo က ပထမဆုံးပါပဲ။

တခြား ကုမဏီတွေကပါ အပြိုင်အဆိုင်လိုက်လုပ်ကြရင်တော့ တိုက်ဟောင်းတွေကတော့ ဆေးအသစ်တွေနဲ့ ဖြစ်ကုန် မှာပါလို့ အဲဒီလမ်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ကြော်ငြာဖန်တီးသူတွေ၊ ဒီဇိုင်းဆရာတွေကတော့ သူတို့ကြော်ငြာတွေကို လှပအောင် အစွမ်းကုန် ကြိုးစားကြတာပါ။
ကုန်ပစ္စည်းတခုရဲ့ ကြော်ငြာ အများကြီးကို မကြာခဏတွေ့ရရင် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲလို့ တချို့က ဆိုကြမယ် ထင်ပါတယ်။ ဒီလို မဖြစ်အောင် ကြော်ငြာတခုကို ဒေသ/ဇုန် အကန့်အသတ်နဲ့ပဲ ခွင့်ပြုရင် အဆင်ပြေမှာပါ။
မန္တလေး အပါအ၀င် နယ်မြို့တချို့မှာ မွေ့ယာဆိုင်တခုရဲ့ကြော်ငြာတွေကို လမ်းတကာ ချိတ်ဆွဲထားတာ တွေ့ရမှာဖြစ်ပါတယ်။
ရွက်စိမ်း ~
Subscribe to:
Posts
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့...
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရ...
-
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေ...
-
ပျံကျအသုတ်ဆိုင်တဆိုင်နဲ့ ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေတဲ့ အမှိုက်များ (ဓာတ်ပုံ - ဧရာဝတီ) ချောင်းသာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေး နေရွှေသွေးအေ...
-
မြန်မာပြည်က အမျိုးသမီးသရုပ်ဆောင်တချို့ ၀တ်စားပုံတွေဟာ ပြည့်တန်ဆာဖက်ရှင်တွေပဲ ဆိုပြီး သုံးသပ်ထားပါတယ်။ ခပ်ကြမ်းကြမ်းစကားလုံးတွေ ပါပါတယ်။ ပြော...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ














