Showing posts with label Hein Htet. Show all posts
Showing posts with label Hein Htet. Show all posts

မြန်မာ့ဆိုင်းဝိုင်းနဲ့ တွဲ့ဖက်ဖျော်ဖြေခဲ့တဲ့ ကမ္ဘာ့ဂီတပွဲတော်

Monday, December 1, 2014 0 comments


နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီတို့တွင် ရန်ကုန်မြို့ ပြင်သစ် ယဉ်ကျေးမှုဌာနမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဂီတပွဲတော်ကို ကျင်းပခဲ့တာမှာ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ဆွစ်ဇာလန်နဲ့ အစ္စရေး နိုင်ငံတွေက ဂီတအဖွဲပေါင်း ငါးဖွဲ့ က ဖျော်ဖြေတင်ဆက်သွားပါတယ်။

ဒီပွဲမှာ Jazz ဂီတကို မြန်မာ့ဆိုင်းဝိုင်းနဲ့လည်း တွဲဖက်တီးခတ်ပြီး ဖျော်ဖြေသွားပါသေးတယ်။

ကမ္ဘာ့ဂီတပွဲတော်က ပုံရိပ်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
















ကျောင်းအပ်ကြပြီ

Tuesday, May 27, 2014 1 comments

 ~




ဒီနှစ်ရဲ့ ကျောင်းဖွင့်ရာသီ ရောက်ပါပြီ။ ဒီနှစ်ရဲ့ ထူးခြားချက်တခုကတော့ အလယ်တန်း အခမဲ့ ပညာရေးစနစ်ကို မိတ်ဆက်ခြင်းပါပဲ။

ရန်ကုန်မြို့ စာသင်ကျောင်းတချို့ရဲ့ ကျောင်းအပ်ချိန် မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(ဓာတ်ပုံ - ဟိန်းထက် / ဧရာဝတီ)
ကျောင်းမဖွင့်ခင် တပတ်ကြိုပြီး ကျောင်းအပ်။

ဇွန်လ ၂ ရက်နေ့ တနင်္လာနေ့ ဆိုရင် ကျောင်းတက်ရပါပြီ။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၅ တနင်္ဂနွေကနေ   မေ ၃၁ စနေနေ့အထိ သတ်မှတ်ထားတာပါ။

အလယ်တန်းကျောင်းသူကျောင်းသားတွေ ဆိုရင် ပုံနှိပ်စာအုပ်တွေကို ၀ယ်စရာ မလိုတော့ပါဘူး။ တနိုင်ငံလုံးက အလယ်တန်းကျောင်းသူကျောင်းသားများကို ပုံနှိပ်စာအုပ်တွေ အခမဲ့ ပေးဝေရပါမယ်။

ကလေးတွေက နွေရာသီအားလပ်ရက်ကာလ အဆုံးသတ်ပြီး စာသင်ခန်းထဲ ဝင်ရပါတော့မယ်။

နွေရာသီအားလပ်ရက် ဆိုပေမယ့် တချို့လည်း တကယ် အားလပ်၊ ဆော့ကစား လည်ပတ်ခဲ့ရမှာပါ။ တချို့လည်း ကျူရှင်ခန်း သင်တန်းခန်းထဲ အချိန်အတော်ပေးခဲ့ရဖွယ်ရှိပါတယ်။

ကလေးတွေကို ကျောင်းအပ်နှံရတာ အဆင်ပြေတဲ့ကျောင်းတွေ ရှိသလို၊ ခက်ခဲတဲ့ကျောင်းတွေလည်း ရှိပါလိမ့်မယ်။

ကလေးတွေ စာသင်ခန်းထဲရောက်ရှိရေးက အရေးကြီးပါတယ်။

ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံးက မူလတန်း အလယ်တန်း အထက်တန်း ကျောင်းတွေမှာ ဒီလိုမြင်ကွင်းမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။


 



-

ဦးဝင်းတင် နာရေးမြင်ကွင်း အပိုင်း - ၃

Thursday, April 24, 2014 0 comments


~



ဂူသွင်းသင်္ဂြိုဟ်ခြင်း

NLD ပါတီက ၃ ရက်ကြာ အလံတိုင်ဝက်လွှင့်မယ်

Monday, April 21, 2014 0 comments

~

  

ဦးဝင်းတင် ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်  NLD ပါတီက ၃ ရက်ကြာ အလံတိုင်ဝက်လွှင့်မှာဖြစ်ပါတယ်။
(ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)
 ဒီအကြောင်း ပါတီရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရန်ကုန် NLD ဌာနချုပ်ရုံး




ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်
.


ရခိုင်နံ့သာသွေးပွဲ

Monday, April 14, 2014 0 comments





 


 -
ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာ ရခိုင်နံ့သာသွေးပွဲကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အလယ် ပစ္စယံရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ဧပြီလ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။


ရန်ကုန်မြို့ အကြိုနေ့ နံနက်ပိုင်း

0 comments




ရန်ကုန်မြို့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်း (ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)
 


ဒေါပုံမြို့နယ် NLD မဏ္ဍပ် သံချပ်ဖျော်ဖြေပွဲ

0 comments

 ~



 ~
ရန်ကုန်မြို့ ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့ ညပိုင်းက သံချပ်အဖွဲ့များလာရောက်ဖျော်ဖြေခဲ့ကြသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved