Showing posts with label Nan Thiri Lwin. Show all posts
Showing posts with label Nan Thiri Lwin. Show all posts

ဟိုပင်မြို့ရဲစခန်းရဲ့ လက်သံပြောင်ချက်

Monday, July 22, 2013 0 comments


ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ခိုက်ရန် ဖြစ်ပွားခဲ့သည့် လူငယ် တစ်ဦးကို ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးခဲ့သဖြင့် ထိုလူငယ်မှာ ဒဏ်ရာအကြီးအကျယ် ရပြီး ကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။


ကချင်စစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ်

Tuesday, June 11, 2013 0 comments

ကချင်စစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချခြင်း  အခမ်းအနားနှင့် လမ်းလျှောက် ချီတက်ပွဲကို ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက  မဟာဗန္ဓုလပန်းခြံရှေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

ကချင်စစ်ပွဲ လှုပ်ရှားသူများည် ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းတွင် မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စုဝေးကြ ပြီး ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် အလုံမြို့နယ်တို့ ကို ဖြတ်သန်းလမ်းလျှောက် ချီတက်ကာ အလုံမြို့နယ် သစ်တောလမ်းရှိ ဇောတနရာမ စာသင်တိုက် တွင် မေတ္တာပို့ ဆုတောင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

“ဒီလောက် မိုးရွာနေတဲ့ ကြားထဲမှာ လူတွေ အဲလောက်လာမယ်လို့တောင် မထင်ထားဘူး။ မိုးအရမ်း ရွာနေပေမဲ့ လူက တော်တော်များနေတယ်။ ပြီးဆုံးတဲ့ထိ နေကြတယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ ပါဝင်နိုင်မှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်သူလူထုက ဘယ်လောက် အတိုင်းအတာထိ ပါဝင်နိုင်မလဲဆိုတာ အဲဒီအပိုင်းကို မြင့်တင်နိုင်တဲ့ သဘောပဲ” ဟု ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် Kachin Peace Network မှ ဒေါ်ခွန်ဂျာက ဧရာဝတီကို ပြောသည်။ 

အခမ်းအနားတွင် စစ်ပွဲတွင်း သေဆုံးသွားသူများအတွက် ရေစက်ချ ဆုတောင်း အမျှဝေခြင်းကို ဘာသာပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြပြီး ကချင်စစ်ပွဲ ဇာတ်လမ်းတို တစ်ပုဒ်ကိုလည်း ပြသခဲ့ကြောင်း သိရသည်။ 

စစ်ပွဲတွင်း သေဆုံးသူများအတွက် လွမ်းသူ့ ပန်းခွေများနှင့် ပန်းစည်းများကို ကချင်ငြိမ်းချမ်းရေး ကွန်ယက်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့၊ နာရေးကူညီမှု အသင်း၊ Burma Partnarship စသည့် လူမှုအဖွဲ့အစည်းများမှ ပေးပို့ခဲ့ကြပြီး တစ်ဦးချင်း ပေးပို့ခဲ့သူများ လည်းရှိကြောင်း သိရသည်။ 

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်တို့ ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖောက်ဖျက်ကာ စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ရပြီး ၂ နှစ်နီးပါး အချိန်တွင် KIO အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ မြစ်ကြီးနားမြို့ တွင် တွေ့ ဆုံခဲ့ကြသော်လည်း တိကျသေချာသည့် ဆုံးဖြတ်ချက်မရရှိခဲ့ပေ။ 

စစ်ပွဲကြောင့် ကချင် ဒုက္ခသည် တစ်သိန်းနီးပါး နေအိမ်များ စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ပွဲ  ၂  နှစ်
ပြည့်မြောက် သည့် ယခု အချိန်ထိ အိမ်ပြန်ခွင့်ရရှိရန် အခွင့်အလမ်း မရှိသေးကြောင်း ဒုက္ခသည်များက ဆိုသည်။ 








နန်းသီရိလွင် ~

တရုတ်သင်္ချိုင်း ပြန်ဆောက်ပေးတော့မှာလား ... မဟုတ်ပါဘူး တဲ့

Saturday, July 14, 2012 0 comments

နန်းသီရိလွင်

မြို့တော်စည်ပင်က အင်မတန် မျက်စိကျနေတဲ့ နေရာ

ရန်ကုန်က မရမ်းကုန်း တရုတ်သချိုင်းကြီးကို စည်ပင်က ရွှေ့ပြီး ဈေးဆောက်ခဲ့တယ်၊ အခုတော့ အဲဒီဈေးကို ရွှေ့ချင်တယ် ဆိုပြီး ပြောနေပါတယ်၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုပြောနေတာလဲ၊ တရုတ်သင်္ချိုင်းကြီး ပြန်လုပ်ချင်လို့လား?

နေရာအတိအကျပြောရရင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း နဲ့ တော်ဝင်လမ်းဆုံက ပန်းဈေး ဖြစ်ပါတယ်။

နိုင်ငံတော်စီမံကိန်းအတွက် လိုအပ်သဖြင့် ယခုလက်ရှိနေရာမှ ၃ လအတွင်းရွှေ့ပြောင်းပေးရမည် ဆိုပြီး ဒီလ ၅ ရက်နေ့မှာ စည်ပင်သာယာက ဆိုင်ရှင်တွေကို အစည်းအဝေးခေါ်ယူပြီး ပြောဆိုခဲ့ပါတယ် တဲ့။

"နိုင်ငံတော်"က လိုအပ်လာပြီ ဆိုတော့ ဈေးသည်တွေက လန့်ပြီပေါ့။

“ကျွန်မတို့က ကျူးကျော်နေတဲ့သူတွေ မဟုတ်ပါဘူး။ ရန်ကုန်မြို့တော်ဝန် ဦးကိုလေး လက်ထက် ကတည်းက ဒီနေရာ တရုတ်သင်္ချိုင်းကြီးကို ခုလို စိမ်းစိမ်းစိုစို ဖြစ်လာအောင် ပူးပေါင်း ကြိုးစားထားရတာ။ ပန်းဈေးအနေနဲ့ ပေးထားတာ ၁၂ နှစ် ရှိနေပြီ” လို့ ဘကြီးဖြိုး သစ်ခွခြံမှ မသင်းသင်းအောင်က ပြောပါတယ်။

ပြောင်းရွှေ့ရမယ့် နေရာသစ်က သာကေတ ရှုခင်းသာ လို့ ဆိုတယ်။ ဓာတ်အားလိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ရှိတဲ့နေရာဖြစ်တယ်၊ ဈေးသည်အားလုံးအတွက် မြေနေရာလုံလောက်မှုလည်း မရှိဘူး၊ ဒါကြောင့် မပြောင်းချင်ကြဘူး လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာနကို ဆက်သွယ် မေးမြန်းတော့ တာဝန်ရှိသူတဦးက အခုလို ဖြေကြားပါတယ်။

“ရွှေ့ခိုင်းတယ် မရွှေ့ခိုင်းဘူးဆိုတာ ကျွန်တော်တို့ သူတို့ကို တရားဝင် ပြောတာမျိုး မရှိသေးပါဘူး။ ညှိနှိုင်းတဲ့ သဘောပဲ ရှိပါသေးတယ်။
မသေချာသေးပါဘူး။ သေချာတယ်ဆိုရင် ကျွန်တော်တို့က တရားဝင်ညွှန်ကြားချက်ထုတ်မှာပါ”

သူကတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။ မသေချာသေးတဲ့ ကိစ္စတခုအတွက် ဈေးသည်တွေကို အစည်းအဝေးခေါ်ပြီး "ညှိနှိုင်းတဲ့သဘော"က တော်တော်လေးသေချာနေပြီ ဆိုတဲ့ သဘောပေါ့။

အဲဒီနားတ၀ိုက် စည်ပင်ပိုင်မြေတွေ အများကြီးပဲ ဘာကြောင့် ဒီနေရာ ဒီပန်းဈေးကိုမှ သဘောကျနေရတာလဲ။
အဖြေက ရှင်းပါတယ် - လမ်းဆုံက မြေနေရာဆိုတော့ လူတိုင်းကြိုက်ပေါ့လေ။ စည်ပင်ကလည်း ဒါမျိုးတွေ အရမ်း ကြိုက်တတ်ပါတယ်။
တရုတ်သင်္ချိုင်း ပြန်ဆောက်ပေးဖို့မဟုတ်သလို၊ ရန်ကုန်မှာ လုံလောက်အောင် မရှိသေးတဲ့ ပန်းခြံ၊ ကလေးကစားကွင်း စတာတွေကို ဆောက်ဖို့ မဟုတ်ပါဘူးလို့ အများက ခန့်မှန်းနေကြပါတယ်။
အိမ်ခြံမြေဈေးကွက်ထဲက ရန်ကုန်သားတယောက်ကတော့ - ဒီနေရာ ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထပ်မြင့်တိုက် စီမံကိန်းကြီးတွေ ရောက်လာဖို့များတယ်လို့ ပြောပြပါတယ်။

မင်းဓမ္မလမ်းကို အစွဲပြုပြီး ဒီပန်းဈေးကို မင်းဓမ္မပန်းကွင်းလို့ ခေါ်ကြတာပါ။

ဈေးအကျယ်အ၀န်း - ၈.၂၅ ဧက
ဈေးသက်တမ်း - ၁၂ နှစ်
ဆိုင်ပေါင်း - ၅ဝဝ ခန့်

ဆိုင်ပိုင်ရှင်တွေ ဘာလုပ်ကြမလဲ
- သမ္မတ၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ လူ့အခွင့်အရေး ကော်မရှင်၊ မရမ်းကုန်းမြို့နယ် လွှတ်တော်အမတ် တို့ကို လိပ်မူပြီး ကန့်ကွက်စာများ ပေးပို့ထား။
- ထပ်မံပေးပို့ ကန့်ကွက်မည်။
- ဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်သွားမည်။

တခါလာလည်း ဦးသိန်းစိန်ကြီးကို တိုင်၊ နောက်တခါလာလည်း ဦးသိန်းစိန်ကြီးကို တိုင် ဆိုပြီး တမျိုး မထင်ပါနဲ့အုံး။
ဖေဖော်ဝါရီလက ရန်ကုန်က တာမွေယာယီဈေးကို နေရာပြောင်းခိုင်းတာ ဈေးသူဈေးသားများက အသနားခံစာ၊
ကန့်ကွက်စာတွေ ပေးပို့ ခဲ့တဲ့အတွက် ဈေးရွှေ့ဆိုင်းမှု အစီအစဉ်ကို ရက်အကန့်အသတ်မရှိ နားထားလိုက်ရပါတယ် တဲ့။

မင်းဓမ္မပန်းကွင်းထဲက အသံ တချို့ကိုလည်း နားထောင်ကြည့်ပါအုံး။

“ပြောင်းရမဲ့ နေရာက သာကေတရှုခင်းသာ နားတစ်ဝိုက်က မြေကွက်လပ်တွေကိုပါ။ အဲဒီမှာက ခုလို ပန်းပျိုးခင်းဆိုင် တွေချည်း စုစုစည်းစည်းရှိမှာ မဟုတ်ဘူး။ ဟိုနားတကွက် ဒီနားတကွက်နဲ့ လွတ်တဲ့နေရာမှာ ဆိုင်ဖွင့်ရမဲ့ပုံမျိုး ဖြစ်နေတယ်”
ဒေါ်ပန်းမြိုင် - ပန်းပျိုးပင်၊ နှစ်ရှည်ပင်အရောင်းဆိုင်

“ရွှေ့ခိုင်းတယ်ဆိုပေမဲ့ ဒီနေရာကို ဘာဆက်လုပ်မယ်၊ ဘယ်သူက ၀ယ်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း မကြားရဘူး။ ဒီတိုင်း သက်သက်ကြီး ရွှေ့ခိုင်းသလိုဖြစ်နေတယ်။ သီတင်းကျွတ်အပြီး ရွှေ့ရမယ်လို့ ပြောတယ်။ ကျွန်မတို့မှာ ကလေးတွေလည်း ရှိတော့ ရက်နည်းနည်းထပ်တိုးပေးပါလို့ တောင်းတာတောင် မပေးဘူး”
ပန်းပျိုးဆိုင်ပိုင်ရှင်တဦး

မတော်တဆ (မတော်တဆ) မီးလောင်မှုဖြစ်လို့ ဒီဈေးကြီး ပြာပုံဖြစ်သွားရင်တော့ အငြင်းပွားစရာ သိပ်မလိုတော့ပါဘူး။ သို့သော်လည်း ဒီဈေးက ပန်းပင်၊ ပျိုးပင်တွေ ရောင်းတဲ့နေရာဆိုတော့ မီးလောင်မှုဖြစ်မှာ စိုးရိမ်ဖို့ မလိုဘူးလို့ ဆိုနိုင်ပါတယ်။

အဲ ... ဈေးမှာ ရှိတဲ့ ဓာတုဗေဒဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေကတော့ လောင်လို့ သိပ်ကောင်းပါတယ်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved