Showing posts with label Politics. Show all posts
Showing posts with label Politics. Show all posts

ပုဒ်မ ၄၃၆ ဘာကြောင့် လူကြိုက်နည်းရသလဲ

Tuesday, February 25, 2014 1 comments

~


 
 



ဗိုလ်ချုပ်ကြီးတို့ စိမ်ပြေနပြေ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲက  ပုဒ်မ ၄၃၆ ကို ဘာကြောင့် လူကြိုက်နည်းနေရတာလဲ။ ဘာများ အရေးကြီးနေလို့လဲ။

၄၃၆ မှာ ဘာတွေများ ရေးထားလို့လဲ။

အခြေခံဥပဒေပါပုဒ်မများကို ပြင်မယ် ဆိုရင် -
၁။  ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့  ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူရမယ်
၂။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်...

အဲဒီလို   ပြဋ္ဌာန်းထားတာပါ။

လွှတ်တော်ထဲမှာ တပ်မတော်ကပို့ထားတဲ့ကိုယ်စားလှယ်က ၂၅ % ရှိပါတယ်။ သူတို့ ထဲက တချို့ ထောက်ခံမှသာ ပြင်ဆင်ရေး အစပြုနိုင်မှာပါ။ 

ပြင်ကြမှာစိုးလို့ ပြင်ရခက်ခဲအောင်လို့ ဗိုလ်ချုပ်ကြီးတို့က အပိုင် လုပ်ထားခြင်းပါ။
စိတ်ကူးကောင်းလိုက်လေခြင်း။

(အခြေခံဥပဒေအကြောင်း နိုင်ငံတကာမှာ လေ့လာကြတဲ့အခါ မြန်မာပြည်ကဟာကြီးကိုလည်း အံ့သြတကြီး ထည့်ပြီး လေ့လာကြမှာ အသေအချာပါပဲ။
အထူးသဖြင့် အဲဒီ ၄၃၆ ကို လေ့လာကြမှာပေါ့။ ဂုဏ်ယူစမ်းကွာ)




မြန်မာနိုင်ငံရေးသမားတချို့က အဲဒီ ၄၃၆ နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနကို မကြာသေးခင်က ပြောပြထားကြပါတယ်။ အဲဒီထဲက ကောက်နုတ်ချက် ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။

“ပုဒ်မ ၄၃၆ ကို ပြင်ရမယ် ဆိုတာ မှန်ပါတယ်။ ဒီပုဒ်မကို အရင် မပြင်လို့ ရှိရင် ကျန်တဲ့ဟာတွေကို ဘယ်လို ပြင်ကြမလဲ”
ဒေါ်သန်းသန်းနု
ဒီမိုကရက်တစ်ပါတီ(မြန်မာ)

“ပုဒ်မ ၄၃၆ ကိုမှ မပြင်နိုင်ရင်  တိုင်းရင်းသား တန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတို့ ဆိုတာ လုံးဝ မရနိုင်ဘူး၊
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ  ရှစ်လေးလုံး ငွေရတုရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တော့ ကျနော်တို့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းတာ ကနဦး ခြေလှမ်း ဖြစ်တယ်၊
နောက်ဆက်တွဲ အနေနဲ့ လူထု လိုက်ပါလာနိုင်ဖို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား အင်အားစုတွေ လိုက်ပါ လာနိုင်ဖို့ကို ကြိုးစားသွားမှာပါ”

 ကိုဂျင်မီ
 ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
 



.


၄၃၆ နဲ့ ၅၉ တို့ကို ပုသိမ်မှာလည်း ကန့်ကွက်ကြပြီ

0 comments

~





ခြေဥ လို့ အတိုကောက် ခေါ်ကြတဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ လူအင်အား ၅၀၀ ကျော်နဲ့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
 -
 


 


ထိုင်းဝန်ကြီးချုပ်ရင်လတ် ဘန်ကောက်နဲ့ဝေးရာသွားပြီ

Monday, February 24, 2014 0 comments

~




 


 -
ရက်ပေါင်းများစွာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ရင်လတ်  ဘန်ကောက်မြို့တော်ကနေ မိုင် ၉ဝ ဝေးတဲ့နေရာမှာ ရုံးသွားထိုင်နေပါတယ်လို့ သူ့ရုံးကနေ ဒီကနေ့ သိရပါတယ်။
ဘယ်နေရာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ဘန်ကောက်ရဲ့ အစိတ်အပိုင်း အတော်များများကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာပါ လို့
http://www.irrawaddy.org/asia/thai-pm-leaves-bangkok-bombs-gunfire-punctuate-unrest.html မှာ ရေးထားပါတယ်၊ ဝန်ကြီးချုပ် ဘန်ကောက်ကို ဘယ်တော့ ပြန်လာမယ် ဆိုတာကိုတော့ သူ့ရုံးက ပြောဆိုခြင်း မရှိပါဘူး။

သူ့ကို ဘန်ကောက်မှာ နောက်ဆုံး တွေ့ရတာကတော့ ပြီးခဲ့တဲ့အပတ်ကပါ။ လာမယ့် ကြာသပတေးဆိုရင်  ဘန်ကောက်မှာ လုပ်မယ့် အဂတိလိုက်စားမှုကိစ္စကြားနာပွဲတခုကို သူ တက်ဖို့ရှိပါတယ်။

မနက်ဖြန် ဆိုရင် အစိုးရအဖွဲ့အစည်းအဝေး လုပ်ရမယ်၊ ဘန်ကောက်အပြင်ဘက်မှာ လုပ်ဖို့ များတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ်ရင်လတ် နုတ်ထွက်ပေးရေး ဆန္ဒပြသူတွေကတော့ နောက်ဆုတ်မယ့်အနေအထား မရှိသေးပါ။

မနေ့ကတော့ ဘန်ကောက်မှာ ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာ မသိရသေးပါဘူး။
ဒီအကြောင်း ဧရာဝတီမြန်မာပိုင်းစာမျက်နှာ http://burma.irrawaddy.org/news/2014/02/24/55379.html မှာ ဘန်ကောက်မြို့လယ် ဗုံးကွဲမှု ၃ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း တက်လာပါတယ်။
ပေါက်ကွဲမှုအကြောင်း အဲဒီသတင်းမှာ ပိုပြီးပြည့်ပြည့်စုံစုံဖတ်ရပါလိမ့်မယ်။
ဝန်ကြီးချုပ်ကတော့ ကလေးငယ်တွေသေဆုံးရတဲ့ အဲဒီပေါက်ကွဲမှုအတွက် သူ့ facebook ကနေ ကန့်ကွက် ရှုတ်ချ ရေးသားလိုက်ပါတယ်။
နိုင်ငံရေးအမြတ်ထုတ်ရေးအတွက် လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ အကြမ်းဖက်လိုက်တာပဲ လို့ ရေးလိုက်ပါတယ်။

 

တနင်္ဂနွေနေ့ ဘန်ကောက်မြို့ ဗုံးပေါက်ပွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းတခု (ဓာတ်ပုံ- Reuters)

ကလေးတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါ်မထားကြဖို့ ဆန္ဒပြခေါင်းဆောင်တွေ၊ မိဘတွေကို ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။
 

~
  • ဆက်စပ်သတင်းများ~

~ဘန်ကောက်မြို့လယ် ဗုံးကွဲမှု ၃ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ
http://burma.irrawaddy.org/news/2014/02/24/55379.html
 
~
ယင့်လတ် အစိုးရ နုတ်ထွက်ရေးမှ လွဲ၍ အခြားမရှိဟု ထိုင်း အတိုက်အခံ ခေါင်းဆောင် ပြော

http://burma.irrawaddy.org/news/2014/01/13/53330.html
 
~
Thai PM Leaves Bangkok As Bombs, Gunfire Punctuate Unrest

http://www.irrawaddy.org/asia/thai-pm-leaves-bangkok-bombs-gunfire-punctuate-unrest.html



.


အခြေခံဥပဒေပြင်ဖို့ ရန်ကုန်မှာ ဆန္ဒပြ

0 comments

~


  

 ၂၀၀၈  အခြေခံဥပဒေပါ အခန်းတချို့ကို  ပြန်လည်ပြင်ဆင်ပေးဖို့ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့ ဆန္ဒပြပွဲတခုမှာ တောင်းဆိုလိုက်ကြပါတယ်။


 

ဝန်ကြီး ဦးအုန်းမြင့်ရဲ့စကား အစိုးရ တာဝန်ယူဖြေရှင်းပေးပါ

Tuesday, February 4, 2014 2 comments


အခုတလော ရေးပန်းစားနေတဲ့ ၀န်ကြီး ဦးအုန်းမြင့်ပြောစကားကိစ္စ တာဝန်ယူဖြေရှင်းရန် NLD အမတ်တဦး
ဖြစ်တဲ့ ဦးအောင်စိုးက ဒီကနေ့ လွှတ်တော်မှာ အရေးတကြီး အဆိုတင် သွင်းလိုက်ပါတယ်။ 



NLD ပါတီ ပြန်ကြားရေးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးအောင်စိုးရဲ့ တင်ပြချက် အပြည့်အစုံကို ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျား 

ကျွန်တော် အခုတင်ပြမဲ့ အရေးတကြီးအဆို ကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်   ဒေသ ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များ လည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ 

ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး  
ကျေးရွာ  ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ   ဖြေရှင်းဆောင်ရွက်ပေးရန်  
ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျား မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း  မြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး   
နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက   
ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင် အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။

 ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်  
ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ 

ဝန်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်- " ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ် အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေး ပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊ "

နိုင်ငံရေး စကားဆိုတာ တက်နေတဲ့ အစိုးရ   ပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲ ထည့်မှာဘဲ၊   နိုင်ငံ တကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင် ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့ အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲ က ပြောနိုင်တဲ့ ကောင်တွေ ပြော၊  ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်" 

ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာ   သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့ တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊  သောက်ရူးတွေပြောနေ တာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။ 

ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန်   ဒေသခံ ရွာသားများ ကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည် မဟုတ်ကြောင်း ပြောသွားခဲ့သည်။

 ဥက္ကဋ္ဌကြီးခင်ဗျား

ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင် 

၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။ 

၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့ အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ 

ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ် ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့  
ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား

 ၃-နှစ်သားပြည့်ကာစ လွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည်  
ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ်။ 

ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ  
ဖြစ်ကြပါတယ်။

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ ကြိုးစားနေကြသလို မတရားတဲ့၊ အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန် လုပ်ဆောင်နေလို့   နိုင်ငံတကာ ကချီးကျူးနေကြတာဖြစ်ပါတယ်။

 ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး  
နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ 

အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်နေ ကြတာပါ။

 ဥက္ကဋ္ဌကြီးခင်ဗျား လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းက လုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြု တက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ။

ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။ 

ဥက္ကဋ္ဌကြီးခင်ဗျား ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်။

 ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ 

 ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလို ဖစ်နေပါတယ်။

သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန် ယူဖြေရှင်း  
ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။ 

ဦးအုန်းမြင့်ဘာတွေ ဘယ်လို ပြောခဲ့တယ်ဆိုတာ ဧရာဝတီ ဘလော့ဂ်မှာ နယ်တကာလှည့် ပါးရိုက်ရဲတဲ့ ၀န်ကြီး ဦးအုန်းမြင့်ဆိုတဲ့ ပို့စ်တခုလည်း တင်ထားခဲ့သလို ၀န်ကြီး ဦးအုန်းမြင့် နုတ်ထွက်တော့မလား ဆိုတဲ့ ပို့စ်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

ဒီအပြင် ၀န်ကြီး ဦးအုန်းမြင့် ပြောသွားခဲ့တာတွေကို သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က သင်ခန်းစာ ယူတယ်ဆိုတဲ့ ပို့လည်း ဖော်ပြခဲ့ပါသေးတယ်။ 




အိမ့်သံစဉ် ~






.







ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် မဲပုံးမှားပြီး မဲထည့်ခဲ့

Monday, February 3, 2014 0 comments


ထိုင်းရွေးကောက်ပွဲ သတင်းတွေ ထိုင်းတီဗီချယ်နယ်တွေက အဆက် မပြတ်ထုတ်လွှင့်တဲ့ အထဲမှာ အဓိက သတင်းကြီးတခုကတော့ လက်ရှိ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စယင်းလတ်ရဲ့ မဲပုံးမှားပြီး မဲထည့် ခဲ့တဲ့ အဖြစ်ပါဘဲ။ 

မဲပြားနဲ့ မဲပုံး လွဲထည့်နေစဉ်၊  ဓာတ်ပုံ၊ ဘန်ကောက်ပို့စ် 

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စယင်လတ်က နိုင်ငံရေးပါတီအတွက် ပေးရမယ့် မဲပြားကို မဲဆန္ဒနယ်မြေ ဆိုင်ရာ ရွေးကောက်ပွဲ အမတ် အ တွက် ပေးတဲ့ မဲပုံးမှာ မဲထည့်လိုက်ပြီး မဲဆန္ဒနယ်မြေဆိုင်ရာအမတ် အတွက် မဲပြားကို နိုင်ငံရေးပါတီအတွက် ထည့်ရတဲ့ မဲပုံးမှာ ထည့်လိုက်ပါတယ်။ 

 မဲပြားနဲ့ မဲပုံး လွဲထည့်နေစဉ်

ဒီမိုကရက်တွေအပြောအရ  နိုင်ငံရေး လောကထဲ ရောက်လာပြီး ၄၉ ရက်အကြာမှာ ဝန်ကြီးချုပ် ဖြစ်လာ တယ်ဆိုတဲ့ မစ္စယင်လတ်ဟာ မနေ့က မနက် ၈ နာရီလောက်က သူနေထိုင်ရာ ဘန်ကောက်မြို့နယ် Bung Kum ခရိုင် အ တွင်း Khlong Lamchiak ဆိုတဲ့ ကျောင်းမှာ လုပ်ထားတဲ့ အမှတ် ၃၂ မဲရုံကို လာပြီး မဲထည့် စဉ်က အခုလို မဲပုံး မှားပြီး မဲထည့်ခဲ့တာပါ။ 

ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကတော့ မစ္စယင်လတ်ရဲ့ မဲဟာ မဲပုံးမှားထည့်ခဲ့ပေမယ့် ပယ်မဲ မဖြစ်ဘူးလို့ ပြောတာကို ဘန်ကောက်ပို့စ် သတင်းတခုမှာ ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံမှာ မနေ့က နိုင်ငံအဝန်း ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ မဲရုံ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၉ဝ လောက် က အောင်မြင်စွာနဲ့ မဲပေးနိုင်ခဲ့ကြပါတယ်။ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ၉ ခရိုင်လောက် မှာတော့ မဲပေးမှုကို ကန့်ကွက်မှုတွေကြောင့် မဲပေးမှု အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။

မဲပေးပွဲ မတိုင်ခင် ရက်တွေနဲ့ မဲပေးတဲ့ မနေ့ကတော့ သေနတ်ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အကြမ်းဖက် မှုတွေဖြစ်ခဲ့ပါတယ်။  ဒီအကြောင်း ဧရာဝတီ ဘလော့မှာ သေနတ်သံတွေနဲ့ ထိုင်းရွေးကောက်ပွဲ ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

 



အိမ့်သံစဉ် ~


 ဆက်စပ်သတင်း 

 







 

မြဝတီမြို့မှာ NDF ပါတီခရိုင်ရုံး ဖွင့်

Saturday, January 11, 2014 0 comments

~


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) က မြ၀တီခရိုင်ရုံးဖွင့်ပွဲကို ဇန်န၀ါရီ ၅ ရက်နေ့က  ကျင်းပခဲ့ပါတယ်။
 




ချင်းပြည်နယ်အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်

Wednesday, January 8, 2014 1 comments

~


ဖလမ်းမြို့နယ်ကဝန်ထမ်း၊ ကျောင်းသူကျောင်းသားအများအပြား ချင်းပြည်နယ်ရောက်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ  သွားရောက်ကြမှာကို  ပြည်နယ်အစိုးရက တားမြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။


"တပ်မတော်ကို စည်းရုံးရမယ်"

2 comments


~


အခြေခံဥပဒေပြင်ဆင်ရေး လှုံ့ဆော်တဲ့ခရီးစဉ်အဖြစ်  ချင်းပြည်နယ် တီးတိန်မြို့ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အင်္ဂါနေ့က တွေ့ဆုံပါတယ်။
 


ဗိုလ်ချုပ်ဟောင်းတဦး ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

Thursday, February 14, 2013 0 comments

  ~

 


သန့်စင်ငြိမ်းချမ်း ~

လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် ၀င်ရောက်လာသူမှာ  တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးတင်စိုး ဖြစ်သည်။

တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၃) ကို ယနေ့ ခေါ်ယူကျင်းပပြီး လွှတ်တော်ဥက္ကဋ္ဌလောင်းအမည်စာရင်းများ တင်သွင်းစေခဲ့ရာ ဦးတင်စိုး တဦးတည်ကိုသာ အဆိုပြုခဲ့သည့်အတွက် ယှဉ်ပြိုင်သူမရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြခြင်း ဖြစ်သည်။

မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရန် မဲပုံးများ ပြင်ဆင်ထားသော်လည်း အမည်စာရင်း တင်သွင်းမှု တခုသာ ရှိသဖြင့်  လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်သည့် ကိစ္စမှာ မိနစ် ၂၀ အတွင်း ပြီးမြောက်သွားခဲ့သည်။

ဥက္ကဋ္ဌ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရေကြည်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်လှမြတ်သွေးက အောက်ပါအတိုင်း ပြောသည်။

 “ရွေးကောက်တင်မြှောက်တာ သိပ်မြန်ဆန်လွန်းတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒဆိုတာ သိပ်မမြင်လိုက်ရဘူး။  ဥပမာဆိုရင် ဥက္ကဋ္ဌလောင်းအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်းပေးသွင်းချင်တယ်ဆိုရင်တောင်မှပဲ စာရင်းပေးသွင်းဖို့အချိန်ဆိုတာ  မတွေ့လိုက်ရဘူး။ ဥက္ကဋ္ဌရွေးကောက်ပွဲက စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ထားတယ်လို့ မြင်ပါတယ်”

 ဧရာဝတီတိုင်းလွှတ်တော်အတွင်း ပါတီ ၃ ခု ရှိရာ ဥက္ကဋ္ဌလောင်းအတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ်တဦးစီ ပါဝင်ယှဉ်ပြိုင်ကာ  မဲစနစ်ဖြင့် ရွေးချယ်မှုပြုသင့်ကြောင်း သူက ဆက်ပြောသည်။

 “၃ ပါတီစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်။ ဒါကို ဘယ်သူမှအကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ဘူး” ဟု ပြောသည်။

 လူမှုရေးဝန်ကြီး ဦးတင်စိုးအား လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ကြံ့ခိုင်ရေးပါတီမှ မြောင်းမြမြို့နယ် ကိုယ်စားလှယ် ဦးပြုံးချိုက အဆိုတင်ပြီး ထိုပါတီမှ လပွတ္တာကိုယ်စားလှယ် ဦးထိန်လင်းက ထောက်ခံခဲ့သည်။

 ဧရာဝတီတိုင်းလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ

ကြံ့ခိုင်ရေးပါတီ - ၄၆ ဦး
တပ်မတော်သား ကိုယ်စားလှယ် - ၁၈ ဦး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -  ၆ ဦး
NLD  -  ၁ ဦး
 စုစုပေါင်း ၇၁ ဦး 

ယခင်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ  ဦးဆန်းဆင့်သည် မကြာသေးခင်ကမှ  ဗဟိုအစိုးရအဖွဲ့၏ သာသနာရေးဝန်ကြီး ဖြစ်သွားသည်။

ဥက္ကဋ္ဌသစ် ဖြစ်လာသူနှင့် ပတ်သက်ပြီး  ဧရာဝတီတိုင်း လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ ကိုထွန်းထွန်းဦးက အောက်ပါအတိုင်း ပြောသည်။

 “ပထမလွှတ်တော်ဥက္ကဋ္ဌကြီးတုန်းက ကျနော်တို့ လွပ်လွပ်လပ်လပ် တွေ့ခွင့်ရပြီး ပြည်သူတွေရဲ့ အခက်အခဲကို တင်ပြခွင့်ရခဲ့ပါတယ်။ လွှတ်တော်ကလည်း  အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက် ညှိနှိုင်းပေးခဲ့တာတွေ ရှိပါတယ်။ အခုတက်လာတဲ့ ဥက္ကဋ္ဌကြီးလည်း ပြည်သူ့အကျိုးအတွက် ပထမဥက္ကဋ္ဌလိုပဲ ဆောင်ရွက်လိုစိတ်  ရှိမယ်လို့ထင်ပါတယ်” ဟု သူက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတင်စိုးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဖြစ်လာသည်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

  “အခုလွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတဲ့ ဦးတင်စိုးအနေနဲ့ ပြည်သူတွေအတွက် အကောင်းဆုံးတော့ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပထမပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ရည်က သူ့အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတာတော့ အမှန်ပဲ”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီကို ပြောသည်။






















--

"ကချင်ဒေသ ငြိမ်းချမ်းတော့မယ်" ~ သမ္မတဦးသိန်းစိန်

Wednesday, February 13, 2013 0 comments


~

 
ကေအိုင်အေနဲ့ ရွှေလီမြို့မှာ ဆွေးနွေးခဲ့တာ ရလဒ်ကောင်းတွေ ထွက်တယ်၊ ဒါကြောင့် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာတော့မယ်လို့ သမ္မတဦးသိန်းစိန်က အင်္ဂါနေ့၊ ပြည်ထောင်စုနေ့မှာ ပြောလိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနဲ့ တွေ့ဆုံရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ် -

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့ နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေပါကြောင်း၊
ယခုနှစ် ဖေဖော်ဝါရီ  ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီဆွေးနွေးပွဲတွင် ရလဒ်ကောင်းများရရှိခဲ့သည့်အတွက်
မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာတော့မည် ဖြစ်ပါကြောင်း၊
ကေအိုင်အေနှင့် ငြိမ်းချမ်းရေးရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည်ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံ ပါဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်း"

မနေ့ညနေပိုင်းက ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ နဲ့ ညစာ စားပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ  ကျင်းပပါတယ်။

 
အခု မြင်တွေ့ရတဲ့ ပုံများကတော့ အဲဒီအခမ်းအနား မြင်ကွင်းများပါ။

အခမ်းအနားကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ နေပြည်တော်လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စတဲ့ ခေါင်းဆောင်များ တက်ရောက်ကြတယ်၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဥက္ကဋ္ဌများ၊ ငြိမ်းအဖွဲ့များရဲ့ ကိုယ်စားလှယ်များလည်း တက်ရောက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာများမှာ ဖတ်ရပါတယ်။

 
အခမ်းအနားတက်ရောက်ဖို့ ကေအိုင်အေကို ဖိတ်ကြားခဲ့ခြင်း ရှိမရှိ၊ တက်ရောက်ခြင်း ရှိမရှိ သတင်းထဲမှာ ဖော်ပြမထားပါဘူး။

မြန်မာ့အလင်း/ကြေးမုံသတင်းစာထဲက သတင်းတိုတပုဒ်အရ ဆိုရင်တော့ ကေအိုင်အေနဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေ ကောင်းမွန်ဟန် ရှိပါတယ်။

တနင်္လာနေ့တုန်းက ဖားကန့်မြို့က တပ်မတော်စစ်ကြောင်းတခုကို ဂျာရားယန်ရွာထဲမှာရှိတဲ့ ကေအိုင်အေစစ်သား ၁၀ ဦးခန့်က ထွက်ပြီး မိတ်ဆက်တယ်၊ တပ်မတော်စစ်ကြောင်းကလည်း "ခင်မင်ရင်းနှီးစွာ" နှုတ်ဆက်ခဲ့တယ်၊
ပြီးတော့ "ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိကြောင်း"  ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရတယ်လို့ အဲဒီသတင်းမှာ ရေးထားပါတယ်။








 


























-

ပြည်တွင်းစစ်အကြောင်း တိုင်းဝန်ကြီး ဘာပြောသလဲ

Tuesday, February 12, 2013 0 comments


 ~





~


သန့်စင်ငြိမ်းချမ်း ~



ပြည်တွင်းစစ်ကြောင့် အထိနာတာ ပြည်သူတွေပါပဲ လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

ပန်းတနော်မြို့မှာ  အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုကို  ကြိုဆိုထောက်ခံပွဲ အခမ်းအနား ကျင်းပစဉ်မှာ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဦးဝင်းကိုကိုက အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။



တိုင်းအစိုးရကိုယ်စား ၀န်ကြီး ဦးဝင်းကိုကိုကအမှာစကား ပြောကြားရာမှာ တိုင်းပြည်မှာ လက်နက်ကိုင်စွဲပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြတာ နောက်ဆုံးမှာ ပြည်သူတွေပဲ နစ်နာကြောင်း၊
ဒါ့ကြောင့် ငြိမ်းချမ်းရေးရဖို့ အရေးကြီးကြောင်း၊
အစိုးရနဲ့ KNU ကြား ထာဝရငြိမ်းချမ်းရေး ရရှိစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။



ကရင်တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဒီအခမ်းအနားကို ဧရာဝတီတိုင်းအတွင်းက ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ၀ါးခယ်မစတဲ့ဒေသက ကရင်တိုင်းရင်းသား တက်ရောက်ခဲ့ကြပြီး အရေအတွက်အားဖြင့် ၇,၀၀၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။



ဒါ့အပြင် တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော်၊  ပဒိုမန်းငြိမ်းမောင်ဦးဆောင်တဲ့
KNU ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊
 ဒေသအခြေစိုက် နိုင်ငံရေးပါတီတွေဖြစ်တဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ကရင်ပြည်သူ့ပါတီ၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊
အမျိုးသားဒီမိုကရေစီ အင်အားစု စတဲ့ ပါတီတွေပါ တက်ရောက်ခဲ့ကြပါတယ်။



ဧရာဝတီတိုင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌမန်းထွန်းတင်က
“ဧရာဝတီတိုင်းက ကရင်ပြည်သူတွေ ငြိမ်းချမ်းရေးကို ဘယ်လောက် လိုလားတယ် ဆိုတာ ပြသတဲ့ပွဲပါ။ ထာဝရငြိမ်းချမ်းရေးရဖို့  ဆိုရင် တဖက်နဲ့တဖက် ရိုးသားမှုရှိမှ ရိုးသားမှသာ အောင်မြင်မှာပါ။ လက်ရှိနိုင်ငံတော်အစိုးရနဲ့ KNU ကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေအပေါ် အားရပါတယ်။ ဆက်လက် အောင်မြင်ဖို့လည်း ဆန္ဒပြုပါတယ်”
လို့ ပြောပါတယ်။

 “စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေး - ဒို့အရေး”၊ “ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှုများ အောင်မြင်ပါစေ” စသဖြင့် ကြွေးကြော်ပြီး ကြိုဆိုထောက်ခံပွဲကို နေ့လည်ပိုင်းမှာ ရုပ်သိမ်းခဲ့ကြပါတယ်။



ခုလိုငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲကို ရန်ကုန်တိုင်းဒေသကြီးမှာလည်း ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။

 


























-

SNLD ရဲ့ မာရသွန် ဆွေးနွေးပွဲ

Monday, February 11, 2013 0 comments



~



ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
~

 
 ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကြီးတခုကို သောကြာနေ့က တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ဒေသတွင်းမှ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ တက်ရောက်လာသည်ကို တွေ့ရှိရသည်။

SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး
SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး၏ ပြောဆိုဆွေးနွေးမှု ကောက်နုတ်ချက်
- ခိုင်မြဲသည့် စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာလျှင် နောင်လာနောင်သားတွေ ခံစားစံစားရမည်ဖြစ်ကြောင်း
-  ကောင်းမွန်သည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ရောက်လာသူများ ၀ိုင်းဝန်းအကြံပေးကြရန် မေတ္တာရပ်ခံပါကြောင်း

 
SNLD အထွေထွေအတွင်းရေးမှုး စိုင်းညွန့်လွင်၏ ပြောဆိုဆွေးနွေးမှု ကောက်နုတ်ချက်
-          SNLD က  တောင်ကြီးကို လာရောက်ပြီး ဆွေးနွေးပွဲပြုလုပ်ခြင်းသည် ရှမ်းပြည်သား စိတ်ဓာတ်ဖြင့် လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း၊
- ၂၀၀၀ ပြည့်နှစ်တွင် ကုလသမဂ္ဂက မြန်မာပြည်တွင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်ရေးအတွက် တိုက်တွန်းခဲ့ကြောင်း၊
- သို့သော်လည်း တိုင်းရင်းသား လူမျိုးစုများ၊  ဒီမိုကရေစီ အင်အားစုများ၊ အစိုးရတို့ ပါဝင်သည့် ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း မရှိကြောင်း၊

 
-            ၂၀၁၁ တွင် အစိုးရပိုင်းကလည်း အာဏာလွဲပေးဖို့ ကတိ ပေးလာကြောင်း၊
- ၂၁ ရာစုပင်လုံ ညီလာခံ ပေါ်ပေါ်က်လာဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုးပမ်းခဲ့ကြောင်း၊
- အစိုးရဘက်ကလည်း အားလုံးပါဝင်သည့် ညီလာခံကြီး တစ်ရပ် ကို လွှတ်တော်ပြင်ပ ကနေ ကျင်းပဖို့ ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း၊
- မကြာခင် ကာလမှာ လွတ်တော်ပြင်ပ လူမှု့အဖွဲ့အစည်းတွေ၊ ပါဝင်သည့် ညီလာခံကြီး တစ်ရပ်ပေါ်လာဖို့ ထင်ရှားလာကြောင်း၊

 
- ရှမ်းပြည်အား အဓိကထားပြီး ဆွေးနွေးနေခြင်းမှာ   ရှမ်းပြည်အတွက် မိမိတို့ စိတ်ပူလို့ဖြစ်ကြောင်း၊
- ဘာကြောင့် စိတ်ပူသနည်း မေးရင် ရှမ်းပြည်နယ်တွင် လူမျိုးပေါင်းစုံ၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းပေါင်းစုံ ရှိနေသည့်အတွက် ဖြစ်ကြောင်း၊
- ပထမဦးဆုံး ရှမ်းလူမျိုးအဖွဲ့အစည်းစုံ ပါဝင်သည့် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ရန်ကုန်တွင် သုံးရက် ကျင်းပခဲ့ကြောင်း၊
- ယခုတောင်ကြီးမှာ ပြုလုပ်နေပြီး  လားရှိုးတွင် အလားတူဆွေးနွေးပွဲ ကျင်းပရန်ရည်ရွယ်ထားကြောင်း၊
- တက်ရောက်လာသူများ ရှမ်းပြည်အတွက် အကြံ နှင့်  နည်းလမ်းကောင်းတွေပေးစေချင်ကြောင်း၊

 
- ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းဖို့ အတွက် မည်သို့မည်ပုံ ပူးပေါင်း အဖြေရှာ ဆောင်ရွက်နိုင်မည်ကို သိရှိရန်အတွက် ယခု ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း၊
- SNLD က ကမကထပြုလုပ်သည့်ပွဲ ဆိုသော်လည်း ခေါင်းဆောင်ခြင်း မဟုတ်ကြောင်း၊  
- ပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ရှမ်းပြည်သား စိတ်ဓာတ်ထားပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊

 
- ယခုမိမိတို့ပြုလုပ်နေသည့် ဆွေးနွေးပွဲများအားလည်း အစိုးရက နှောက်ယှက်ခြင်း မရှိသည့်အပြင် အကူညီပေးနေကြောင်း၊
- အားလုံးတစုတစည်းတည်းဖြစ်ဖို့ ကြိုးစားနေသည့် အချိန်ဖြစ်သည့်အတွက် ပဋိပက္ခ ဖြစ်စေမည့် ပြောဆိုပြုမူခြင်းတို့ကို  ရှောင်ရှားစေလိုကြောင်း၊

တက်ရောက်လာသူများက   ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး   ညနေပိုင်းတွင် ဆွေးနွေးပွဲ အစီအစဉ်များ အဆုံးသတ်ခဲ့သည်။



 

 

 

 

 

 























-

ရှမ်းနိုင်ငံရေးသမားများ ဘာတွေ ဆွေးနွေးနေသလဲ

Thursday, January 10, 2013 0 comments


~



အစိုးရ နဲ့ KIA တို့ကြား အပြင်းအထန်တိုက်ခိုက်နေမှု အပါအ၀င် နိုင်ငံရေးရာတွေကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမားတွေက ရှမ်းပြည်နယ်မြို့တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

 
 ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ အပစ်အခတ် ရပ်စဲရေးတို့ ဆိုတာ စာရွက်ပေါ်မှာ လက်မှတ်ထိုးရုံနဲ့ မလုံလောက်ဘူး၊   အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှဖြစ်မယ် လို့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြပါတယ်။

(တခြား အဖွဲ့များနဲ့ မတူတဲ့ အချက်က KIA ဟာ မြန်မာ့တပ်မတော် နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းပါ။ စာချုပ် ချုပ်ခဲ့ပေမယ့် ခုတော့ အကြီးအကျယ် ပြန်တိုက်နေကြပါပြီ)

နိုင်ငံရေး ဆွေးနွေးပွဲတက်ရောက်သူတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နဲ့  အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့  ရှမ်းပြည် မျိုးဆက်အင်အားစုက ခေါင်းဆောင်ပိုင်းတွေ ဖြစ်ပါတယ်။

SNLD ဘက်က အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်၊ ဒု ဥက္ကဌ ဦးစိုင်းရွှေကျူး၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှအောင် တို့ တက်ရောက်ပါတယ်။

ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့က ကိုစိုင်းမျိုးဝင်းထွန်း၊ ကိုညီညီမိုး၊ ဦးထွန်းညို၊ ကိုကျော်စွာ၊ ကိုမိုး အစရှိသူတို့ ပါဝင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေထဲက တချို့ဟာ တချိန်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့အတူ ထိန်းသိမ်းခံရဖူးသူတွေ ဖြစ်ပါတယ်။

တောင်ကြီးမြို့၊  စ၀်စံထွန်းလမ်း SNLD ရုံးမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ  ငြိမ်းချမ်းရေး နှင့်ယုံကြည်မှုတည်ဆောက်ရေး ၊ အနာဂတ် တိုင်းပြည်အရေး၊ ပြည်ထောင်စုအရေး၊ ဒေသတွင်း ကိစ္စရပ်များ တို့ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 
SNLD ပါတီက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်နဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့  ညီလာခံ တရပ် ကျင်းပနိုင်ဖို့၊
တိုင်းရင်းသား လူမျိုးစု ပါတီအဖွဲ့ အစည်းများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ရှမ်းပြည် ဒေသ အသီးသီးရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့
ဆောင်ရွက်နေကြောင်း သိရပါတယ်။

 ဂျွန်ချစ်ငြိမ်း(တောင်ကြီး) -

အိုဘားမား-မစ်ရော်နီပြိုင်ပွဲနဲ့ နိုင်ငံတကာ သက်ရောက်မှု

Tuesday, November 6, 2012 0 comments

~





အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးနဲ့ နိုင်ငံတကာအပေါ် ဘယ်လိုသက်ရောက်မလဲ
နိုင်ငံတကာသာဂိ ~

ဒီနေ့ အမေရိကန်တပြည်လုံး အမေရိကန်သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မယ်။ လက်ရှိသမ္မတ အိုဘားမားနဲ့ ပြိုင်ဖက် မစ်ရော်နီတို့ အကြိတ်အနယ် ဖြစ်နေပါတယ်။ လက်ရှိ လူထုစစ်တမ်းတွေအရ သူတို့ ၂ ဦးစလုံး အပြတ်အသတ် မဖြစ်သေးပါဘူး တဲ့။
            အမေရိကန်ပြည်သူတွေက သူတို့အတွက် နောက်လေးနှစ်မှာ ဘယ်သူက အကောင်းဆုံး အုပ်ချုပ်မယ့်သူ ဖြစ်မလဲ ဆိုတာကို   ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းလူမှုရေးဘ၀တွေအတွက် အကောင်းဆုံး လုပ်ပေးမယ့်သူ၊ လုပ်ပေးမယ့် ခေါင်းဆောင်ကိုပဲ ရွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းက နိုင်ငံသားတွေအများစုကတော့ အဲသည် စံနှုန်းကိုပဲ စိတ်ဝင်စားပါတယ်။ အခြားနိုင်ငံတွေနဲ့ အခြားနိုင်ငံသားတွေရဲ့ အခြေအနေတွေကို စိတ်ဝင်စားပြီး ထည့်စဉ်းစားတာ မရှိပါဘူး။
            နိုင်ငံတကာက ပြည်သူတွေနဲ့ အစိုးရတွေ အားလုံးကတော့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲကို သူတို့ရွေးကောက်ပွဲလိုမျိုး စိတ်ဝင်စားကြ၊ အားပေးကြပါတယ်။ ဆွေးနွေးကြ၊ စဉ်းစားကြပါတယ်။ အခု သည်ဆောင်းပါးရေးနေသလိုမျိုးပေါ့။
            တောင်အမေရိကနဲ့ အမေရိကအလယ်ပိုင်း နိုင်ငံတွေကတော့ အိုဘားမားနိုင်ခဲ့ရင် လက်ရှိ ကုန်သွယ်မှု၊ နားလည်မှုစာချွန်၊ လူဝင်မှုစနစ်တွေအတိုင်း ဆက်သွားမှာဖြစ်တဲ့အတွက် ထူးခြားမှု မရှိသော်လည်း မစ်ရော်နီနိုင်ခဲ့ရင်ဖြင့် အမေရိကန်ပြည်တွင်းက လုပ်ငန်းတွေ၊ အလုပ်ရှင်တွေကို ကာကွယ်တဲ့ ကုန်သွယ်မှုတွေ ပြန်လည် အသက်သွင်းမှာဖြစ်တဲ့အတွက် အငြင်းပွားစရာတွေ ပြန်ဖြစ်ကြမှာ ဖြစ်ပါတယ်။
            ဥရောပနိုင်ငံတွေအတွက်ကတော့ သူတို့ ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်နိုင်ဖို့အတွက် အမေရိကန်ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က အိုဘားမားအစိုးရ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ အစိုးရကိုယ်တိုင် ၀င်ရောက် စွက်ဖက်မှု၊ ချေးငွေ အတိုးနှုန်းများကို ၀င်ရောက် သတ်မှတ်မှု စတဲ့ ပုံစံတွေကို ဆောင်ရွက်နေရာကနေ ချက်ခြင်းကြီး ပြောင်းလဲပစ်ဖို့တော့ မလွယ်ပါဘူး။ သို့သော်လည်း မစ်ရော်နီအစိုးရကနေပြီးတော့ ဥရောပရဲ့ စီးပွားရေးပြန်လည်ထူထောင်မှုမှာ အစိုးရစွက်ဖက်မှုထက် လုပ်ငန်းရှင်တွေကနေ တိုက်ရိုက်ကိုင်တွယ်ပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။
            အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေအတွက်ကတော့ အိုဘားမားလက်ထက် အမေရိကန်ရဲ့ တိုက်ရိုက်စွက်ဖက်မှုတွေထက် ဒေသခံတွေနဲ့ အိမ်နီးချင်းတွေကတဆင့် ပြုပြင်ပြောင်းလဲမှုတွေကို အားပေး မြှောက်ပင့်ပေးတဲ့ ပေါ်လစီနဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတာတွေဟာ အိုဘားမားနောက် ၄ နှစ်မှာ ပိုအရှိန်ရလာနိုင်ပါတယ်။ ဒေသဆိုင်ရာ နိုင်ငံပေါင်းစုံအဖွဲ့တွေဖြစ်တဲ့ ဥရောပသမဂ္ဂတို့၊ အာဖရိကသမဂ္ဂတို့၊ အာရပ်သမဂ္ဂတွေရဲ့ အခမ်းကဏ္ဍကို အားပေးတာတွေ ပိုမိုးကျယ်ပြန့်လာနိုင်ပါတယ်။ သို့သော် မစ်ရော်နီသာ အနိုင်ရခဲ့ရင်ဖြင့် တမျိုးတဖုံ ဖြစ်သွားနိုင်ပါတယ်။ တိုက်ရိုက်ဖိအားပေးတာတွေ၊ နောက်ကွယ်ကနေ စွက်ဖက်တာတွေ၊ ဆွေးနွေးပွဲတိုင်းမှာ အမေရိကန်က နေရာတကာ ပါတာတွေ ပြန်မြင်ရနိုင်ပါတယ်။ အီရန်တို့ ပါလစ်တိုင်းနဲ့ အစ္စရေး တို့မှာ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။
            အာရှနဲ့ တရုတ်မှာတော့ ကုန်သွယ်ရေးနဲ့ စစ်စခန်းပြင်ဆင်ရေး လုပ်ငန်းများနဲ့ အမေရိကန်က နေရာယူထားတာ ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ စီးပွားပြိုင်ဆိုင်မှုတွေအားလုံးမှာ အမေရိကန်ဟာ နှစ်ဖက်စလုံးအတွက် ဖောက်သည်ကြီးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ သူအဓိက ၀င်ရောက် စွက်ဖက်မှုဟာ မြန်မာပြည်ပဲ ရှိပါတော့တယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အာရှနိုင်ငံတွေကိုယ်တိုင်က ရှေ့ကနေ ရင်ဆိုင်ကြဖို့ကို အားပေးနေတဲ့ ပုံပါပဲ။ မစ်ရော်နီများ နိုင်ခဲ့ရင် အဲသည်ပေါ်လစီတွေကို သိပ်ပြီး ၀င်ရောက်စွက်ဖက်မှု ပြောင်းလဲမှု သိပ်လုပ်မယ့်ပုံမရှိပါဘူး။ ဘာကြောင့်ဆိုတော့ သူကိုယ်တိုင်က ဘယ်လိုမှ ရေးကြီးခွင်ကျယ် မပြောခဲ့လို့ပါပဲ။
            တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကက အာဏာရှင်များနဲ့ ဆက်ဆံရေးကတော့ အိုဘားမားရဲ့ ရှေ့ ၄ နှစ်မှာ ပိုမို ထိတွေ့ဆက်ဆံ၊ ပိုမို ဖိအားပေးဆိုတဲ့ ပုံစံနဲ့ သွားမှာပါပဲ။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေကို ပိုမို အုပ်စုဖွဲ့စေပြီးတော့ အဆိုပါနိုင်ငံတွေကို ရင်ဆိုင်ခိုင်းမယ့် ပုံကို ဖော်ဆောင်မှာ ဖြစ်ပါတယ်။ မစ်ရော်နီတို့ အစိုးရသာ ပြောင်းလဲသွားမယ်ဆိုရင် ရီပတ်ဘလစ်ကန်ပါတီရဲ့ မူလပေါ်လစီဖြစ်တဲ့ သူရဲကောင်း အာကျယ်ကြီးအဖြစ် ပြန်လည် မြင်တွေ့ကြရမယ် ဖြစ်ပါတယ်။
            ဒါကတော့ လက်ရှိ အမေရိကန်ပြည်တွင်းက သတင်းတွေ၊ အာဘော်တွေကို လိုက်လံ ဖတ်ရှုရင်း စိတ်ထဲပေါ်တာတွေ ချရေးလိုက်တာပါ။ အမေရိကန်ပြည်သားတွေကတော့ ၄ နှစ်တခါ ၈ နှစ်တခါ သမ္မတအသစ်၊ ပေါ်လစီ စနစ်အသစ်တွေ ပြောင်းလဲ အကောင်အထည်ဖော်နေကြဆိုတော့ သူတို့အတွက်က ငါးပျံတလှည့်၊ ဗုံလုံတလှည့်ဆိုတာကို အတွေ့အကြုံ ရှိပြီး ဖြစ်ပါတယ်။ နိုင်လွန်းလှ (၄ နှစ် ၈ နှစ်)၊ ရှုံးလွန်းလှ (၄ နှစ်၊ ၈ နှစ်) ဆိုတော့ တာတိုပြေးတဲ့ဆီမှာ အပင်ပန်းခံသင့်သလောက် ခံကြသလို ရေရှည်အတွက်လည်း သက်လုံကောင်းအောင် အမောလုံကြတဲ့ ရွေးကောက်ပွဲနဲ့ သွားကြတဲ့ ပုံပါပဲ။
            တခါ နိုင်တာနဲ့ တသက်လုံး နိုင်ပြီဆိုပြီး မမော်ကြွားသလို၊ တခါလောက် ရှုံးတာနဲ့ တသက်လုံး မခေါ်နိုင် မပြောနိုင် စိတ်ဆိုး စိတ်ကောက်ကြတဲ့ လူမျိုးတွေ မဟုတ်ပါဘူး။
            ကဲ … ဘယ်သူနိုင်မလဲ။ အိုဘားမား လား၊ အိုဘားမား လား။


မိုးမခ http://moemaka.com/ မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။







- -


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved