ထိုင်းမှာ ဖျော်ဖြေမယ့် IC ပွဲ ပျက်ပြီ

Thursday, September 30, 2010


အောက်တိုဘာ ၆ ရက်နေ့ကျရင် ထိုင်းနိုင်ငံ တောင်ပိုင်းတနေရာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Iron Cross Band (IC) ရှိုးပွဲ အစီအစဉ် ပျက်သွားပြီလို့သိရပါတယ်။

IC ဝိုင်းတော်သားတဦးရဲ့ အဆိုအရ ပွဲစီစဉ်သူက ထိုင်းနိုင်ငံရေး မတည်ငြိမ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်လိုက်တယ်လို့ သိရပါတယ်။ တချို့ကတော့ IC အဖွဲ့ကို ငှားရမ်းခ ဈေးကြီးတာကြောင့် မတတ်နိုင်လို့ ပွဲဖျက်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

အရင်နှစ်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက် မဟာချိုင်ဒေသမှာ သွားရောက် ဖျော်ဖြေစဉ်က ရှိုးပွဲလာတဲ့ မြန်မာ အလုပ်သမားတွေကို သူတို့မျက်စိရှေ့တင် ထိုင်းရဲက ဖမ်းတာ ဆီးတာ မြင်ခဲ့ရလို့ IC အဖွဲ့သားတွေဟာ ထိုင်းမှာ ဖျော်ဖြေဖို့ နည်းနည်း ထိတ်လန့်သွားခဲ့ဖူးပါတယ်။

မကြာသေးမီကမှ မျိုးကြီးရဲ့ ကိုယ်ပိုင်သံစဉ် အခွေလည်း ထွက်ထားတာကြောင့် IC ပွဲကို ကြည့်မယ်လို့ အားခဲထားတဲ့ မြန်မာပရိသတ်တွေ နည်းနည်း စိတ်ညစ်သွားတယ်လို့ သိရပါတယ်။

IC အဖွဲ့ ငှားရမ်းခက ပြည်တွင်း၊ ပြည်ပ ဘယ်ကပဲ ငှားငှား တဦးချင်းစီအတွက် ဒေါ်လာ ၂၀၀၀ စီ ဖြစ်ပြီး ပြည်ပမှာဆိုရင် တီးဝိုင်းအဖွဲ့စိတ်ကြိုက် တူရိယာပစ္စည်းတွေနဲ့ လိုအပ်တဲ့ ရှိုးပစ္စည်းတွေ စီစဉ်ပေးရမယ်လို့ သိရပါတယ်။

IC အဖွဲ့ဟာ ဒီဇင်ဘာလယ်မှာတော့ စင်ကာပူနိုင်ငံကို သွားရောက်ဖျော်ဖြေမှာ ဖြစ်ပြီး မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေကိုတော့ လာမယ့်နှစ် တရုတ်နှစ်သစ်ကူးအချိန်ဖြစ်တဲ့ ဖေဖော်ဝါရီ လထဲမှာ သွားဖျော်ဖြေဖို့ ရှိကြောင်း ၎င်း ဝိုင်းတော်သားကပဲ ပြောပါတယ်။

1 comments :

  1. ထိုင်းမှာ IC ပွဲပျက်တာကို ဖေါ်ပြထားတဲ့ ဓါတ်ပုံက မလေးရှား Kotaraya ကဓါတ်ပုံကြီး.. :P

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved