မှုတ်-ဖြုတ်-တပ်

Tuesday, October 19, 2010

နမူနာ လုပ်ပြထားတာပါ :D

ရန်ကုန်တိုင်းအတွင်းက ပြိုင်မယ့် ကြံ့ဖွံ့ပါတီ ၀န်ကြီးတွေရဲ့ ပုံတွေကို လမ်းဘေးတွေမှာ ဆိုင်းဘုတ် ထောင်ထားတယ်။ အဲဒီပုံတွေကို ညဘက်မှာ မှုတ်ဆေးတွေနဲ့ လိုက်မှုတ်ထားတယ်။ လက်သည်မပေါ်သော ဖျက်ဆီးခြင်းပေါ့။

ညဘက်တွေမှာ လိုက်ဖျက်ဆီးကြတာ။ မှုတ်ဆေးနဲ့ ကြက်ခြေတွေ ခတ်တယ်တဲ့။ အဲဒါ မနက်ဆို စည်ပင်သာယာက လိုက်ဖြုတ်ပြီး အသစ်ပြန်လဲတယ်။ သူတို့မှာ အများကြီးရှိတယ်လို့ ပြောတယ်။

အဲဒီလို လုပ်တာတွေက မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊ ရန်ကင်း ပါတယ်လို့ကြားတယ်။ စမ်းချောင်းမှာလည်း ဖြစ်တယ်တဲ့။ ကြံ့ဖွံ့ပါတီက ဝင်မယ့်သူတွေ ပုံတွေကိုပဲ လုပ်ကြတာ။ တခြားပုံတွေ ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။ ဘုတ်ထောင်တာလည်း သူတို့ပဲ ရှိတာကိုး။

နမူနာ


မှုတ်ဆေးမိနေတဲ့ ဘေဘုတ် ပိုင်ရှင်တွေကတော့ တောင်ဥက္ကလာပ မြို့နယ်က အောင်သိန်းလင်း၊ စမ်းချောင်းမြို့နယ်က ဒေါက်တာပိုင်စိုး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက အောင်ကြည်၊ အလုံမြို့နယ်ထဲက အုန်းမြင့်တို့ ဖြစ်ပါတယ်။ တခြား ၀န်ကြီးတွေလည်း ပါကောင်း ပါပါလိမ့်မယ်။

အောင်သိန်းလင်းကတော့ သူက ဒါတွေကို ကြိုတွက်ပြီး ဘေဘုတ်တွေ အများကြီးလုပ်ထားတဲ့အတွက် မမှုဘူးလို့ သတင်းထောက်တွေကိုတောင် ခေါ်ပြောလိုက်ပါသေးတယ်။

မှုတ်ဆေးလိုက်မှုတ်နေတဲ့ ပြည်သူတွေကလည်း သူတို့မှာ ဆေးဘူးတွေ အလုံအလောက်ရှိတာဖြစ်တဲ့အတွက် သူတို့ကလည်း ထောင်သမျှ မှုတ်မှာပဲလို့ ပြောနေကြပါတယ်။

တခုထပ်ကြားရတာကတော့ တောင်ဥက္ကလာပမှာ ညဘက်ဆို အဲဒီဘေလ်ဘုတ်တွေကို လုံခြုံရေးတွေနဲ့ မနေ့ညကစပြီး အစောင့်ချတယ်လို့ ကြားရပါတယ်။ (ကြံ့ဖွံ့ပါတီဝင် ဘဝကတော့ ဆိုင်းဘုတ်တောင် မလုံခြုံတဲ့ ဘဝပါလားနော်)

11 comments :

  1. Myo Myint said... :

    ကျွန်တော်ထင်တာပြောမယ်နော်.....photoshop သုံးထားတာသေချာတယ်.....သေသေချာချာကြည့်ရင်တွေ့မှာပါ......

  1. Myo Myint said... :

    တစ်ကယ်ဖြစ်ရင်တော့...အတိုင်းထက်အလွန်ပေါ့......

  1. Anonymous said... :

    Inn kyi par byar ..

    People are not stupid. I don't like kyant phout.

    Ma hote tar tway ma tin par nae lar . slowly i dislike Irrawady

  1. Anonymous said... :

    Inn kyi bar byar .. .

    e di lo ma lote par nae.. Irrawady ..

    New ma shi yin ma tin nae pop byar ..

    I am not Kyount phout man and i dont like K.P as well.

    Now i slowly dislike Irrawaddy and Niknayman Too

  1. Khet Htan said... :

    ဟုတ်ပါတယ်။

    ဒီဓာတ်ပုံတွေက သတင်းမှာ သုံးထားပြီးသားပါ။ ဖိုတိုရှော့နဲ့ လုပ်ပြီး တင်တာမို့ နမူနာလို့ အောက်မှာ မှတ်ချက် ရေးထာပါတယ်။

    ရှုပ်ထွေးသွားရင် ဆောရီးပါ။

  1. Khet Htan said... :

    ဟသဆန်အောင် သရုပ်ဖော်ပုံ လုပ်ပြီး ထည့်တဲ့ သဘောပါပဲ။ နောက်ရက်မှာ ဓာတ်ပုံရရင် ဆက်ပြီး တင်ပေးပါမယ်။

  1. Anonymous said... :

    သတင်းကိုလဲ သေချာဖတ်ကြပါအုံး
    နမူနာလို့ ရေးထားတယ်လေ
    တို့မြန်မာတွေ အပြစ်တင် စောတုန်းပါပဲလား....

  1. Anonymous said... :

    ကြံ့ဖွံ့တွေအများကြီးထဲမှာမှ ပြောင်ကြီး အောင်သိန်းလင်း ကို အသေအလဲ တိုက်ခိုက်နေကြတာ ဘာကြောင့်လဲ? :)

  1. Unknown said... :

    အော်..... ထောင်တဲ့သူက ထောင်တယ်
    ( ဆိုင်းဘုတ်ပြောပါတယ်)
    မှုတ်တဲ့သူက မှုတ်တယ်
    ( ဆေးဗူးနဲ့မှုတ်တာ ပြောပါတယ်)
    အင်း ထောင်လိုက် မှုတ်လိုက်နဲ့ ကြာရင် မလွယ်ဘူးးး

  1. Myo Myint said... :

    ဟာသမဆန်ပါနဲ့ဗျာ......ကျွန်တော်တို့ကဒီဆိုက်ကို ယုံယုံကြည်ကြည်နဲ့ဝင်ဖက်နေတာပါ.......

  1. Anonymous said... :

    Admin,
    Its like the fainted disclaimers in foreign websites. If you don't see the disclaimers, then you are done.

    We'd like to read plain news without photos rather than admin making up so-called "example" photos and posting , tweaking, tricking the readers. Besides, its against ethics, isn't it?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved