ရန်ကုန်တိုင်းအတွင်းက ပြိုင်မယ့် ကြံ့ဖွံ့ပါတီ ၀န်ကြီးတွေရဲ့ ပုံတွေကို လမ်းဘေးတွေမှာ ဆိုင်းဘုတ် ထောင်ထားတယ်။ အဲဒီပုံတွေကို ညဘက်မှာ မှုတ်ဆေးတွေနဲ့ လိုက်မှုတ်ထားတယ်။ လက်သည်မပေါ်သော ဖျက်ဆီးခြင်းပေါ့။
ညဘက်တွေမှာ လိုက်ဖျက်ဆီးကြတာ။ မှုတ်ဆေးနဲ့ ကြက်ခြေတွေ ခတ်တယ်တဲ့။ အဲဒါ မနက်ဆို စည်ပင်သာယာက လိုက်ဖြုတ်ပြီး အသစ်ပြန်လဲတယ်။ သူတို့မှာ အများကြီးရှိတယ်လို့ ပြောတယ်။
အဲဒီလို လုပ်တာတွေက မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊ ရန်ကင်း ပါတယ်လို့ကြားတယ်။ စမ်းချောင်းမှာလည်း ဖြစ်တယ်တဲ့။ ကြံ့ဖွံ့ပါတီက ဝင်မယ့်သူတွေ ပုံတွေကိုပဲ လုပ်ကြတာ။ တခြားပုံတွေ ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။ ဘုတ်ထောင်တာလည်း သူတို့ပဲ ရှိတာကိုး။
မှုတ်ဆေးမိနေတဲ့ ဘေဘုတ် ပိုင်ရှင်တွေကတော့ တောင်ဥက္ကလာပ မြို့နယ်က အောင်သိန်းလင်း၊ စမ်းချောင်းမြို့နယ်က ဒေါက်တာပိုင်စိုး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက အောင်ကြည်၊ အလုံမြို့နယ်ထဲက အုန်းမြင့်တို့ ဖြစ်ပါတယ်။ တခြား ၀န်ကြီးတွေလည်း ပါကောင်း ပါပါလိမ့်မယ်။
အောင်သိန်းလင်းကတော့ သူက ဒါတွေကို ကြိုတွက်ပြီး ဘေဘုတ်တွေ အများကြီးလုပ်ထားတဲ့အတွက် မမှုဘူးလို့ သတင်းထောက်တွေကိုတောင် ခေါ်ပြောလိုက်ပါသေးတယ်။
မှုတ်ဆေးလိုက်မှုတ်နေတဲ့ ပြည်သူတွေကလည်း သူတို့မှာ ဆေးဘူးတွေ အလုံအလောက်ရှိတာဖြစ်တဲ့အတွက် သူတို့ကလည်း ထောင်သမျှ မှုတ်မှာပဲလို့ ပြောနေကြပါတယ်။
တခုထပ်ကြားရတာကတော့ တောင်ဥက္ကလာပမှာ ညဘက်ဆို အဲဒီဘေလ်ဘုတ်တွေကို လုံခြုံရေးတွေနဲ့ မနေ့ညကစပြီး အစောင့်ချတယ်လို့ ကြားရပါတယ်။ (ကြံ့ဖွံ့ပါတီဝင် ဘဝကတော့ ဆိုင်းဘုတ်တောင် မလုံခြုံတဲ့ ဘဝပါလားနော်)
ကျွန်တော်ထင်တာပြောမယ်နော်.....photoshop သုံးထားတာသေချာတယ်.....သေသေချာချာကြည့်ရင်တွေ့မှာပါ......