သရုပ်ဆောင် နန်းဆုရတီစိုးဟာ အောက်တိုဘာ ၈ ရက်နေ့ မြ၀တီရုပ်မြင်သံကြားက အစီအစဉ်ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ပြန်မရောက်ခဲ့တာကြောင့် သူ့မိသားစုရော၊ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေကြားမှာ တော်တော် ဂယက်ရိုက်ပြီး ဘလော့ဂ်တွေမှာပါ တော်တော်ပျံ့နေပါတယ်။
နန်းဆုရဲ့ မိခင်ကတော့ ရင်းနှီးတဲ့ထဲက စစ်ဗိုလ်ချုပ်ရဲ့ သားသမီးတွေများ ပြန်ပေးဆွဲတာလား ထင်ပြီး မြန်မာနိုင်ငံ ရဲချုပ်အထိ သွားတိုင်တန်းထားခဲ့ပါတယ်။
နောက်ဆုံး ဒီမနက်စုံစမ်း သိရတဲ့ သတင်းအရ ယမန့်နေ့ညက ကမာရွတ် ရဲစခန်းမှာ သူ့ချစ်သူနှင့် လက်မှတ် ထိုးလိုက်ပြီလို့ သိရပါတယ်။
“ အမေနဲ့ စိတ်ဆိုးလို့ အဒေါ်အိမ်သွားနေတာ” လို့ ပြည်တွင်းက သတင်းထောက်တွေကို နန်းဆုက အခုလို ဖြေပါတယ်။
နရီလင်းလက်
နန်းဆု ပျောက်တာလဲ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မလွတ်ပါလား