ဂီရိဆိုက်ကလုံး တစ်နာရီလျင် ပြင်းအား ၁၄၇ မိုင်နှုန်း ဖြင့်တိုက်ခိုက်နေ...

Saturday, October 23, 2010




ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်းအား ၁၄၇ တိုက်ခက်နေသည်။

နောက်ဆုံးတိုင်းထွာချက်များအရ ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်းအား ၁၄၇ မိုင်နှုန်း၊ တစ်စက္ကန်.လျင် ၆၉ မိုင်နှုန်းဖြင်. ရခိုင်ပြည်တွင်းဝင်ရောက် တိုက်ခက်နေပါပြီ။ ၂၀၀၈ က တစ်နာရီမိုင် ၁၃၅ မိုင်နဲ.တိုက်တဲ.နာဂစ်ထက်ပြင်းထန်ကြောင်းသိရသည်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း တို့ ကို ဆက်လက်ဝင်ရောက်နိုင်သည်ဟု သိရသည်။


ကမ္ဘာ. သဘာဝဘေးအန္တရာယ်သတိပေးဌာန (The Global Disaster Alert and Coordination System ) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဂီရီ မုန်တိုင်းသည် အဆင်.၅ (Category 5 ) သို.ရောက်ရှိပြီး အပျက်အစီးအသေအဆုံးအများ အပြားရှိနိင်သည်ဟုသိရသည်။

မိုးလေဝသက ညွန်ချုပ်ဟောင်း ဦးထွန်လွင်ရဲ.သောကြာနေ.ည ၁၀ ၏ခန်.မှန်းချက်အရတော. “တစ်နာရီကို မိုင်(၁၀၀)နှုန်းလောက်နဲ့ တိုက်ခတ်သွားခဲ့ပါတယ်။ လေပြင်းတေါတိုင်လို့ အဆောက်အဦတွေပြို၊ သစ်ပင်တွေလဲ၊ ဓါတ်တိုင်တွေကျိုး ဆိုတာမျိုးတွေ ဖြစ်ခဲ့ကြရပါတယ်။ ကံကောင်းတာက မုန်တိုင်းဒီရေတွေမတက်ခဲ့တာပါဘဲ။ ညနေ(၆)နာရီခွဲလောက် ဆိုရင် ကုန်းထဲေ၇ာက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီး နောက်ထပ်တစ်ရက် လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။ ဒါပေမယ့် ဒီကနေ့ ညပိုင်း(၃)နာရီလောက်အတွင်း မုန်တိုင်းဟာ သိသိသာသာအားလျော့ကျ လာတာကိုတွေ့ရလို့ မနက်ဖန်အတွက် အခြေအနေတွေကောင်းလာဖို့ရှိနေကြောင်း။”

ကျေးဇူးပြုပြီးဦးထွန်းလွင်ရဲ. သောကြာနေ့ည နောက်ဆုံး သတိပေးချက်တော့ ဒီလင်.ကို နှိပ်ပြီးကြည်.ပါ။
http://tunlwin.com/latestdetail.php?myanmar=43


ဘကောင်း

8 comments :

  1. Anonymous said... :

    ၁၅၄ မိုင်နှုန်းမဖြစ်နိုင်ပါခင်ဗျား။ ၁၅၄ ကီလိုမီတာ ဖြစ်ပါမယ်။ အပြင်းဆုံး ၁၆၅ km/h(105 miles/h) ဖြစ်ပါတယ်။ နာဂစ်နဲ့အဆင့်တူပါပဲ။
    Ref:
    http://en.wikipedia.org/wiki/Cyclone_Giri

  1. Anonymous said... :

    ဗမာပြည်သူပြည်သားတွေ ဘေးအန္တရာယ် အနည်းဆုံးဖြစ်ကြပါစေ..
    အသေအပျောက်တွေ မရှိပါစေနဲ့
    ဗပြည်ပြည်ကြီး ဘယ်တော့များမှာ ငြိမ်းချမ်းနိုင်ပါတော့မလဲ
    ရန်သူမျိုးငါးပါး တပြိုင်တည်းကျတဲ့ တိုင်းပြည်ဖြစ်နေပါပေါ့လား
    ပြည်သူတွေ ဓါးစားခံဖြစ်နေပါပေါ့လားးးးးးး

  1. ဖတေဖတေ said... :

    မင်းမကောင်းရင်ပြည်ပျက်တယ်.

  1. Anonymous said... :

    တစက္ကန့် ၆၉ မိုင်နှုန်းဆိုတာတော့မဖြစ်နိုင်ဘူးထင်တယ် ဧရာဝတီရေ။ ကြည့်လုပ်ပါအုံး
    အသံထက်အဆ ၂၅၀ လောက်မြန်တဲ့ မုန်တိုင်းဆိုတာရှိလို့လား၊

  1. Anonymous said... :

    "နောက်ဆုံးတိုင်းထွာချက်များအရ ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်းအား ၁၄၇ မိုင်နှုန်း၊ တစ်စက္ကန်.လျင် ၆၉ မိုင်နှုန်းဖြင်. ရခိုင်ပြည်တွင်းဝင်ရောက် တိုက်ခက်နေပါပြီ။ ၂၀၀၈ က တစ်နာရီမိုင် ၁၃၅ မိုင်နဲ.တိုက်တဲ.နာဂစ်ထက်ပြင်းထန်ကြောင်းသိရသည်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း တို့ ကို ဆက်လက်ဝင်ရောက်နိုင်သည်ဟု သိရသည်။"

    ကိန်းဂဏန်းတွေသတိတားပြီးရေးပါ လူတွေဖတ်အောင်အလွန်ချဲ့မရေးပါနဲ့
    အမှန်နှင့်နှီးဆက်အောင်ရေးပါ
    ကျေးဇူး။

  1. Anonymous said... :

    ကြည့်ပြီးလုပ်ပါအုံး ဧရာဝတီ ဘလောက်ရေ.. တစက္ကန့်လျှင် ၉၆ မိုင်နှုံး ဆိုရင် တစ်နာရီကို 5760 မိုင်းနှုံး ဖြစ်နေပြီ ဆရာတို့ရေ..၊ လူတွေကို မသေသေအောင် တိုက်ခိုင်းနေတာလားဒါမှမဟုတ် ကမ္ဘာပေါ်မှာ မြန်မာဆိုတာ ပျောက်သွားအောင် တိုက်ခိုင်းနေတာလား ၊ နဲနဲတော့ ဆင်ခြင်သင့်ပါတယ်

  1. aakht said... :

့မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို "လေနက်သား" ကကြည်စားတာပါ..

  1. Anonymous said... :

    နောက်ဆုံးတိုင်းထွာချက်များအရ ဂီရိဆိုက်ကလုံးမုန်တိုင်းကြီး သည် တစ်နာရီလျင် ပြင်းအား ၁၄၇ မိုင်နှုန်း၊ တစ်စက္ကန်.လျင် ၆၉ မိုင်နှုန်းဖြင်. ရခိုင်ပြည်တွင်းဝင်ရောက် တိုက်ခက်နေပါပြီ။ ၂၀၀၈ က တစ်နာရီမိုင် ၁၃၅ မိုင်နဲ.တိုက်တဲ.နာဂစ်ထက်ပြင်းထန်ကြောင်းသိရသည်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း တို့ ကို ဆက်လက်ဝင်ရောက်နိုင်သည်ဟု သိရသည်။"

    ကိန်းဂဏန်းတွေသတိတားပြီးရေးပါ လူတွေဖတ်အောင်အလွန်ချဲ့မရေးပါနဲ့
    အမှန်နှင့်နှီးဆက်အောင်ရေးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved