ဒီန့ ညနေ ၃ နာရီမှာ နအဖ စစ်အစိုးရဟာ အလံသစ်ပြောင်းလဲ လွှင့်တင်တဲ့ အခန်းအနား ကျင်းပပါမယ်။ သူ့အလံသစ်မှာ အစိမ်းအဝါအနီ သုံးရောင်ခြယ်ပေါ်မှာ ကြယ်ဖြူကြီးတလုံး တွေ့ရပါတယ်။ ဒီအလံဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အလံပါ။ အလံဟောင်းကို အင်္ဂါသားသမီး တွေက ဖြုတ်ချရမယ်။ ဗေဒင်သဘောအရဆို ဒီနေ့ဟာ ရက်ရာဇာလည်း ကျသပေါ့။ တချို့ကတော့ အင်္ဂါသားသမီးတွေကို အလံဖြုတ်ချခိုင်းတာဟာ အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ချင်တဲ့သဘော ဖြစ်နိုင်တယ်တဲ့။ လောလောဆယ်တော့ ဧရာဝတီ ဘလော့ဂ် ပရိသတ်အနေနဲ့ ဒီလောက်ပဲ အမြည်းသဘော ဖတ်ထားကြပါ။ သတင်းအပြည့်အစုံကို ဧရာဝတီ သတင်းစာမျက်နှာမှာ တွေ့ရပါမယ်။
အ၀ါရောင်က ရဟန်းသံဃာ၊ အစိမ်းရောင်က ကျောင်းသူ/သား၊ အနီရောင်က ရဲရင့်ပြတ်သား ပြည်သူများ........ကြယ်နဲ့ အုပ်မယ်လား???