အမေရိကန် ဖျော်ဖြေပွဲတွေမှာ ဆန္ဒပြခံရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သဘောထား

Saturday, October 16, 2010


Ovation တေးဂီတအဖွဲ့နဲ့ အတူ အမေရိကန်ကို ဖျော်ဖြေရေးခရီး ထွက်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်း မြန်မာပြည်ကို အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်ရောက်လာပါပြီ။

ဖျော်ဖြေရေးခရီးစဉ်အတွင်း သူမကို မလိုလားသောအဖွဲ့အစည်းများက ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက ဒီလို ပြောပါတယ်။

ကျမကို ဆန္ဒပြတာ ဟုတ်ပါတယ်။ အဓိကကတော့ နိုင်ငံတော်ကားတွေမှာ ပါဝင်တဲ့အတွက် ဆန္ဒပြကြတာပါ။

ဝိုင်းစုအနေနဲ့ကတော့ အနုပညာရှင်ဖြစ်တာလည်း ပါတယ်။ ပြီးတော့ နိုင်ငံတော်က ခိုင်းတဲ့ဟာတွေမှာ လုပ်ပေးရတာရှိတယ်။ ၀ိုင်းစုပါဝင်ခဲ့တဲ့ အာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကားကိုလည်း ရုပ်ရှင်အစည်းအရုံးက ကူညီပါဆိုလို့ ၀ိုင်းစု ကူညီလိုက်တာပါ။

မြန်မာပြည်က အနုပညာရှင် တော်တော်များများ နိုင်ငံတော်နဲ့ မကင်းပါဘူး။ ခိုင်းရင် လုပ်ပေးရတာချည်းပါပဲ။ အခု ၀ိုင်းစု သွားခဲ့တဲ့ ပွဲစဉ်တောက်လျှောက် ဆန္ဒပြတာတွေတော့ ရှိတယ်။ ၀ိုင်းစုကို စင်ပေါ်မတက်ရဘူးလို့ ပြောကြတာတွေက တကယ်တော့ မဟုတ်ပါဘူး။ ပွဲတိုင်း ဖျော်ဖြေရပါတယ်။ ဆန္ဒပြသူတွေကလည်း ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ပါဘူး။ သူတို့အလုပ် သူတို့လုပ်တာပါ။

ပြီးတော့ သူတို့လည်း ၀ိုင်းစုတို့ပွဲကို လာကြည့်တာပါပဲ။ ၀ိုင်းစုကတော့ ဒီခရီးစဉ်မှာ ကိုယ့်အနုပညာနဲ့ပဲ အမြတ်ထုတ်ခဲ့ပါတယ်။ကျန်တဲ့ကိစ္စတွေတော့ မပြောလိုတော့ပါဘူး

ရွေမိုးညို
(သူပြောတဲ့ နိုင်ငံတော်ကတော့ ကိုယ့်ဖာသာ အဓိပ္ပာယ် ဖွင့်ကြပါကုန်)

20 comments :

  1. Cinderella said... :

    အမ‌လေး...ဝိုင်းစုရယ်..အ‌ပြောအဆို‌လေးကယဉ်‌ကျေးသ‌လောက်
    ဝတ်စားဆင်ယင်ပုံက‌ရောက်‌လေရာမှာ‌ပြောစရာကြိုဖစ်လို့ပါလား...။
    ဒီထက်‌ဖေါ်ဖို့များအစီအစဉ်ရှိ‌သေးလား...။

  1. Anonymous said... :

    နာမည်မှားနေပါတယ် ၀ိုင်းစုခိုင်သိန်းမဟုတ်ပါဘူး ၀ိုင်းစုထိုင်သိမ်းပါ

    America မှကောင်လေးတချို.၇ဲ.ှပစ္စည်းတွေအားလူံး ကို ထိုင်သိမ်းသွားလို.ပါခင်ဗျ!

  1. Anonymous said... :

    ဆန္ဒပြတဲ့သူတွေကတော့ သူတို့အလုပ် သူတို့လုပ်တာဆိုတော့.. ဒါဆို သူတို့အလုပ်က ဘယ်သူဘာလုပ်လုပ် ဆန္ဒပြမယ်.. ဒေါက်တာလွဏ်းဆွေ ဆိုဒ်နဲ့ ဆိုဒ်အစုံမှာ ခေါင်းစဉ်တခု ရအောင်လုပ်နေတာလား... ဘာခံယူချက်မှ မရှိတော့ဘူးပေါ့.. ဒါဆိုသူတို့လည်း ၀မ်းတထွာအတွက် ဆိုင်းဘုတ်မှာ စာရေးပြီးလျှောက်အော်နေကျတာပေါ့.. ပြည်ပထွက်ပြီး အမှန်တရားအတွက် အလုပ်လုပ်နေတာမဟုတ်တော့ဘူးပေါ့.. အဲလိုလား....

  1. Anonymous said... :

    She still does not realize herself.How bad and ignorant is she? She speaks more and we can know more of her.

  1. Anonymous said... :

    သာကုးအနုပညာရှင်များသာဇြစ်ပါသည်၊
    ခံယူချကိလုံးဝမရှိပါ

  1. Anonymous said... :

    အာရုံဦးမှာမြူးတဲ့ဖါ တွင်ပါတဲ့လူမှန်သမျှကိုဗီဇာပိတ်ဖို့လုပ်နေကြပါပြီ။

  1. Anonymous said... :

    အနုပညာရှင်ဖြစ်လို့  နိုင်ငံတော်က ခိုင်းလို့  ပြည်သူကို သမိုင်းမှားတွေ ပေးခဲ့ကျေးဇူး ဆပ်လိုက်တာပါလို့  ပြောချင်တာလား။ အမှားအမှန်ခွဲခြားတက်တဲ့ အသိဥာဏ် မရှိဘူးလား။ အနုပညာရှင်တိုင်းတော့ ခိုင်းသမျှလုပ်၊ ပေးသမျှယူ၊ ကျွေးတာအကုန်စားတဲ့ အတန်းအစားထဲမှာမပါဘူး ဝိုင်းဆုရေ။ နိုင်ငံတော်က ခိုင်လို့  ဘုန်းကြီးခေါင်းသွားခေါက်ပါဆိုရင်ရော ခေါက်မှာလား။ ရုပ်ရှင်အစည်းအရုံးက အကူအညီတောင်းလို့  ဆိုတော့ လူသတ်မှု လုပ်ပေးပါ နိုင်ငံတော်လိမ်လည်မှုကြီး လုပ်ပေးပါဆိုတော့လည်း ကျွန်မ ဝိုင်းဆု ကူညီပေးလိုက်ရပါတယ် ဆိုချင်တာ ပြောချင်တာလား။ ပရိတ်သတ်ကို လေးစားပါ။ ဗမာပြည်သူတွေကို တန်ဖိုးထားတဲ့ အနုပညာရှင် မဖြစ်ချင်ရင် ဆက်လျောက်ကြည့်လိုက်နော်။။

  1. မျိုးဆက် said... :

    နိုင်ငံခြားသို့သွားရောက်ဖျော်ဖြေသော မြန်မာအနုပညာသည် အမျိုးသမီး တော်များများ ၏၀တ်စားဆင်ရင်မှု မှာအနောက်တိုင်းမျက်စိ ဖြင့်ကြည့်လျှင် ပင်အမြင်မတော်ဖြစ်ရပါသည်၊ တိုနန့်နန့် ၀တ်တိုင်း အနောက်တိုင်းဆန်သည် ယူဆသော် မှားပါသည်. တုလိုက တူအောင်တုစေချင်ပါသည်။ ယခုဝတ်စင်မှုမှာ နောက်တိုင်းဆန်ဘဲ ညဉ့်ငှက်မလေးနှင့်သာတူကြောင်း ခင်မင်အားနာစွာ ဝေဖန်ပါရစေ။

  1. Anonymous said... :

    ""ယခုဝတ်စင်မှုမှာ နောက်တိုင်းဆန်ဘဲ ညဉ့်ငှက်မလေးနှင့်သာတူကြောင်း ခင်မင်အားနာစွာ ဝေဖန်ပါရစေ။ ""
    Yes,that is right.
    i agree..

  1. Anonymous said... :

    she is so selfish. For rich, she can sell her country to the cruel government and her character is so bad.

  1. Anonymous said... :

    နိုင်ငံတော်က ခိုင်းလို့ ဟိုဟာ............လုပ်ဆိုရင်ကော လုပ်မှာလား..ခေါင်းက သုံးဖို့ပါတာမဟုတ်ဘူးထင်တယ်..ဆံပင်ညှပ်ဖို့ အတွက် သီးသန့်လား..

  1. Anonymous said... :

    so sexy, she is so cute.

  1. YeYint said... :

    မြန်မာပြည်က အဆိုတော် ရုပ်ရှင် အနုပညာရှင်တော်တော်များများ အ၇ပ်ပုပု ပေါင်ပေါင်တန်ပုပု လေးတွေ အတော်ဖေါ်ပြနေကြတယ် မဆလခေတ်က ပိတ်ထားလို့ အတိုးချဖေါ်နေကြသလားအောက်မေံရတယ် အနောက်ယဉ်ကျေးမှုကို အထင်ကြီးတဲ့သဘောလား အနောက်မှာ အဲလောက်ဖေါ်ကြတဲ့သူတွေကတော့ ခန်ဒါကိုရောင်းတဲ့သူတွေပဲ ဖေါ်ကြတယ် ဈေးဈေးပေါပေါနဲ မရောင်းကြနဲ ကိုယ့်ကိုယ်ကိုလဲ တန်ဖိုးထားကြအုန်း

  1. Anonymous said... :

    Wine Suu made the most cleverest word choice. CONGRATULATION and Hope U to be more successful in future endeavor.
    AUNG MOE ZAW

  1. Anonymous said... :

    ခိုင်း တိုင်းလုပ်တာ နွားတွေဗျ။ ခိုင်းတိုင်းမလုပ်တဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။ အနီးစပ် ဆုံး IC က ကိုလေးဖြူ ပေါ့ဗျာ။ ပြည်သူကျွေးတဲ့ ထမင်းစားနေတာပဲဗျာ၊ ဘာပဲလုပ်လုပ် ပြည်သူတွေ အတွက်လည်းထည့်စဉ်းစားပေးစေချင်တယ်။ U2 က ကမ္ဘာကျော် အဆိုတော် ဘိုနို လို နိုင်ငံခြားသား တစ်ယောက်ကတောင် မြန်မာပြည်သူတွေ အတွက် အမြဲ ထည့်စဉ်းစား နေတာ၊ နိုင်ငံ ထဲကအနုပညာရှင် အနေနဲ့ ပိုပြီး ခေါင်းထဲထည့်သင့်တယ် ထင်ပါတယ်။

  1. Anonymous said... :

    အမှန်တော့ ကြောက်လို့ ... နောက်တခုက ဘာများရမလဲလို့လုပ်တာ ဒါကိုပဲ နီးရာဓါးကြောက်ရတယ်တို့ သူ့အရိပ်အောက်မှာနေတော့လဲ သူခိုင်းတာလုပ်ရမယ်တို့နဲ့ စကားလုံးလှအောင် တန်ဆာဆင် လျှောက်ပြောနေတာ .... ဒါဆို သူတို့က ချီးကြွေးရင်ရော စားကြမလား .... ကဲ .... ဒါကိုအရင်ဖြေ .... တယောက်ကို သိန်းတထောင်ပေးမယ် ချီးစားကြမလား .... သူတို့မပေးရင်နေပါစေ ကျုပ်ပေးမယ် ..တသက်လုံး ကျွံခံပေးမယ်၊ ကျုပ်တင်မဟုတ်ဘူး တဆွေလုံး၊ တမျိုးလုံး ကျွံခံမယ် ....

  1. Anonymous said... :

    အားပါး.. ကိုယ်တင်မက တဆွေတမျိုးလုံး ကျွန်ဇတ်သွင်းတဲ့ အထိကို စိတ်ဓါတ်ပြင်းထန်ပါလား.. သိန်းတစ်ထောင်နဲ့ ကျွန်တစ်ကျိပ်.. ဒီထက်တောင် များရင်များဦးမယ်.. တန်တယ်ထင်ပါရဲ့ ၀ိုင်းစုရေ..

  1. Anonymous said... :

    still silly and dont know herself. How stupid she is.

  1. Anonymous said... :

    ကဲ ... ကျွန်တော်တို့တွေအားလုံးအားလုံးပေါ့ဗျာ ... ဒီအနုပညာရှင်တွေအားလုံးအတွက်အချိန်ကျသွားပါပြီ ... ဒီတော့ ပြည်တွင်းမှာရောပြည်ပမှာပါ သူတို့နဲ့ထိုက်သင့်တဲ့အရာဖြစ်တဲ့ သူတို့ကြော်ငြာတဲ့အရာမှန်သမျှ ၀ယ်ယူသုံးစွဲခြင်းမပြုရန် ထို့အတူ ရုပ်ရှင်ဇာတ်လမ်းများအားလည်း အခကြေးငွေဖြင့် ငှားရမ်းကြည့်ရှုခြင်းမပြုရန် သူတို့နှင့်ပါတ်သက်သော အရာမှန်သမျှအားလုံးမှန်သမျှ အဝေးသို့စွန့်လွှတ်ရန်(အမှိုက်ပုံ) အစရှိသည်ဖြင့်မြန်မာပြည်သူ/သားအားလုံး စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်ဖြင့် တက်ညီလက်ညီဖြင့်ဆန္ဒပြကြပါရန် ကျွန်တော်တိုက်တွန်းလိုပါသည် ခင်ဗျား ...

  1. ဒီလိုပဲ ပြီးစလွယ် ပြီးပြီးရော ပြောတတ်တဲ့ အတန်းအစားတွေပဲ ဒီလိုလုပ်တတ်ပြောတတ်ကြတာ။ ဘာမှ လူသားအကျိုးပြုဖို့ ခံယူချက်နဲ့ ဒီလောကထဲ ၀င်လာကြတာမှမဟုတ်ဘဲ။ ဘာမှအဆင့်အတန်းမရှိတဲ့ မိန်းမပေါ့ မိန်းမပျက်တစ်ယောက် အယားလာဖြေပြီး ပိုက်ဆံလာရှာတာကို ပေးလိုက်တဲ့သူတွေ အစီအစဉ်ဖြစ်မြောက်ရေး Organizer တွေက ပိုမိုက်ကြတာပေါ့။ ကိုယ်လိုသာဆို ခု ၁၉၈၈ နောက်တက်လာတဲ့ မင်းသား မင်းသမီး အဆိုတော် အားလုံးနီးပါးကို လုံးဝ အားမပေးတာ၊ တကယ်စိတ်ဓာတ်ရှိတဲ့ လူတွေအားလုံး ဒီလိုသာ တက်ညီလက်ညီ ၀ိုင်းကြဉ်ကြရင် သူတို့တွေအတွက် Night Club ပဲ ဈေးကွက် ရှိမယ်၊ ဒါတောင် မိနစ်ကြေးလောက်စောင့်စားကြရမှာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved