![](http://2.bp.blogspot.com/__4fTION1PIA/TMa2MmiPYkI/AAAAAAAABf0/88VxPsncmdk/s200/Khay+Mei+Ko+1.jpg)
Myanmar National League Champion ရတနာပုံအသင်းရဲ့ ဂုဏ်ပြု ညစာစားပွဲမှာ Dancer ခေမီကို ရဲ့ ပီပြင်တဲ့ သရုပ်ဖော်အကနဲ့ ၀တ်စုံ ဒီဇိုင်းကို အခုလို တွေ့ရမှာဖြစ်ပါတယ်။
နာမည်ကျော်အဆိုတော် လေဒီဂါးဂါးရဲ့ အကျီပုံစံအတိုင်း ဒီဇိုင်နာ ကိုမြတ်သူ (Aroma) က ချုပ်ပေးထားတာလို့ သိရပါတယ်။
မတ်တပ်ရပ်နေချိန်မှာ မသိသာပေမယ့် ခုန်ပေါက်ရတဲ့ အချိန်မှာတော့ နဂိုကတည်းက တိုနေတဲ့ ၀တ်စုံကြောင့် ခုလို ပေါ်သွားတဲ့ အချိန်မှာ ဓာတ်ပုံဆရာက အမိအရ ရိုက်လိုက်ပုံပေါ်ပါတယ်။
![](http://2.bp.blogspot.com/__4fTION1PIA/TMa2NKi9LTI/AAAAAAAABgE/XLTGNg_nEj0/s200/khay+me+ko+3.jpg)
ဒီလို အကအဖွဲ့တွေအနေနဲ့ သရုပ်ဖော်ကတဲ့နေရာမှာ အကနဲ့ အ၀တ်အစား လိုက်ဖက်ညီအောင် ကတဲ့အခါ ကိုယ့်အပေါ် ဝေဖန်မှုတွေ ရှိလာတဲ့အပေါ် မှာ ခေမီကိုက ခုလို့ တုန့်ပြန်ပြောဆိုပါတယ်။
“
ကိုယ်က အကြီးအကျယ်ဖော်ပြီး ကနေတာ မဟုတ်ပါဘူး။ အပြင်မှာ ပြောနေကြတာကို ခေမီကိုက သူတို့ အနေနဲ့ ဒါကို မသိလို့ မလေ့လာထားလို့ ပြောတာလို့ပဲ မြင်တယ်။ ကြည့်တဲ့ သူတွေအနေနဲ့ မသိနားမလည်တာပေါ့။ ဒါကို သိတဲ့လူဆိုရင် လိုနေသေးတယ်လို့တောင် ပြောဦးမှာပါ” လို့ ခေမီကိုက ပြောပါတယ်။
![](http://3.bp.blogspot.com/__4fTION1PIA/TMa2MwknWrI/AAAAAAAABf8/BRh7DqlCWiM/s200/khay+me+ko+2.jpg)
ဒီလို ဂုဏ်ပြု ညစာစားပွဲတွေလုပ်ပြီး နာမည်ကြီး အဆိုတော်တွေ၊ အကဖွဲ့တွေနဲ့ ဖျော်ဖြေပွဲတွေ လုပ်ခဲ့တဲ့ ရတနာပုံ FC အသင်း ဟာ အောက်တိုဘာ ၂၃ (သီတင်းကျွတ် လပြည့် နေ့) ရန်ကုန်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားပွဲမှာတော့ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။
(ဓာတ်ပုံ - myanmarcelebrity.com)
နရီလင်းလက်
Posted in:
အနုပညာ ရပ်ဝန်း
ပေါရဲ ပြောရဲလိုက်တာဗျာ။ လှုပ်တာ နဲ့ ကတာ မတူဘူး ဆိုတာ တောင် သိရဲ့လားဗျ။