ရွေးဂေါက်ပွဲကို အဆက်မပြတ် ကြော်ငြာ၊ မုန်တိုင်းဒေသ သတင်း ထုံးစံအတိုင်း

Monday, October 25, 2010

ဒါက ဒီနေ့ သတင်းစာမှာ ပါတဲ့ ပုံ။
ဗိုလ် အဲ - ဦးတင်အောင်မြင့်ဦးက ကင်မရာကို စိုက်ကြည့်နေတယ်။ ကျန်တဲ့ ဆရာတွေကတော့ ဓာတ်ပုံရိုက်မှာကို သိလို့ အမူအယာ အမျိုးမျိုး ဟန်ရေးပြနေကြတယ်း)
ဝတ်ကောင်းစားလှနဲ့ စတိုင် ကျနေကြတယ်း)
နေရာကတော့ ရန်ကုန်မြို့  အေးရှားဝေါလ် ဆိပ်ကမ်း။ တခြား ဆိပ်ကမ်းတွေလည်း သွားပါ့။ အဲဒီဓာတ်ပုံပါတဲ့ သတင်းရှည်ကြီးက လိုအပ်သည်များကို ညွှန်ကြားသွား ဆိုတာနဲ့ နိဂုံးချုပ်ပါတယ်။

ဂီရိ ၀င် သောင်းကျန်းသွားလို့ ဒေသ အသီးသီးမှာ ဘယ်လို ပျက်စီး ထိခိုက်မှု ရှိတယ် ဆိုတာ ဒီနေ့အထိ မထည့်သေးဘူး။ လူတွေ စိတ်ထိခိုက်မှာ စိုးလို့ ပေးမသိတော့ဘူး ထင်ပါရဲ့။

သတင်းစာ တစောင်လုံး ရွေးဂေါက်ပွဲ ကြော်ငြာထိုးတာတွေနဲ့ ပြည့်နေတယ်။
ကာတွန်းလည်း ဂေါက် ...
ကဗျာမှာလည်း ဂေါက် ...
သတင်းတွေလည်း ဂေါက် ...
ဖတ်ရင်းနဲ့ ဂေါက်သွားမှာ စိုးရိမ်ရတယ်။

2 comments :

  1. Anonymous said... :

    လိုအပ်သည်များကို မှာစားသွားတာပါ၊ မှာကြားသွားတာ မဟုတ်ပါဘူး၊ မှာကြားရအောင် ဒီကောင်က ဘာသိတာမှတ်လို့ဗျာ ... ခရုသင်းစွဲနေတဲ့ ဆင်ကို ဘုရားလိုကိုးကွယ်နေတဲ့ သူကိုများ ...

  1. Anonymous said... :

    တိုင်ပြည်အုပ်ချုပ်သူက စိတ်မနှံ့၊ ဘေးက လူက ပေါက်ကရ တွေ ရွှီး၊ ကျန်တဲ့လူက ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့်၊ စက္ကူနှမျော စရာကောင်းပါတယ်။ နာရေးကြော်ငြာ အင်တာနက်မှာ တင်လို့ရယင်၊ ဘယ်သူမှ သတင်းစာ ဝယ်ဖတ်မည်မဟုတ်၊ ကြာယင် မျက်စိပါပျက် သွားနိုင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved