ပရဟိတ သတင်းသမားတွေ

Tuesday, October 5, 2010


"ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့ ပရဟိတ အလုပ်တွေ လုပ်သလို စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့ ပရဟိတ အလုပ်တွေလည်း လုပ်ဖို့ လိုအပ်ပါတယ်။ အခုခေတ် တရားပွဲအများစုကို လူငယ်တွေ ဦးဆောင်ဦးရွက်ပြုပြီး ကျင်းပနေတာဟာ စိတ်ဓာတ်ဖွံ့ဖြိုး အသိဉာဏ်တိုးစေမယ့် ပရဟိတ အလုပ် လုပ်နေတာပါပဲ။ စာကြည့်တိုက် ထူထောင်တာတို့၊ တရားစာအုပ်၊ တရားတိတ်ခွေတွေ အခမဲ့ငှားရမ်းတာတို့လည်း နည်းတူပဲပေါ့။ တစ်ဖက်သားကို အတွေးအခေါ်၊ အယူအဆ မှန်ကန်စေမယ့်၊ စိတ်ဓာတ်နဲ့ အသိဉာဏ် ရင့်ကျက်မြင့်မြတ်စေမယ့် စာပေတွေ ရေးသားတာ၊ ဟောပြောချက်တွေ ပို့ချတာ၊ စကားတွေပြောဆိုတာဟာလည်း စိတ်ပိုင်းဆိုင်ရာ ပရဟိတအလုပ် လုပ်တာပါပဲ။ ရုပ်အားဖြည့်ပရဟိတရော၊ စိတ်အားဖြည့်ပရဟိတရော၊ လုပ်စရာ ပရဟိတအလုပ်တွေ အများကြီးရှိပါတယ်။ ကိုယ်လက် လှမ်းမီသလောက်၊ ကိုယ်တတ်စွမ်းနိုင်သလောက် မေတ္တာအပြည့်နဲ့ လုပ်သွားဖို့ပါပဲ။"

ဒီတန်ဖိုးရှိတဲ့ စာသားတွေကတော့ အရှင်ဆန္ဒာဓိကရဲ့ “အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်” စာအုပ်ထဲကပေါ့။ ဆက်ပြီးတွေးမိတာကတော့ ကျနော်တို့ရဲ့ နေစဉ်လုပ်နေတဲ့ Journalism အလုပ်ပါပဲ။ တချို့က ဝါသနာကြောင့် တချို့ကတော့ ဝမ်းရေးကြောင့် တချို့ကတော့ ဒီ Profession ကို မြတ်နိုးလို့ အမှန်တရားကို ဖော်ထုတ်ဖို့ ဒါမှမဟုတ် political agenda ရှိလို့ propaganda လုပ်ဖို့ အမျိုးမျိုး အထွေထွေ ရှိကြပါတယ်။ အရင်းခံကတော့ စေတနာပါဖို့ လိုပါတယ်။ (သတင်းထောက် တစ်ယောက်ဖြစ်ဖို့ လုံ့လ ဉာဏ်ပညာ ဝိရိယနဲ့ ကြိုးစားအားထုတ်မှုတွေလည်း လိုပါသေးတယ် ဒါ့အပြင် သူရသတ္တိရှိဖို့လဲလိုပါတယ်)

သတင်းထောက်တွေဟာ ပရဟိတ အလုပ်တွေကို လုပ်နေကြတဲ့ ပရဟိတ သတင်းသမားတွေပါပဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved