![](http://2.bp.blogspot.com/_4QbBTg3rXZ0/TK6tH1UOMCI/AAAAAAAAAEE/cOpxrLmf8Is/s400/Poll1a.jpg)
ဧရာဝတီဘလော့ဂ်ကနေပြီးတော့ မဲပေးရမယ့် နေရာမှာ အင်အားကြီးပါတီများအဖြစ် ရပ်တည်နေတဲ့ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ၂ ခုပဲ ရှိနေရင် ပြည်သူတွေ ဘယ်လို မဲပေးကြမလဲဆိုပြီး ဆန္ဒသဘောထား ကောက်ယူခဲ့ပါတယ်။ မဲပေးသူ စုစုပေါင်း ၇၁၆ ဦး ရှိပါတယ်။
![](http://4.bp.blogspot.com/_4QbBTg3rXZ0/TK6uQFcbZAI/AAAAAAAAAEc/nTsN-Dm4r0M/s400/Poll1b.jpg)
အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီကို မဲပေးပါမယ်ဆိုတဲ့သူက ၃၅ ဦး (၄ ရာခိုင်နှုန်း)၊ တစညပါတီကို မဲပေးမယ်ဆိုတဲ့သူက ၅၁ ဦး (၇ ရာခိုင်နှုန်း)၊ အဲဒီပါတီ ၂ ခုစလုံးကို မကြိုက်ဘူး၊ မဲမထည့်ဘူးဆိုသူက ၆၃၉ ဦး (၈၉ ရာခိုင်နှုန်း) နဲ့ အများဆုံးဖြစ်နေပါတယ်။
![](http://2.bp.blogspot.com/_4QbBTg3rXZ0/TK6tZDSxtQI/AAAAAAAAAEU/k2JAjeDU8io/s400/Poll1.jpg)
ကြံ့ဖွတ်ကို မဲပေးမယ်ဆိုတဲ့ ၃၅ကောက်ကတော့... ကြံ့ပြွတ်တို့ ကြံ့လွတ်တို့လို ကြံ့ဖွတ်မျိုးကွဲတွေပဲနေမှာ... နိုင်ငံတော်အတွက် ဘာတွေလုပ်ပါလို့မတောင်းဆိုချင်ပါဘူး... အပြုသဘောဆောင်တဲ့ နှုတ်ထွက်မှုကိုပဲ မျှော်လင့်မိကြပါတယ်...