လွန်ခဲ့တဲ့ အနှစ် ၄၀ က ပါလီမန် ဒီမိုကရေစီခေတ်မှာ ကာတွန်း ဦးဗကလေး ရေးဆွဲခဲ့တဲ့ မဲပေးရေး ကာတွန်း သရော်ချက်တခုကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြန်လည် ပုံနှိပ်ပြီး အသုံးပြုထားတာပါ။
“ပေးရင် ယူပါ”၊ “ကျွေးရင် စားပါ”၊ “ခေါ်ရင် သွားပါ”၊ “မဲပေးတော့သာ ဟဲ ... ဟဲ ... ဟဲ” ဆိုပြီး ဖော်ပြထားပါတယ်။ မဲရုံနေရာမှာတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကာတွန်းထဲမှာ အစားထိုးပြီး ထည့်ထားပါတယ်။
ဒီကာတွန်းဟာ ဘာကိုရည်ရွယ်သလဲဆိုတာတော့ ပရိသတ်များသာ ခန့်မှန်းကြည့်ကြပါကုန်။
သဘောကျတယ်ဗျာ...
လက်ရှိအခြေအနေမှာ ဒီလိုနေတာ အကောင်းဆုံးမို့ သိပ်ကို ထိမိတဲ့ ကာတွန်းပါပဲ...
ကျနော့်ဘလော့ဂ်မှာလည်း အခုတလော အဲဒိကိစ္စကိုပဲ အဓိကထား ရေးနေတယ်...
ကူးယူဖော်ပြလို့ရမလား ခင်ဗျာ...