ရူးကြောင်ကြောင်မြို့တော်

Monday, October 18, 2010



ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ မြို့တော်သစ် နေပြည်တော်ကြီး လှပတင့်တယ်ဖို့ မြို့တော်ကို ဖြတ်သန်းစီးတဲ့ ချောင်းကြီးတခု ဖောက်လုပ်နေတယ်လို့ အပတ်စဉ်ထုတ် Flower News ဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်ကို ဖြတ်သန်းစီးနေတဲ့ သိန်းမြစ်လိုမျိုး နေပြည်တော်ကို ဖြတ်သန်းစီးဆင်းတဲ့ ချောင်းကြီးတခုကို ဖောက်လုပ်တာလို့ အဲဒီသတင်းက ဆိုတယ်။

အနောက်ပဲခူးရိုးမက မြစ်ဖျားခံလာတဲ့ ငလိုက်ချောင်းကို ပြုပြင်ပြီး နေပြည်တော်မြို့တော်အထိ အရောက် ချောင်းကြီးတခုဖောက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ ဒီချောင်းထဲမှာ အပျော်စီးသင်္ဘောတွေ၊ လှေတွေနဲ့ စီးပြီး
နေပြည်တော်အလှကို ခံစားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ဖို့ Moon Ray ကုမ္ပဏီက ငလိုက်ချောင်းအတွင်းမှာ ကမ်းကပ် နံရံညှိတာတွေ၊ မြေညှိတာတွေ လုပ်နေပြီလို့ သတင်းက ဖော်ပြပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်မယ့် ဒီစီမံကိန်းအစား ဆေးထိုးအပ်၊ ဂွမ်းက အစ အလကားမရ ၊ လူနာရှင်ကိုယ်တိုင်ဝယ်ယူပြီး အသုံးပြုနေရတဲ့ ဆေးရုံ၊ ဆေးပေးခန်း ကျန်းမာရေးစနစ်ကို
ပြန်လည်ပြုပြင်မယ်ဆိုရင် အင်မတန် ၀မ်းသာစရာ ကောင်းမှာပါ။

အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက် ထဲကအတိုင်း ချောင်းတွေ၊ အဆောက်အအုံတွေနဲ့ မြို့တော်ကြီးတခု တည်ဆောက်နေလေတော့ ပြည်သူ့ဘ၀အခြေ အနေတွေက ဒီထက်ပိုဆိုးလာမယ့် အခြေအနေပဲရှိပါတယ်လို့ ဆိုပါရစေ။

11 comments :

  1. Anonymous said... :

    ဒါလည်း ပြည်သူတွေရဲ့ စိတ်ပန်းဖြေနိုင်ဖို့တွက် လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုပဲ တိုးတတ်မှုရဲ့ပြယုဂ်တစ်ခုလို့လည်းပြောနိုင်တယ်...ကောင်းတာလုပ်တာဖြစ်တဲ့တွက် ကြိုဆိုပါတယ်


    ဖိုက်တာ

  1. Anonymous said... :

    အဟမ်း

  1. Anonymous said... :

    အော်..အရေးထဲ။ စိတ်လေတယ်ဗျာ

  1. Anonymous said... :

    တလွဲဆံပင်ကောင်းတယ်ဆိုတာဒါမျိုးဘဲ။

  1. Cinderella said... :

    စား‌ပေါက်အသစ်ထွင်တာ‌နေမှာ‌ပေါ့...။Moon Ray ကုမှဏီဆိုတာကလဲ
    သူတို့မိသားစု‌တွေထဲကတ‌ယောက်‌ယောက်ပိုင်တာဘြဲဖစ်ရမယ်...။ဝ‌အောင်စားပြီးရင်ထုံးစံအတိုင်းတဝက်တပျက်လုပ်ပြီးပစ်ထားခဲ့အုံးမှာဘဲ..။

  1. Anonymous said... :

    စိတ်အပန်းဖြေတာထက် ပြည်သူတွေထက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို တိုးတက်အောင် လုပ်ပေးပါတော့လား၊ အဲဒါတွေ မပြည့်စုံရင် ဘယ်ပြည်သူမှ စိတ်အပန်းမပြေနိုင်ဘူး၊ ဒါကို ထောက်ခံတဲ့သူက ရှိသေး၊ သွပ် သွပ် သွပ် .....

  1. Anonymous said... :

    ဒီအဘိုးကြီး ဒီလောက်အသက်ကြီးနေပြီ တော်တော်အသိဥာဏ် ခေါင်းပါးတာပဲ ....အော် ကျွန်တော်ဆီမှာက ရှေးကတည်းက ဒီလို မျိုး မင်းဆက်တွေပဲများတာ ...။

  1. Kha kha said... :

    အော်ပြီးတော့ပဲ ငိုချင်တော့တယ်...၀ါး

  1. Anonymous said... :

    THAT IS A STUPID IDEA.

  1. Anonymous said... :

    ဒါ..အ၇ူးအလုပ်..ဆိုတာ အထက်တန်းကျောင်းသားလေးတောင် သိတယ်...အေး ပေါ့ လေ ...သူ့ ဦးနှောက်က ၉ တန်းလေးကို ၃ နှစ်ဖြေတာတောင် မအောင်နိုင်ခဲ့တဲ့သူဘဲလေ...

  1. Anonymous said... :

    အားလုံး ကတော့ စာရေးပြီး ဝေဘဏ်ပေးဖို့  လောက်ဘဲ တတ်နိုင် တာပါ ။ ဟုတ်ကြတယ် မဟုတ်လား ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved