ငြိမ်းချမ်းရေး နိုဗဲလ်ဆု တရုတ်တက်ကြွလှုပ်ရှားသူ ရရှိ

Friday, October 8, 2010



နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ဆန်ခါတင်အဆင့် ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို တရုတ်နိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လျို ရှောင်ပေါ (Liu Xiaobo) ရသွားပါပြီ။

၁၉၈၉ တိန့်အန်မင် ရင်ပြင် ဆန္ဒပြမှုအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် လျို ရှောင်ပေါ ဟာ မကြာခဏ ဖမ်းဆီးခံခဲ့ရပါတယ်။

တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေအတွက် တာဝန်ယူရမယ်လို့ လျို ရှောင်ပေါ က တောင်းဆို တိုက်ပွဲဝင်ခဲ့ပါတယ်။

လျို ရှောင်ပေါ ကို ယမန်နှစ် ဒီဇင်ဘာလမှာ တရုတ်အစိုးရက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါတယ်။

လျို ရှောင်ပေါ ဟာ ၂၀၀၄ ခုနှစ်မှာ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

၁၉၅၅ ခုနှစ်မှာ မွေးဖွားတဲ့ လျို ရှောင်ပေါ ဟာ အနုစာပေနဲ့ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့တွေကို ရရှိခဲ့ပါတယ်။

ဧည့် ပညာရှင်အနေနဲ့ တရုတ်နိုင်ငံက တက္ကသိုလ်တွေအပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်တို့ကိုလည်း သွားရောက်ခဲ့ပါတယ်။

1 comments :

  1. myat said... :

    လုပ်ရပ်ကိုကြည့်ပါ။ လူမျိုး အသားအရောင်ကို ကြည့်မနေပါနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved