let's watch 2010 election!

Monday, October 4, 2010


"ဦးလေးကြီး ကျနော်တို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ထုတ်တဲ့ စာစောင် ဖတ်ကြည့်ပါအုံး"
"ဘာလဲ - ရွေးကောက်ပွဲအတွက်လား၊ တော်ပါတော့ကွယ်၊ ငါ အချစ်ဝတ္ထုဖတ်တာပဲ ပိုကောင်းပါတယ်၊ ၀တ္ထုကမှ ဇာတ်သိမ်းခန်း ကောင်းသေးတယ်"

အဲဒီလိုများ ပြောနေကြသလား မသိပါဘူး။ AP သတင်းဌာနက ရိုက်ထားတဲ့ ပုံတွေပါ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ဒေသမှာ ရိုက်ထားတဲ့ ပုံတွေလို့ ခန့်မှန်းမိပါတယ်။
မင်္ဂလာတောင်ညွန့်မှာ ဦးသုဝေကို မဲပေးပါ ဆိုတဲ့ ကားလေးနဲ့ စည်းရုံးရေး ဆင်းနေပုံ။
ဦးသုဝေက ရွေးကောက်ပွဲကြိုက်တဲ့ နိုင်ငံရေးသမားကြီးပေါ့။ နိုင်ငံရေးသမားအများစုက ရွေးကောက်ပွဲကို ဘွိုင်းကောက် လုပ်နေချိန်မှာ သူက အားတက်သရော သိပ်ရှိနေတာ မဟုတ်လား။ စစ်တပ်က စနစ်တကျ ဆုတ်ပြီမို့ နိုင်ငံရေးသမားတွေ နေရာဝင်ဦးကြဖို့ ဒီနှစ်ဆန်းပိုင်းမှာ သူ ဆော်သြခဲ့တော့ အတော် ပွက်လောရိုက်ခဲ့တာကလား။

ရွေးကောက်ပွဲ ပြီးတဲ့အခါ တောင်ညွန့်မှာ သူ နိုင်မလား၊ ကြံ့ခိုင်ရေးပါတီကြီးရဲ့ ကိုယ်စားလှယ်ကပဲ ၉၉ ရာနှုန်းနဲ့ နိုင်မလား ဆိုတာတွေကတော့ (ကုလသမဂ္ဂ)လိုပဲ စောင့်ကြည့်ရမှာပေါ့ဟု ဆိုရုံသာ။

ကဲ စောင့်ကြည့်ကြဦးစို့၊ စောင့်ကြည့်လို့မှ အားမရသေးရင် စိုးရိမ်ကြဦးစို့ပေါ့ဗျာ။

1 comments :

  1. Anonymous said... :

    Irrawaddy election page should cover how registered parties used MRTV to convey message to people - some are boring and ridiculous indeed... but it will be great fun to watch and laugh!!!! LOL

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved