![](http://2.bp.blogspot.com/_oSgkASh28bg/TKoNZ9D2ZWI/AAAAAAAAANQ/yzZEjRs4pN8/s320/sexymaid2.jpg)
![](http://4.bp.blogspot.com/_oSgkASh28bg/TKoNZreNcZI/AAAAAAAAANI/xlMyhenJmxU/s320/sexymaid1.jpg)
![](http://3.bp.blogspot.com/_oSgkASh28bg/TKoN_GqyfZI/AAAAAAAAANY/_uRaz0QoJwE/s320/sexymaid3.jpg)
![](http://1.bp.blogspot.com/_oSgkASh28bg/TKoNHtZmKbI/AAAAAAAAANA/ZMnqHns_HCY/s320/sexymaid.jpg)
စက်တင်ဘာ ၂၆ ရက်နေ့ထုတ် စင်ကာပူ သတင်းစာ တစောင်ရဲ့  အဆိုအရ ၂၂ နှစ်အရွယ် Sarad (ဇလပ်?) အမည်ရှိ မြန်မာဟု ဆိုသော အိမ်ကူမလေးသည် သူမ အလုပ် လုပ်နေသည့် အိမ်တွင် မည်သူမှ မရှိသော အချိန်၌ အသက် ၁၀ နှစ် အရွယ်ရှိ အိမ်ရှင်သား၏ လက်ကိုင်ဖုန်းကို အသုံးပြု၍ မလုံ့တလုံ ဓါတ်ပုံများ ရိုက်ကာ ထိုအိမ်ရှင်သား၏ ကွန်ပြူတာ ကိုသုံး၍ သူမ၏ ပုံများကို နာမည်ကြီး social networking site ဖြစ်သော Facebook.com တွင် တင်ခဲ့ကြောင်း၊ သူမကိုယ်သူမ တက္ကသိုလ် ကျောင်းသူလေးဟုဆိုကာ သူမ တခါမှ မြင်ဖူးခြင်း မရှိသော လူတယောက်အား ရည်းစားထားခဲ့ပါသည်ဟု ဆိုသည်။
သူမ တခါမှ မြင်ဖူးခြင်း မရှိသောသူအား အိမ်ရှင်၏ လိပ်စာပေးခြင်း၊ Facebook တွင် sexy photo များတင်၍ ရင်းနှီးခြင်း မရှိသောသူများနှင့် ကလူခြင်း၊ အလုပ်ရှင် အိမ်၌ မရှိချိန်များကို သူတပါးအား အသိပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းကိစ္စများကို အလုပ်ရှင် သိသွားသောအခါ သူမ၏ စာချုပ်သက်တမ်း မကုန်ခင်ပင် ချက်ချင်း အလုပ်ထုတ်လိုက်သည်ဟု ယင်းသတင်းစာက ရေးထားသည်။
သတင်းများကတော့ ပျံ့နေသည်။ သို့သော် သူမသည် အမှန်ပင် မြန်မာအမျိုးသမီး ဟုတ်မဟုတ်ကိုကား ကျနော်တို့လည်း အတည်မပြုနိုင်ပေ။ စင်ကာပူ သတင်းစာများကလည်း အတိအကျ ယုံရသည် မဟုတ်။ သတင်းက ဟုတ်ခဲ့လျှင်လည်း အဓိက ပြဿနာမှာ အိမ်ရှင်၏ ပစ္စည်းကို အလွဲသုံးစား လုပ်ခြင်း၊ အိမ်လိပ်စာကို တလွဲ အသုံးပြုခြင်းတို့ ဖြစ်ပါလိမ့်မည်။
(Photos: stomp.com.sg)
Hi
How do u translate Sarad to Zalat?