SPDC Journalsim?

Wednesday, October 13, 2010

မုန်တိုင်း တိုက်မယ်ဆိုတဲ့ သတင်းကို ဒီနေ့ သတင်းစာ မျက်နှာဖုံးမှာ ပြူးပြူးပြဲပြဲ တင်ထားလေရဲ့ ။


မြန်မာပြည်နဲ့ ဝေးတဲ့ မုန်တိုင်းမို့ ဒီသတင်းက မျက်နှာဖုံးမှာ နေရာ ရတာပါ။

မြန်မာပြည်နားလာတဲ့ မုန်တိုင်း ဆိုရင် မျက်နှာဖုံးမှာ မထားရဲဘူး။ လူသိမှာ စိုးလို့ထင်ပါရဲ့။
အထက်လူကြီး မကြိုက်ဘူးထင်ပြီး မလုပ်ရဲတာလား (ဒါဆို မဆလ စိတ်ဓာတ် အဓွန့်ရှည်နေပြီပေါ့)
အထက်လူကြီးများက ဒီလို စာနယ်ဇင်းစတိုင် ထွင်ထားတာလား မသိ။ (ထွင်ထားတာ ဆိုရင်တော့ ဂုဏ်ယူပါတယ် ဗိုလ်ချုပ်ကြီးတို့ရေ)

ဟိုနေ့ကလည်း မုန်တိုင်းသတင်းကို မုန်တိုင်းလာမယ်လို့ မရေးဘူး၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းနေလို့ ၀ယ်ပြီး သွားပေးတော့မယ့်အတိုင်း မော်ဒန်ကဗျာဆန်ဆန် ရေးထားတယ်။

အခု မက္ကဆီကိုနား မုန်တိုင်း ရစ်သီရစ်သီလုပ်တော့ ရှင်းရှင်းလင်းလင်း စကားပြေနဲ့ ရေးထားပြန်ရော။ ဓာတ်ပုံပါထည့်ပြီး မျက်နှာဖုံး တင်လိုက်သေးတယ်။

မန္တလေးမှာ ရေကြီးခဲ့ပေမယ့် အားလုံးကောင်းပါသည်ခင်ဗျား ဆိုတဲ့သတင်း (ဌာနဆိုင်ရာအမည် ရာထူးအမည်တွေနဲ့ ပြည့်နေတဲ့ သတင်း) လည်း အတွင်းမှာ ပါပါတယ်။ တကယ်ဆို ဒီသတင်းကမှ မျက်နှာဖုံး တင်သင့်တာ။ "နိုင်ငံတော်" က ဘယ်လောက် အလုပ်လုပ်တယ် ဆိုပြီး ကြွားလို့တောင် ရသေး။

1 comments :

  1. Anonymous said... :

    I like this article so much.It make me laugh & get lesson about moron Junta.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved