tight dress

Sunday, October 3, 2010

အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့
အောက်တိုဘာ ၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်က ပုံတပုံဗျာ။
မဟုတ်ပါဘူး၊ ဒီ ၂ ယောက် မင်္ဂလာ မဆောင်သေးပါဘူး။
ပြောချင်တာက ပြေတီဦးရဲ့ အင်္ကျီကို ကြည့်ပါအုံး၊ ခပ်ပါးပါး။ ကျပ်ကျပ်။
မတော်တော့တဲ့ အင်္ကျီလို့ ဆိုနိုင်ပေတာပေါ့။

ကဲ - ခင်ဗျားတို့ရဲ့ အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့။ ကျပ်နေပြီ ဆိုပြီး မ၀ဲလိုက်၊ လက်ဆင့်မကမ်းလိုက်နဲ့အုံး။
နာမည်ကျော်မင်းသားလိုမျိုး ကျပ်ကျပ် သေးသေးကို ၀တ်တာ စတိုင်ကျတယ်၊ လန်းတယ် ဆိုတာကို အများက လက်ခံရင် အဲဒီခပ်ကျပ်ကျပ်တွေက အသုံးဝင်အုံးမှာ၊ ပွဲတိုးအုံးမှာပဲ မဟုတ်လား။

လျှော် ခေါက် သိမ်းပြီး ပရုပ်လုံး ထည့်ထားပေတော့း)

ဆက်ပြီး လေရှည်ရရင် အခုပုံက မေမြို့မှာ ရိုက်ထားတဲ့ ပုံပါ။ ဂျာနယ်မှာ ရေးထားတာကတော့ Kandawgyi Hill Resort ဆိုပဲ။ ကန်တော်ကြီးတောင်ကုန်း ပေါ့ဗျာ။ နာမည်ကတော့ အလန်းစား။
သူတို့ရိုက်ခဲ့တဲ့ ရုပ်ရှင်နာမည်ကတော့ ပိုလန်းသဗျ။

ဒီမောင်နှံက "သွား လူဆိုး ဒါမျိုးတော့ တတ်တယ်" ဆိုတဲ့ ရုပ်ရှင်ကို ပုပ္ပားမှာ ရိုက်ပြီးသကာလ မေမြို့မှာ ဗီဒီယို ၂ ကား ထပ်သွားရိုက်ကြပါသတဲ့။ မလွယ်ပါလား။ ခရီးစဉ်တခုမှာ ဆက်တိုက် ရိုက်တော့ ပင်ပမ်းမှာပဲ။ တော်ပါသေးရဲ့ ကျနော်က ဓာတ်ရှင်မင်းသား မဖြစ်ခဲ့ဘဲ သတင်းသမား ဖြစ်နေတာ။

7 comments :

  1. Anonymous said... :

    Yes. I will keep my tight dress.
    Soe Win (USA)

  1. Anonymous said... :

    Of course this is one of fashion.I like too.

  1. Anonymous said... :

    ya...tat's right!!

  1. Anonymous said... :

    This is excellent, Ko Zarny...

  1. soe said... :

    We love it this style!

  1. Anonymous said... :

    Well . it's one of Korean influences also..
    But I would like to suggest Pyay Tih Oo to do some bodybuilding... hehhe.. Though Korean actors and some actors from Hollywood wear tight clothes, they look cool and sexy coz of their abs and muscles..

  1. Anonymous said... :

    I really love this couple, finally my attress got right boyfriend.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved