
ကွယ်လွန်တဲ့အတွက် ၀မ်းနည်းကြောင်း ကြော်ငြာတွေ ဒီနေ့ ကြေးမုံ သတင်းစာမှာ ပါလာတယ်။
နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ အချက်အလက်တွေ ဟောဒီလို တွေ့ရပါတယ်။
၁။ အမည်ရင်း - ဦးခင်မောင်သန်း
၂။ မိဘအမည် - ဦးကြင်ဖေ၊ ဒေါ်မိမိ
၃။ မွေးသက္ကရာဇ်- ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ
၎။ မွေးဖွားရာဒေသ - မုံရွာ
၁၉၆၁ - သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ကို စိတ်ပညာ နဲ့ ရတယ်။ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန သရုပ်ပြဆရာအဖြစ် အမှုထမ်း။
၁၉၆၄ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ပါဒူးတက္ကသိုလ်မှာ ပညာ သင်ယူတယ်။ မဟာသိပ္ပံဘွဲ့ရတယ်။ မန်းတက္ကသိုလ်မှာ ဆက်ပြီး အမှုထမ်း။
စိတ်ပညာ ဆောင်းပါးတွေကို လစဉ်ထုတ် စာစောင်တွေမှာ အဆက်မပြတ် ရေးသားခဲ့။

ဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်ရပါသည် ။ ဗြဟ္မစိုရ် လူမှုရေးဖြင့်ပြည်သူတို့အားစောင့်ရှောက်ပေးခဲ့သောဆရာကြီး ကောင်းရာသုဂတိ လားပါစေ.....