ထိုင်း-မြန်မာ ချစ်ကြည်ရေး အလှမယ်

Sunday, November 21, 2010








ဓာတ်ပုံ - မန်းမျိုးမြင့်

ထိုင်းရိုးရာ တန်ဆောင်တိုင်မီးမျှောပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာအလှမယ်ရွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ချစ်ကြည်ရေးတံတားထိပ်တွင် ယမန်နေ့ညက ကျင်းပရာ မြန်မာပရိတ်သတ် ၅၀၀၀ ကျော် သွားရောက် အားပေးခဲ့ကြသည်။

အဆိုပါ မယ်ရွေးပွဲကို မဲဆောက်မြို့နယ် (ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပါယ်အဖွဲ့က ကျင်းပခြင်းဖြစ်ပြီး မဲဆောက်ဒေသတွင်းရှိ မြန်မာအလုပ်သမများ၊ မြန်မာကျောင်းသူများနှင့် မြ၀တီ မြို့မှ လာရောက်ယှဉ်ပြိုင်သူတဦး အပါအ၀င် ၁၀ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မယ်ရွှေးပွဲ အကဲဖြတ်ထိုင်းဒိုင်လူကြီး ၅ ဦးက မသဇင်မြင့် (ပထမ)၊ မစုမွန် (ဒုတိယ) နှင့် မစုမြတ်လှိုင် (တတိယ) တို့ကို ရွှေးချယ်ခဲ့ကြပြီး ပထမဆုရရှိသူကို သရဖူနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပထမဆုရရှိသည့် မြ၀တီမှ မသဇင်မြင့်က"သမီးတို့ကို လာရောက်အားပေးကြတဲ့ မဲဆောက်ရောက် မြန်မာတွေနဲ့ မြ၀တီကလာပြီး အားပေးကြတဲ့ မြန်မာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှုဝတ်စုံနဲ့ ထိုင်းမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်" ဟု ပြောသည်။

မယ်ရွေးပွဲ လာရောက်ကြည့်ရှုကြသည့် ဒေသခံများနှင့် မြန်မာများ သောင်းသောင်းဖျဖျ အားပေးကြသည့် ပြကွက်မှာ မြန်မာနိုင်ငံ မယ်ရွှေးပွဲစတိုင် မြန်မာ့ရိုးရာဝတ်စုံဖြင့် ကိုယ်ဟန ပြသည့် ပြကွက်ကို သရုပ်ဖေါ်သွားသည့် မသဇင်မြင့်၏ ပြကွက်ဖြစ်သည်။

ပြိုင်ပွဲဝင်မြန်မာမယ် ၁၀ ဦးသည် ဒိုင်အဖွဲ့၏ ဥာဏ်စမ်းမေးခွန်းများကို ဖြေကြားရာတွင် ထိုင်း နှင့်အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာ ပြောတတ်သူများပါရှိပြီး ပြိုင်ပွဲဝင်မြန်မာအလုပ်သမ အချို့မှာ မြန်မာနိုင်မှ ဘွဲ့ရရှိထားသူများဖြစ်သည်။

(ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပါယ်ဥက္ကဌ နိုင်ဘွန်ချော့ဆူဝေ့ က "နှစ်နိုင်ငံချစ်ကြည်ရေးပိုမို ခိုင်မြဲစေဖို့အတွက် မီးမျှောပွဲ (လွိုင်းကထုံ) အထိမ်းအမှတ်အနေနဲ့ မြန်မာအလှမယ်ရွေးပွဲကို ထည့်သွင်းကျင်းပပေးတာဖြစ်တယ်၊ မကြာခင်မှာလည်း မဲဆောက်-မြ၀တီနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့အတူ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုပြီးတိုးတက်လာမှာဖြစ်တယ်" ဟုပြောသည်။

ထိုင်းဖက်ခြမ်းတွင် ပြုလုပ်သည့် ထိုင်းမီးမျှောပွဲတွင် ယခင်နှစ်များက မြ၀တီဖက်မှလူများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဖက်မှ ချစ်ကြည်ရေးတံတားကို ည (၁၂) နာရီ အထိ အကန့်အသတ်ဖြင့် ဖွင့်ထားပေးသော်လည်း ယခုနှစ်တွင် ဖွင့်လှစ်ပေးခြင်းမရှိဟု သိရ သည်။

နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ်များကို မြန်မာဖက်မှပိတ်ထားသည်မှာ ၃ လကျော် ရှိပြီဖြစ်သည့်အတွက် ထိုင်းဖက်ခြမ်းတွင် ကျင်းပသည့် မီးမျှောပွဲကို လာရောက်ရန် လှေဆိပ်များရှိ မြန်မာလုံခြုံရေးများနှင့် နားလည်မှုယူကာ လာရောက်ကြရသည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မဲဆောက်တွင်ပြုလုပ်သည့် မီးမျှောပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေးအလှမယ် ရွေးပွဲကို ယခင်က ထိုင်းနှင့်မြန်မာ အလှမယ်များကို အတူတွဲ၍ ယှဉ်ပြိုင်စေခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်မှ စတင်ကာ မြန်မာမယ်ရွေးပွဲကို သီးသန့် စတင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

5 comments :

  1. Anonymous said... :

    စားချင်တယ် ၀ါးချင်တယ်

  1. Anonymous said... :

    အပေါ်က Anonymous november 21, 2010 8:36 PM သို့ 
    စားဖို့ ဝါးဖို့ ထက် စားပြီး ၀ါးပြီးရင် ကိုယ်စားဝါးလိုက်တဲ့အတွက် တာဝန်ယူတတ်တဲ့ စိတ်ဓါတ်ကလေးကို သွင်းစေချင်ပါတယ်။ နောက်မို့ ဆိုရင် ကိုယ့်တာဝန်ကို ကိုယ်ယူတတ်တဲ့ သူမဟုတ်တဲ့ ယုတ်ညံ့တဲ့ ကောင် ဖြစ်နေမှာ စိုးလို့ ပါ။

  1. This comment has been removed by the author.
  1. Unknown said... :

    အဲ့ဒါ မင်းတို့ မြန်မာမတွေကို
    ထိုင်းတွေကဝါးမယ်
    ပြီးရင် မင်းတို့ မြန်မာပြည်ထဲကို သူတို့ ပစ္စည်းတွေဈေးကြီးကြီးနဲ့ ရောင်းမယ်
    တရုပ်တွေကဒီလိုဘယ်တော့မှမဟုတ်ဘူး
    တရုပ်တွေသာ ပစ္စည်းတွေဈေးပေါပေါနဲ့မရောင်းပေးရင်
    မင်းတို့ငတ်ပြီသာမှတ်ကြ

  1. Anonymous said... :

    စပေါင်စာ ကောင်းပုံရတယ်။ အလုပ်သမားစစ်စစ် တော့ မဖြစ်လောက်ပါ။
    အင်္ဂလိပ်၊ ထိုင်း ကောင်းကောင်းပြောတတ်တယ်ဆိုဘဲ။ အေးလေ.. တိုင်းပြည်က ပညာတတ်တွေ သင့်တော်တဲ့နေရာမှာ အလုပ်မလုပ်၇တာ စိတ်မကောင်းပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved