ဓာတ်ပုံ ကောင်းကောင်း

Monday, November 29, 2010

ရန်ကုန်မြို့က မဖြူဖြူသင်းတို့ စောင့်ရှောက် ထားတဲ့ ဂေဟာမှာ မကြာသေးခင်က ရိုက်ထားတဲ့ပုံ။ HIV ကြောင့် အခက်အခဲ တွေ့တဲ့သူတွေကို ထားတဲ့ ဂေဟာ ဖြစ်ပါတယ်။
ဓာတ်ပုံက မျက်နှာကို အလေးပေးပြီး ရိုက်ထားတယ်။ လက်ချောင်းတွေက သူ့မျက်နှာကို ဘောင်ခတ်ပေးထားသလို ဖြစ်နေတာကတော့ ဒီဓာတ်ပုံကို အားကောင်းစေတဲ့ အချက်ပါပဲ။
လူနာတွေရဲ့ မျက်နှာ မထင်မရှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ရိုက်ထားတယ်လို့  ယူဆရတယ်။

ဒီလအတွင်း ထင်ရှားသူ အများအပြား ဒီဂေဟာမှာ ခိုလှုံနေသူတွေကို သွားရောက် အားပေးတဲ့အတွက် ဒီဂေဟာအကြောင်း သတင်းတွေ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒီပုံက ဒီလိုသတင်းတွေနဲ့ တွဲပြီး တင်သင့်ပါတယ်။ ဘလော့တွေမှာ ဖြစ်ဖြစ်၊ သတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာမှာပဲ ဖြစ်ဖြစ်။

2 comments :

  1. Anonymous said... :

    Yes, it is a good shot!

  1. Anonymous said... :

    ကောင်းပါတယ်ဗျာ၊၊၊တင်ပေးပါ့မယ်၊၊,

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved