ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောတဲ့ နောက်ဆုံးရ အခြေအနေများ

Sunday, November 14, 2010

DVB က Live လွှင့်တာကို နားထောင်ချင်ရင် ဒီနေရာမှာပါ

- ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန်အတွက် NLDရုံးချုပ်ရှေ့တွင် လူ တထောင် ခန့် လာရောက် စုဝေးနေပြီး “ We Love Su” ဆိုသည့် စာတန်းများကို ကိုင်ဆောင်၍ ကြိုဆိုနေကြကြောင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မြို့နယ်အသီးသီးမှ ထောက်ခံသူများက မိသားစုလိုက်၊ အုပ်စုလိုက် ရောက်ရှိနေပြီဖြစ်ကြောင်း။

- ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။ လူတွေများလွန်းလို့ ကားပေါ်က ဆင်းမရ။ အနီးနားက ဆိုင်တွေ အကုန်ပိတ်ရ။ စုဝေးနေတဲ့ လူဦးရေ သိန်းချီမယ် ခန့်မှန်း။

- ဒေါ်အောင်ဆန်းစုကြည် အကျီနက်ပြာရောင် ဝတ်ထားတယ်။ သံတမန်တွေကို စကားအရင်ဆုံး ပြောလိမ့်မယ်လို့ ယူဆရတယ်။ လူတွေက များလွန်းလို့ တိုးမပေါက်။

-ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်လာသည့် လူအုပ်ကြီးနှင့် ကားများမှာ အလွန်များပြားပြီး အုတ်လမ်း၊ လင့်ခ်လမ်းထိပ်အထိ ရောက်ရှိနေကြောင်း၊ လူများသည် ပူပြင်းသည့် နေရောင်အောက် လမ်းမပေါ်တွင် ထီးမဆောင်းဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြောင်း။

-၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လူသတ်ပွဲကြောင့် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပိုမိုပြီး အထူး သတိ ထား ရမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော။

17 comments :

  1. ဖိုးချစ် said... :

    အချိန်တွေကို ဖေါ်ပြရာမှာ မြန်မာ စံတော်ချိန်နဲ့ ဖေါ်ပြပေးစေလိုပါတယ်
    သတင်းမှာ ဖေါ်ပြတာ လွဲနေသလားလို့

  1. Anonymous said... :

    အမေ့အသံကို ကြည်ကြည်လင်လင် မကြာရဘူးဖြစ်နေပါတယ်ဗျို့။ ကူညီပါဦး ဧရာဝတီရေ ...ကျနော်တို့လိုအဝေးရောက်မြန်မာတွေ အတွက် ကိုယ်တိုင်ကိုယ်ကျ သွားမကြည့်နိုင်လို့ပါဗျာ

  1. Anonymous said... :

    ပါကစ္စတန်နိုင်ငံမှာဖြစ်ခဲ.တဲ.အဖြစ်ပျက်မျိုးဖြစ်အောင်လို.ဖန်းတီးနိုင်လို.ဒေါ်စု၇ဲ.အသက်အန္ဒ၇ာယ်ကိုစိုး၇ိမ်၇တယ်မလွဲမသွေကာကွယ်စောက်ေ၇ှာက်ကြပါ။

  1. Anonymous said... :

    ဟုတ်ပါတယ်၊အမေ့ရဲ့အသက်အန္တရယ်ကိုအရမ်းစိုးရိမ်ရပါတယ်။
    ရက်စက်ယုတ်မာသူလူတစုကိုဘယ်လိုမှမယုံစားပါနဲ့။နည်းပေါင်း
    စုံနဲ့ယုတ်မာကြအုံးမှာပါ။အဝေးရောက်မြန်မာတွေအားလုံးအမေ့အ
    တွက်ဝိုင်းပြီးဆုတောင်းပေးနေပါတယ်။အမေအောင်မြင်ပါစေ။

  1. Unknown said... :

    ကျွန်တော်တို့အတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင်ပါ အဲဒီကောက်ရိုးလေး ပြတ်မသွားပါစေနဲ့ ဆုတောင်းလျက်ပါ

  1. ထွန်းလင်း said... :

    အဖွဲ့ချုပ်နဲ့တကွ တာဝန်ယူနိုင်သူတွေ အန်တီစုရဲ့ လုံခြုံရေးကို အထူးဂရုစိုက် စေလိုပါတယ်။ “ကိုယ့်ထက်သာ မနာလို” ဆိုတာ လူတွေရဲ့စိတ်ထဲမှာ အမြဲ ပေါ်ပေါက်လေ့ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

  1. Kyaw Swa said... :

    အမေကို စစ်ခွေးတွေ တစ်နည်းနည်းနဲ့ မကောင်းကြံကြလိမ့်မယ်လို့ ထင်နေတယ်ဗျာ.....
    အမေ့ကို အထူးသတိပြုကာကွယ်ပေးကြပါခင်ဗျာ။

  1. Anonymous said... :

    လွတ်တာနဲ.ပွဲဆူအောင်လုပ်တော.တာဘဲ
    လွှတ်မပေးတော.လဲမပေးလို. လွှတ်ပေးပြန်တော.လဲ...
    မြန်မာနိုင်ငံဟာအေးချမ်းတည်ငြိမ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပါပြီဒေါ်စုခင်ဗျား
    ပြသနာတွေထပ်မရှာပါနဲ.တော.

  1. Nyo Gyi said... :

    Release of Daw Aung Saw Su Kyi makes people so happy and bliss that all myanmar forget about the Cyclone Giri, the battle near Thai border and fake & flaw election..Our bodies are full with bliss,, We have never feel like this in our life,,The most amazing and great feeling,,

  1. ညီညီချေ (မလေး၇ှား) said... :

    အားလုံး၇ဲ့ အမေ၊ မြန်မာသာမက နိုင်ငံတကာကပြည်သူတွေအားလုံး၇ဲ့ လင်းေ၇ာင်ခြည်....အမှောင်ဆုံးအချိန်တွေကုန်ဆုံး၇င်တော့်အလင်းေ၇ာက်တော့မှာပါ အမေ...အမြဲဂါ၇၀တ်ပြုလျက်..

    အမေ့၇ဲ့အဝေးေ၇ာက်သားများ..

  1. Unknown said... :

    အမေစုရဲ့အသက်..စီုးရီမ်စရာရှိတယ်လို့ယုံကြည်ပါတယ်...အားလုံးသတိဝရိယ ရှိကြပါ...

  1. shwe said... :

    Anonymous said...

    လွတ်တာနဲ.ပွဲဆူအောင်လုပ်တော.တာဘဲ
    လွှတ်မပေးတော.လဲမပေးလို. လွှတ်ပေးပြန်တော.လဲ...
    မြန်မာနိုင်ငံဟာအေးချမ်းတည်ငြိမ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပါပြီဒေါ်စုခင်ဗျား
    ပြသနာတွေထပ်မရှာပါနဲ.တော.
    Anonymous ဆိုတဲ့ လူရေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာများ တည်ငြိမ် အေးချမ်းနေပါလိမ့်?

  1. Anonymous said... :

    Anonymous ဆိုတဲ့ လူရေ ဒီမိုကရေစီဆိုတာကို ခင်ဗျားဘယ်လိုနားလည်ထားလဲ...မေးပါရစေ.....

  1. Anonymous said... :

    ဒီမိုကရေစီ ဆိုတာကို ငါသိသလောက်ပြောရရင်...လူတစ်ယောက်ဆီရဲ့ တရားသော ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးခွင့်မရှိရဘူးကွ....အခုပဲကြည့် ငါဒီစာရေးရပေမယ့် နာမည်ဖော်ရေးခွင့် မရဘူး...ဒါဘာလဲဆိုတော့ မင်းတို့ရဲ့ ယုတ်မာကောက်ကျစ်တတ်တဲ့ အကျင့်ပျက်စရိုက်ဆိုးတွေမင်းမူနေတဲ့ နအဖ ရဲ့ ကုလားမနိုင် ရခိုင်မဲ စောက်ကျင့်တွေ ကြောင့်ပဲ...မြန်မာနိုင်ငံဟာအေးချမ်းတည်ငြိမ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပါပြီ ဆိုရင် မင်းတို့တွေအပေါ် ပြည်သူတွေ ဘယ်လောက်ယုံကြည်လဲ ဆိုတာကိုယ့်ကိုယ်ကိုပြန်မေးကြည့် လိုက်...ရှက်တတ်ရင် သေလို့ရတယ်ကွာ...နိုင်ငံအုပ်ချုပ်တဲ့သူနဲ့ အပေါင်းဖော်တစုကတော့ အားနွဲ့တဲ့ မိန်းမတယောက်ရဲ့ စီးထားတဲ့ ဖိနပ်တောင် ကိုင်ခိုင်းဖို့ အဆင့်မရှိဘူး ဆိုတာမင်းမြဲမြဲ မှတ်ထားလိုက်....

  1. Anonymous said... :

    ပြည်သူတွေယုံလားမယုံလားဆိုတာကတော. ရွေးကောက်ပွဲရလဒ်နဲ.ဘဲစကားပြောရအောင်ဗျာ
    ပြည်ခိုင်ဖြိုးက ၈၀%ကော်အနိုင်ရပါသည်ခင်ဗျား
    မသိချင်ယောင်ဆောင်မနေကြပါနှင်.

  1. dawai said... :

    အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ

  1. Anonymous said... :

    တာဝန်ကိုမကြောက် တာဝန်မကြေမှာကိုသာ ကြောက်တာပါ လို့ အန်တီစု က အလိမ်မာ သုံးပီးပြည်သူတွေကို သတိပေး ဖွင့်ပြောနေပါပီ...သူ လုပ်ကြံခံရဖို့ ကိန်းရှိ တာကို သူရိပ်မိထားပါပီ... တာဝန်တွေမကျေပွန်နိုင်မှာကိုသူစိုးရိမ်နေပါတယ်...မြန်မာနိင်ငံသားအားလုံး ဒါကို သတိကြီးကြီးထားပီး သူ့ အသက်အန္တာရယ်ကို ကာကွယ်ပေးနိင်ကြပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved