ကြိုတင်မဲကို မတရားသဖြင့် ပေးခဲ့ရပါသည်
Friday, November 12, 2010
ဧရာဝတီမှတစ်ဆင့်-
အများသိစေရန်
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့၏ သက်ဆိုင်ရာဌာနများတွင်လည်း ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့)ပါတီကို ကြိုတင်မဲ ထည့်ရပြီး၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင်လည်း မဲထည့်ရပါသည်။ ယင်းသို့ ထည့်ရာတွင်လည်း မဲပေးနိုင်သူ အဝေးရောက်နေပါက ကြံ့ဖွံ့မဲဆန္ဒရှင်အဖြစ် စည်းရုံးထားသူ ဖြစ်လျှင် မဲရုံမှူးခွင့်ပြုချက်ဖြင့် မိသားစုရှိ ဆန္ဒမဲပေးနိုင်သူအားလုံးအတွက် ၁ ယောက်တည်းကပင် မဲပေးနိုင်ကြောင်း အခိုင်အလုံ သတင်းရရှိပါသည်။
တာဝန်သိသော်လည်း အခြေအနေအရ နာမည်ဝှက်သုံးနေသူ
လူကြီး
၁၂၊ ၁၁၊ ၂၀၁၀
2 comments :
  1. Anonymous said... :
    အဲဒီလို မိမိကိုယ်တိုင်က မထုတ်ဖော်နိုင် လျှို့ဝှက်နေမှတော့ ဘယ်လိုလုပ်ပြီး သက်သေပြပြီး အရေးယူနိုင်မှာလဲဗျာ...
  1. Anonymous said... :
    သေတော်မှတည့်သြော်ကောင်းဧ၊၊်
    ကလိမ်ကကျစ်တိုင်းပြည်
    ဒီပုံအတိုင်းဆိုနောက်ထပ်နှစ်တစ်ရာ....
ူလူအခွင့်အရေးဆုံးရှုံးတယ်ဆိုတာကိုယ်တိုင်သေချာစွာသိနေပြီ
    ဘာဆက်လုပ်ရမှာလဲ
    သူရဲကောင်းဘယ်သူလုပ်မှာလဲ
    ရံဖို့အသင့်ပဲ
    တစ်တိုင်းပြည်လုံးပြည်သူတွေရဲ့ရင်ထဲမှာမင်းကိုယ်တိုင်စိတ်ကူးနဲ့ဝင်ပြီးခံစားကြည့်လေ
    မင်းသိမှာပါမင်းကိုယ်တိုင်အဖြေရှိပြီးသားပါ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved