ပေးစာ - မောင်မျိုးမင်းက အနုပညာနဲ့ နှက်လိုက်ပြီ

Tuesday, November 23, 2010

(အတိုက်ခံရလို့ အခုပိတ်နေတဲ့ ရတနာပုံ ဝက်ဘ်ပေါ်တယ်က ပုံပါ။
ပိတ်နေတာ ဘယ်လို ယူသလဲဆိုတော့ ဒီလိုပါပဲ gooling လိုက်တာပါ)

သို့ ဧရာဝတီခင်ဗျား ...

မောင်မျိုးမင်း ဦးဆောင်တဲ့ ထာဝရ နှင်းဆီ အငြိမ့်ဟာ အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကပြဖျော်ဖြေခဲ့ပါတယ်။ အဲဒါ သူတို့ရဲ့ ပြက်လုံး အသံဖိုင်ဖြစ်ဖြစ် ရုပ်ဖိုင်ဖြစ်ဖြစ် တင်ပေးနိုင်မလား မသိပါဘူး။ ဒါမှမဟုတ် မောင်မျိုးမင်းကို အင်တာဗျူးလေး လုပ်ပေးစေချင်ပါတယ်။


ဒါကတော့ ကျွန်တော် ရေးထားတဲ့ သတင်းလေးပါခင်ဗျာ။

နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ ဖျော်ဖြေခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။ တခြား အငြိမ့်များလိုမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနှင်းဆီအဖွဲ့သားများရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံး ကပြခဲ့တာဖြစ်ပြီး အစိုးရကို သရော်တိုက်ခိုက်တဲ့ ပြက်လုံးတွေကြောင့် အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ အငြိမ့်ထဲမှာပါတဲ့ ပြက်လုံးအချို့ကို ဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဠိ လုပ်တဲ့အခါ နောက်ဆုံး မေးခွန်းအဖြစ် တိရစ္ဆာန်တွေ အများဆုံးရှိတဲ့ နေရာ၊ တိရစ္ဆာန်မျိုးစုံ ထားရှိတဲ့နေရာ ဘယ်နေရာလဲ၊ သိတဲ့လူဖြေလို့ လူရွင်တော်တယောက်က မေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်.. ဟိုဟာမဟုတ်လား.. ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ပေ။

ဒါနဲ့ လူရွှင်တော်တယောက်က ဒါဆို ပရိသတ်ကြီး သိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ “နေပြည်တော်” လို့ ဖြေခဲ့ကြပါတယ်။ အလာတူ ပြက်လုံးတွေအပြင် ၂၀၁၀ ရွေးကောက်ပွဲကို သရော်သည့်ပြက်လုံးများ၊ ကြံ့ဖွတ်များကို နှိပ်ကွပ်သည့် ပြက်လုံးများ အပါအ၀င် အစိုးရပိုင်၊ ဦးပိုင်စသဖြင့် စီးပွားရေးလုပ်ငန်းများကို သရော်သည့်ပြက်လုံးများ၊ မီးမလာသည့်အကြောင်းကို ပြက်သည့်ပြက်လုံးများ၊ တရားမမျှတမှု ကိုပြက်သည့် ပျက်လုံးများနဲ့ ပရိသတ် လက်ခုပ်သံတွေ အတော်ကလေးကို ညံ ခဲ့ပါတယ်။

ဘာပဲပြောပြော သီးလေးသီး ပြီးတဲ့နောက်မှာတော့ နှင်းဆီ အဖွဲ့သားတွေက ပြည်သူတွေနဲ့ တသားတည်း ကျခဲ့တဲ့အတွက် ဒီမှာနေပြီး အဲဒီလိုပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ မောင်မျိုးမင်းနဲ့ နှင်းဆီ ၀ိုင်းတော်သားများ အားလုံးကို လေးစားမိပါတယ်။

16 comments :

  1. timothy said... :

    ကိုမျိုးမင်းနဲ့ထာဝရနှင်းဆီအဖွဲ့သားများရဲ့ရဲရင့်ပြောင်မြောက်တဲ့အနုပညာလက်ရာများကိုလူထုတရပ်လုံးက၊ရင်ထဲအသဲထဲကနှစ်ထောင်းအားရအားပေးနေကြကြောင်းပါခင်ဗျား။ခင်ဗျားတို့ကိုလေးစားလို့ကြမ်းပြင်မှာပြားပြားဝပ်ကတော့ဆိုလုပ်ဘ်ု့ဝန်မလေးပါဘူးဗျာ။လေးစားမှုရသလေးမြောက်သွားတာပေါ့။
    တရိစ္ဆာန်ထက်နိမ့်ကျတဲ့ဓမြသူခိုး သိန်းစိန်တို့ကိုလေးဘက်ထောက်ပြားပြားဝပ်ဦးချနေတဲ့ပုံမြင်မိတော့၊အင်း---
    လူတွေရဲ့အတွင်းစိတ်ထဲမှာတော့သောက်မြင်ကတ်ကတ်နဲ့ ကန်လိုက၊်တော့လိုက်၊ဖနောင့်နဲ့နင်းချေနေကြမှာဘဲပေါ့။
    သူတပါးရဲ့ရိုသေလေးစားကြည်ညိုမှုကိုမတရားနည်းနဲ့ယူလို့မရဘူးဗျ။ လေးစားပါတယ် ကိုမျိုးမင်းနဲ့ထာဝရနှင်းဆီအဖွဲ့သားများခင်ဗျား။်

  1. သန်းစိုး said... :

    နိုင်ငံတစ်ခုကို ကောင်းအောင်လုပ်တာ လူရွှင်တော်
    ပျက်အောင်လုပ်တာလည်း လူရွှင်တော် လို့ကြာဖူးတယ် လူရွှင်တော်တွေရဲ့ပြတ်လုံးတွေကိုနားထောင်ပြီး နိုင်ငံမှာတာဝန်ရှိ တာဝန်သိတဲ့သူတွေက ပြုပြင်ပြောင်းလဲပေးကြတယ်တဲ့... အခုတော့သူတို့က လူရွှင်တော်တွေကိုဘဲပြုပြင်ပြောင်းလဲပစ်တာနော်.... သတိထားကြအုံး။ ဒီလူတွေက လူစိတ်ပျောက်ကုန်ပြီနော်....ထာဝရရှင်သန်နိုင်ကြပါစေ....ချစ်ခြင်းအားဖြင့်......ခင်တဲ့....သန်းစိုး

  1. Anonymous said... :

    ဒါရိုက်တာမျိုးမင်းရေ မင်းအတိုက်ခံလုပ်လေ သူတို့က ထောက်ခံလေပဲ မင်းအစိုးရဘက်ပါကြည့်ပါလား အဆင့်တန်းမရှိဘူးလို့ပြောမှာမြေကြီးလက်ခတ်မလွဲပဲ....အဲအငြိမ့်က ထွက်ပေါ်တာကြာပေါ့ ကြည့်ပီးလို့နားဝနေပြီ အခြောက်လိုသရုပ်ဆောင်ထားတဲ့ အငြိမ့်........

  1. Anonymous said... :

    ဒီမှာအမြည်းကြည့်လို့ရတယ်

    http://www.youtube.com/watch?v=9QAigW8mqA4&feature=player_embedded

  1. Anonymous said... :

    Cheers! U Myo Min

  1. Anonymous said... :

    လုပ်ပြန်ပြီဗျာ..ခုကျတော့ကိုနေတိုးတို့ကိုအားပေးပြန်ပြီ
    အရင်တုန်းကကျ အရုဏ်ဦးမှာဖူးတဲ့ကြာ ကားရိုက်လို့ဆိုပြီး
    ကိုနေတိုးကိုဝိုင်းပယ်ပြီး သူပါတဲ့ပွဲတွေမကြည့်ဖို့တားတယ်
    ခင်ဗျားတို့ပဲအမျိုးမျိုးပြောနေကြတယ်..သေချာတယ်ခင်ဗျား
    တို့လိုလူမျိုးတွေအာဏာရလာရင် ခင်ဗျားတို့အကြိုက်လိုက်မဆောင်
    တဲ့လူတွေဆို ခင်ဗျားတို့တိုက်ခိုက်ကြအုံးမှာ...တရားရစရာပါပဲ
    အတ္တသမားတွေများတယ်....ဧရာဝတီရေကွန်းမန့်လေးတင်ပေးပါအုံး
    ဗျာ...ကျွန်တော်ပြောတာမှားနေသလားလို့..
    ကျေးဇူးတင်ပါတယ်...အမှန်သိစေချင်သူ

  1. Anonymous said... :

    လေးစားကြပါ....
    အစိုးရ မကောင်းကြောင်းရေးမှ ဒေါ်လာ ရတဲ့ သနားစရာသတ္တဝါလေးတွေ...ခင်ဗျားတို့ ကို အဲလို နိုင်းတာကြိုက်လား....
    ကြိုက်ရင် ပို့ တင်ပါ

  1. I have no chance at all to enjoy the show, as I am living so far away from my home country. But I like the name of the Anyient; Forever Rose. Rose refers to Daw Aung San Su Kyi by the artists of Burma. So, I understand Maung Myo Min and his group are also on the side of our democratic icon. Moreover, the audience who came to the show unilaterally exposed their attitude. They are also against the military regime. This kind of movement is an example of fighting the unwanted regime in non-violent way, the way our leader persists. Bravo to Yindwin Asamakyay Maung Myo Min! May the artists of Burma unite and wage the common war against the military monsters in non-violent way.
    I came to know Maung Myo Min when he was an illustrator for the magazines. He even created an illustration for my magazine, The-oo-pan (a flower for first love). Later he became a successful poster artist. He had created a lot of video movie posters. Since then the inspiration for a film director has born for Maung Myo Min and I was not surprised when he finally become a real director, a successful film director at his age. He is a very hard working film artist now. Before I left Burma I happened to visit his apartment in Kandawlay. I was warmly welcomed by him. He told me how he get inspiration by watching various channel regarding to international movie through settelite TV. That's great.
    If he has a chance to read my commentary here I am very happy to greet him from a country far away from Burma and would like to tell him that previously I thought he was a pro-regime. But now I realize that he is also on the same boat with us. May you live long to continue the battle against the "Meikhsar" in non-violent way.

  1. Anonymous said... :

    hahahahha တော်တော်လည်းတတ်နိုင်ကြတဲ့လူတွေ နေတိုးကားအာရုံဦးမှာဖူးသည့်ကြာ ရိုက်တုံးကတော့ရစရာမရှိအောင်ဝေဖန်လိုက် ခုကျတော့ပြန်ချီးမွန်းလိုက်နဲ့ပြန်လေးစားလိုက်နဲ့...HAHAHAHA

  1. Anonymous said... :

    one thing vivid is nay toe does not have own principle like htoo ain thin does. htun ain thin does not care for the gsm sim card. i salute late hero htoo ain thin.

  1. Anonymous said... :

    ဂုဏ်ယူပါတယ် ဦးမျိုးမင်း

  1. Unknown said... :

    YES YES.. all people should be know, Now Govermetn Na Ah Pha is better than NLD.. If NLD won at this election , Our lovely country Myanmar is gone... (I'm also people)

  1. Anonymous said... :

    ဦးမ်ျိုး‌ရေ...ဆက်လုပ်၊အား‌ပေး‌နေမယ်၊ဒါ‌ပေမဲ့အနှရာယ်ကိုလြဲကည့်‌ရှောင်‌နော်၊‌တော်‌နေကြာပါးစပ်ပိတ်၊လက်ချိုးခံထားရသလြိုဖစ်‌နေရင်ဘယ်သူမှလာကယ်နိုင်မှာမဟုတ်ဘူး၊ပြည်သူ‌တွေရဲ့ခံစားချက်ကိုပါးပါး‌လေးနဲ့ထိထိမိမိ‌လေးဆက်လက်တင်ပြနိုင်ပါ‌စေ...။

  1. Anonymous said... :

    I'm sound appreciate to Maung Maung Kyaw Win's
    comment as near above describe.

  1. Unknown said... :

    ဟိုက်နေတိုးကို ချီးမွန်းကြပြန်ပြီလား တတ်လဲတတ်နိုင်ကြတယ် ..အာရုံဦးမှာဖူးသည့် 
    ကြာတုန်းကပြောကြတာတော့ နေတိုးထမင်းငတ်လောက်တယ်..ခုတစ်မျိုးတော်ကြာတစ်မျိုးပါလား...မင်းတို့ လဲ ဘာမှမထူးဘူး..အာဏာရရင် မြင်ယောင်သေးတယ် မထောက်ခံတဲ့ လူအကုန်သမမှာ

  1. Anonymous said... :

    မကောင်းတာလုပ်ရင် မကောင်းဘူးပြောရမှာ.. ကောင်းတာလုပ်နေရင် ကောင်းတယ်ပြောရမှာ... တစ်သမတ်တည်းတော့ လူတစ်ယောက်ကို သတ်မှတ်ထားလို့ မရဘူးထင်တယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved