အားလုံးပြီးပြည့်စုံတယ် မဆိုနိုင်ပေမယ့် အမြန်ဆုံးနဲ့ မြင်ကွင်း အစုံဆုံးဖြစ်အောင်တော့ ကြိုးစားတင်ပေးနေပါတယ်။
ဆဲဆိုတာ၊ လူမျိုးရေးနဲ့ ဘာသာရေး ထိပါးစေတာမျိုး မဟုတ်ရင် ကော်မန့်တွေကိုလည်း ဖော်ပြပေးနေပါတယ်။ တချို့ ကော်မန့်များဟာ ရေးသားလာတာ ကောင်းမွန်ပြီး တနေရာမှာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းလေး တခုတလေ ပါဝင်တာကြောင့် ကော်မန့် တခုလုံး ပစ်လိုက်ရပြီး မဖော်ပြဘဲ ဖျက်ပစ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ တချို့တွေက အဲဒီအချက်ကို သတိမမူမိဘဲ ကော်မန့်ကို တမင် မဖော်ပြဘူးလို့ ထင်ကြတဲ့အတွက် ဒီနေရာကနေ ရှင်းပြတာပါ။ စီဘောက်မှာ ဆဲဆိုသူတွေကိုတော့ တခါတည်း ဘန်းပါတယ်။
စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သက်လို့ နောက်ဆုံးအနေနဲ့ အကြံပြုကြတာ တွေ့ရပါတယ်။ တခါတရံမှာ မြန်ဆန်အောင် တင်ရတဲ့အတွက် ဒီအတိုင်းပဲ လွှတ်လိုက်ရတာ၊ ကွန်ပြူတာ စာစီတဲ့ အကျအပေါက်တွေကို တခုချင်း ပြင်ချိန်မရတာ၊ တချို့ပေးစာများဟာ တခြားဖောင့်နဲ့ ပို့လာတာကြောင့် ဇော်ဂျီဖောင့် ပြောင်းပြီးနောက် သတ်ညွှန်းတခုစီ လိုက်လံ မပြင်ဆင်နိုင်တာ၊ တယောက်စီက တနေရာစီ တချိန်စီက တင်ကြတာမျိုးလည်း ရှိလို့ ပြင်ဆင်မှု နောက်ကျတာတွေ ရှိပါတယ်။
ဒီလထဲမှာ အဖတ်အများဆုံး သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နှုတ်ဆက်စကား၊ ဦးခင်ညွန့်ကို ရဲချုပ် ခင်ရီက လာခေါ်သွားတဲ့ သတင်း၊ ဖားမင်းဆွေရဲ့ စတန့်ထွင်မှုနဲ့ အနုပညာသတင်း ၂ ခုဖြစ်တဲ့ မောင်မျိုးမင်းရဲ့ ထာဝရနှင်းဆီအငြိမ့် ပြက်လုံးနဲ့ လွင်မိုးက ကြံ့ဖွံ့ပါတီကို မဲပေးတဲ့ သတင်းတွေ ဖြစ်ကြပါတယ်။
အကြံပြုချက်များကို ကြိုဆိုလျက်
ဧရာဝတီ ဝိုင်းတော်သားများ
အေးဗျာ ...
နားလည်မိပါတယ်။ အပြင်ရောက်တုံး လွတ်လပ်တဲ့  သတင်းတွေ ဖတ်ရ
ရေးရတာကို တန်ဘိုးထားစေချင်ကြပါတယ်။ဒီအချိန်မှာ ကိုယ်က လွတ်လပ်ချင်တိုင်း
လွတ်လပ်နေရချိန်မှာ ဗမာပြည်က လုပ်သား၊ ကြေးမှုံ ရဲ့  ပေါ်လစီများနဲ့ သာ
နှစ်ပါးသွားနေရတဲ့ သူတွေကို သတိရ စာနာစေချင်လှပါတယ်။