ဝန်ဂျီးရဲ့  အလံ ပရိုမိုးရှင်း

Monday, November 22, 2010



တရုတ်ပြည် ကွမ်ကျိုးမြို့မှာ လုပ်တဲ့ အာရှအိုလံပစ်ကောင်စီ ညီလာခံမှာ စစ်အစိုးရ ကိုယ်စားလှယ်တွေ အပြင်းအထန် ဆွေးနွေးနေပုံ သို့မဟုတ် ဓာတ်ပုံဆရာကို အိုက်တင် ပေးနေပုံ။
အလယ်က ဆရာက မြန်မာအဖွဲ့ ခေါင်းဆောင်ပေါ့။

ဒီနေ့ ကြေးမုံ သတင်းစာက မထူးခြားတဲ့ သတင်းရှည်တပုဒ်မှာ ဒီရဲ့ ခန့်ခန့်ကြီးပုံကို တွေ့ရတာပါ။
ဘယ့်နှယ်လဲ၊ ခန့်တယ် မဟုတ်လား)
ညီလာခံ သွားတက်တယ်၊ ပြန်လာတယ် ဆိုတာတွေ ရေးထားတယ်။

ရင်ဘတ်မှာတော့ “သုံးဖြတ် တကုံး” အလံ ကိုယ်စီနဲ့ စတိုင် ကျနေကြတယ်။
(သုံးဖြတ်တကုံး အလံအကြောင်း ဟောဒီမှာ ဖတ်နိုင်ပါတယ်)

တရုတ်ပြည် ၁၀ ရက်ခရီးက အလံ သွားကြွားတဲ့ ခရီး ထင်တယ်။

ရှေ့ဆုံးတန်းမှာတော့ ဒီဆရာတွေရဲ့ မဟာမိတ် မြောက်ကိုရီးယား ကိုယ်စားလှယ်များ ရှိပါရဲ့။ သူတို့ကတော့ အလံကို ရင်ဘတ်မှာ တပ်မထားဘူး။ အင်း - စားပွဲပေါ်မှာ ခပ်ကြီးကြီး တခု စိုက်ထားပြီးပြီပဲ။ တော်ရောပေါ့။

မြန်မာဝန်ဂျီးကတော့ စားပွဲတင်အလံနဲ့ မတင်းတိမ်နိုင်ဘူး ထင်တယ်။ နောက်တခါ ညီလာခံတွေ ဘာတွေ သွားတက်ရင် အလံကိုင်ပြီး သွားထိုင်နေမယ် ထင်တယ်။

တကယ်လို့ ညီလာခံက ဂါနာနိုင်ငံမှာ လုပ်တယ် ဆိုရင်တော့ အခုလို လိုက်ကြွားနေလို့ မဖြစ်ဘူး။
အလံခိုးတယ် ဆိုပြီး ဟိုက မီဒီယာတွေက ၀ိုင်းရေးကြ ဟားကြလိမ့်မယ်း)

3 comments :

  1. အစက ဒီသတ္တ၀ါကြီး ဒီလောက် ရုပ်ဆိုးမယ်မထင်ဘူးကွာ..။ အင်း.. ကော်ပီကူးပြီးယူထားဦးမှ.. အခုတလော မိုးကမပြတ်တော့ ခြင်တွေ ယင်တွေပြန်ပေါလာတယ်..။ သူ့ကိုဘဲ အားကိုးတော့မယ်.. ခြင်ဆေး တွေက ရောဂါရတတ်သတဲ့..။ ဒါနဲ့ နေစမ်းပါဦး ဒီဝန်ဂျီး ပုံချိတ်ထားတော့ရော ရောဂါမရနိုင်ဘူးလား.. မေးကြည့်တာ အဟီးး။

    အိမ်မှာ ချိတ်ရင် ဧည့်ခန်းတော့မဖြစ်
    ဘယ်နား ချိတ်ရကောင်းမလဲ ဒါလဲ အကြံပေးကြပါဦး။

  1. Anonymous said... :

    အလံခိုးတယ်တဲ့ ဟီဟိ x)

  1. Anonymous said... :

    အိမ်သာထဲမှာချိတ်...ဒါမှမဟုတ်ရင်..ဖိနပ်ချွတ်မှာချိတ်...တန်ရာတန်၇ာ
    ‌နေရာ‌ပေါ့ဗျာ......။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved