ကိုဌေးကြွယ် မိခင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

Monday, November 29, 2010


နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို တွေ့ဆုံအားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
Photo:Getty Images

ဗဟန်းမြို့နယ် ပဏ္ဍိတရာမဘုန်းကြီးကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ မိခင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကို အားပေးစကား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

"အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေတွေကို မေးတယ်။ ICRC အနေနဲ့ အခုထက်ပိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနိုင်အောင် တိုက်တွန်းပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်"လို့ ကိုဌေးကြွယ်ရဲ့ ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ပြောပါတယ်။

ဒီဆွမ်းကျွေးတရားနာပွဲကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဝင်များ ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားတွေ အပါအ၀င် လူ ၁၀၀၀ နီးပါး တက်ရောက်ကြတယ်လို့ သိရပါတယ်။

ကိုဌေးကြွယ်ကတော့ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှင့်ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့လို့ အခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၁၄ ဦးနည်းတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နအဖစစ်အစိုးရဟာ ကိုဌေးကြွယ်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှာ ထိန်းသိမ်းထားတာပါ။ ကိုဌေးကြွယ် ထိန်းသိမ်းခံထားရတဲ့ ဘူးသီးတောင်ထောင်ကို အခုလို မြင်တွေ့ရပါတယ်...........

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved