ပေးစာ - ပြည်မမှ တရုတ်များ ခိုးဝင်ပြီး ရွှေတူး

Wednesday, December 1, 2010

မြန်မာပြည် ရွှေတူးလုပ်ငန်းများ၌ တရုတ်ပြည်မမှ စီပွားရေးသမားများ နယ်ချဲ့လာကြသည်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ဗန်းမော်၊ ဗန်းမောက်၊ ခန္တီးဒေသများနှင့် ပဲခူးတိုင်းရွှေကျင် အရှေ့ဘက် မဲကဒီးဒေသ၊ ကျိုက်ထို၊ ဘီလင်းမြို့နယ် မယ်သဲဒေသဘက်တို့တွင် တရုတ်ပြည်မဘက်ထဲမှ မြန်မာစကား လုံးဝနားမလည်သော တရုတ်များ မြန်မာပြည်အတွင်း တရားမဝင် ခိုးဝင်လာကြပြီး သတ္တုတွင်း (၂) ၀န်ကြီးဌာန၏ ခွင့်ပြုချက်မပါရှိဘဲ ရွှေတူးဖေါ်ရေး လုပ်ငန်းများ အကြီးအကျယ် ခိုးလုပ်နေကြပါသည်။

ပွင့်လင်းရာသီဖြစ်၍ ယခုအခါ တောင်ငူမြို့နယ် အရှေ့ဘက် သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း ဒေသပတ်ဝန်ကျင်းအနီး၌ မြန်မာ ရွှေလုပ်ငန်းရှင်များနှင့် တရုတ် ရွှေလုပ်ငန်းရှင်များသည် ခလရ (၇၃) တပ်ရင်းမှူးနှင့် နားလည်မူယူ၍ တရားမ၀င် ခိုးဝင် ခိုးထွက် ရွှေလုပ်ငန်းများ တူဖေါ်နေကြသည်။

တရုတ်များသည် မြန်မာပြည်အတွင်း စစ်အစိုးရ နယ်စစ်ဂိတ်များမှ လ၀က ၀န်ထမ်းများအား ငွေကြေးပေးပြီး ခိုးဝင်၍ ၀င်ရောက်လုပ်ကိုင် ကြကြောင်း သိရှိရပါသည်။

ကိုအောင်မောင်း (တောင်ငူ)

1 comments :

  1. Anonymous said... :

    never ending rape of our resources.when truely elected government comes out we have only plastic bags, drunkards, prostitutes and aids.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved