မလေးရှားရွှေအခြေအနေ

Monday, December 27, 2010

မလေးရှားရောက် မြန်မာပြည်သားတွေအကြောင်းပါ။
ဒီနေ့ ရက်စွဲနဲ့  ထုတ်တဲ့ VOICE ဂျာနယ်က ဖြစ်ပါတယ်။
အလုပ်ရှင်တွေက ရွှေ ဆိုရင် မကြိုက်တော့လို့  ဟင့်အင်းလို့ ပြောနေပြီ တဲ့။ ရွှေတွေ မလေးကို အ၀င်ခက်ပြီလို့ ဆိုတယ်။

အဲဒီသတင်းအောက်က နောက်တပုဒ်မှာတော့ ပုံမှန် ၀င်နေတယ်လို့  ဆိုတယ်။
သတင်း ၂ ပုဒ်လုံး အထိုက်အလျောက် မှန်တာ ဖြစ်နိုင်တယ်။
၁ ပုဒ်က မှားနေတာလည်း ဖြစ်နိုင်တယ်။
မှားတယ် ဆိုရင်တော့ သတင်းထောက် အလိမ်ခံရတဲ့သဘော ဖြစ်မယ် ထင်ပါရဲ့။

7 comments :

  1. ထွက်ပြေးတယ်ဆိုတာကလည်း အေးဂျဲန့်တွေကြောင့်ပါ။ လစာက ဟိုကတည်းက သတ်မှတ်ပြီးသားဆိုတော့ ဘာပဲဖြစ်ဖြစ်လုပ်နေရတဲ့လူတွေ အများကြီး၊ နဂိုကတည်းက သတ်မှတ်ထားတဲ့ အိုထီ (OT - အချိန်ပိုကြေး) တွေကို အေးဂျဲန့်တွေ ဖြတ်တုပ်တာ များတဲ့အတွက် လုပ်ရတာ စိတ်ကုန်နေတဲ့ ဘော်ဒါတွေအများကြီး။ ထွက်ပြေးကြဟေ့ ထွက်ပြေးကြ၊ ဖိရင်ကြွ ထိရင်ချ၊ မနိုင်ရင်ထွက်ပြေး ဒါပဲ

  1. Anonymous said... :

    တောင်ငူကလဲ တောင်ငူ မောင်းထောင်ကလဲ မောင်းထောင်ပါ ။ အေးဂျင့်အပြစ်ကြီးပုံချလို့မရသလို သူဌေးတွေ အပြစ်လဲ ပုံချလို့မရပါ။
    အဓိကကတော့ ပြောရင်လဲ ပိန္နဲပင် ထိမှ ရမယ် မြန်မာ အစိုးရ ရဲ့ လုပ်ပုံကိုင်ပုံ မှားယွင်းမှုတွေနဲ့ အတူ အေးဂျင့် ဆိုတာပေါ်လာတာပါ။ မြန်မာတွေ ပြေးတယ်ဆိုတာကလဲ အကြောင်းမဲ့သက်သက်ပြေးတာမဟုတ်ပါဘူး။ UNHCR လက်မှတ် ကို ဝယ်ရောင်းလုပ်နေကြတဲ့ မြန်မာအဖွဲ့ အစည်းတွေ UNHCR ဝန်ထမ်းတွေ ကြောင့် တကြောင်း။ မြန်မာလူမျိုးတွေ ကိုယ်တိုင်ကို က တော်တော်အကျင့်ပျက်နေကြတာတကြောင်း။ အလုပ်မယ်မယ်ရရ မလုပ်ချင် သောက်လိုက်စားလိုက်နဲ့ နိုင်ငံတကာလှည့်ပြီး "ကျွန်မဟာ " ဇာတ်ခင်းနေကြတာပါ။ UNHCR နဲ့ မြန်မာစစ်အစိုးရတို့ ဟာတစ်ကြိတ်ထဲ တစ်ဥာဏ်ထဲလား ဆိုတာ တခါတခါ သံသယ ဖြစ်မိတယ်။ မြန်မာလူငယ် မျီုးချစ်စိတ် ပျက်သုဉ်းသွားအောင် နိုင်ငံတကာလှည့်ပတ်ပြီး "ကျွန်မဟာ" ဇာတ်ကနိုင်အောင် ကျွန်ဇာတ်သွင်းတဲ့ အထဲမှာ မြန်မာစစ်အစိုးရနဲ့ UNHCR ဆိုတဲ့ အဖွဲ့ ထိပ်ဆုံးကပါ။ ပြီးမှ မလေးရှားရောက် မြန်မာ အဖွဲ့အစည်း အားလုံးပါ(တဖွဲ့မှ မလွတ်ပါ)အဲတော့ မလေးရှားရောက် ရွှေမြန်မာ များကလဲ ရွှေအကျင့်လေတွေ ပြင်ပြီး မျက်စိကျယ်ကျယ်ဖွံင့်ကြပါ။ အရက်သောက်။ မိန်းမရှာ။ ပဲချ(မူးယစ်ဆေးတမျိုးပါ)ငါးသောက်( ဖန်စီဒိုင်းပါ)ရေခဲ ရှုနေရရင်ပြီးရော အချိန်တန် (UN)လာခေါ် အမေရိကားသွားရမယ် ဆိုတဲ့အတွေးလေးတွေလျော့ပြီး ။ကိုယ်ကအားကိုယ်ကိုယ်ကြပါ။ မျက်နှာငယ်ငယ်နဲ့ ဒုက္ခသည် ဘဝကိုလဲ မလိုချင်ကြပါနဲ့။ေ၇ာက်လေရာ နိုင်ငံမှာ တတ်အောင်သင်ကြပါ။ ဗဟုသုတ ယူကြပါ။ စာဖတ်ကြပါ။ မလေးရှားနိုင်ငံတခုလုံးမှာ ရွှေမြန်မာတွေကို ဒီလောက်အထိ ခွင့်အရေးပေးပြီး နေထိုင်စေခြင်းဟာ ။မြန်မာစစ်အစိုးရက ကောင်းလို့မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာနဲ့ ခင်ဗျားတို့တွေ ဒုက္ခသည် အမည်ခံကဒ် ကလေးတွေရနေတယ်လို့မှတ်ပါ။ မြန်မာပြည်က မထွက်ခါခင်ကထဲက စဉ်းစားကြပါ။ မလေးရှားဆိုတာ ခင်ဗျားတို့တတွေ ထင်ထားသလို နိဗ္ဗာန် မဟုတ်ပါ။ နေ့စံညခံ ငရဲ တပိုင်းပါ။ အေးဂျင့် ဆိုတာကလဲ တယောက်မှ ကောင်းသူမရှိပါ။ မလေးရှားရောက်လာကြရင်လဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးသိက္ခာကိုလဲ ထိမ်းကြပါ။ တော်တော်လေးကို ဆိုးဆိုးဝါးဝါးပါဘဲ ပျက်စီးနေလိုက်ကြတာ။ ဟိုနေ့သတင်းထဲ ဖတ်လိုက်ရသလိုဘဲ တရုပ်သံအမတ်လား အရာရှိလား မသိဘူးပြောသွားတာ မြန်မာ နိုင်ငံဟာ ရွှေခွက် ကိုင်ပြီးတောင်းစားနေတဲ့ နိုင်ငံတဲ့။ ရှက်ဖို့ကောင်းပါတယ်။ ဆင်ချင်ကြပါ ရွှေမြန်မာများခင်ဗျား။ ဘာကြောင့် မလေးရှားမှာ ကျွန်မဟာ ဇာတ်ခင်းနေကြရသလဲ ကိုယ်ကိုယ်လဲ ပြန်မေးကြပါဦး။ မေ့မနေကြပါနဲ့ ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ ဆိုတာ စဉ်းစားစေချင်ပါတယ်။ ကိုယ်ကျင့်တရားပျက်နေတဲ့ လူတွေနဲ့ ကျွန်တော်တို့ ဘယ်လို နိုင်ငံကို ထူထောင်ကြမလဲ တဦးချင်းတယောက်ချင်း စိတ်လေးတွေ မြှင့်တင်ကြပါ။ ပရဟိတ လေးတွေ ကို များများလုပ်ကြပါ ။ မြန်မာအချင်းချင်း ကူညီကြပါ။

  1. Anonymous said... :

    တို့လူမျိုးက နိုင်ငံခြားမှာ အချင်းချင်း မကူတဲ့အပြင် ဒုက္ခပေးတတ်ကြတာ ခပ်များများပါ

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    Sorry,I don't have Burmese Font,so, kindly understand me,by writing in English. I am not a pro English guy. In this article from Burma,the correspondent used the word *Kaladane*. What is that meaning? Is that word means to the Indians or what I know about Dain is yogurt? Please answer me,thank you.

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    To anonymous,I'm not sure you don't really know what's the meaning of "kaladane" or just pretend.Anyway,the word "kaladane"means Indian hybrid with any of the race in Myanmar(kalar &kaladane).It is similar to the word "Anglo-Indian".

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved