ရန်ကုန်က ပန်းချီပြိုင်ပွဲ

Wednesday, December 22, 2010

ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ၄ ကြိမ်မြောက် ပန်းချီပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ ကား
ဒီလထဲ လုပ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်၊ အနယ်နယ်က ၂၅၉ ဦး ရဲ့ ၃၇၈ ကားထဲမှာ ပထမ ရသွားတာလို့ အလင်းတန်းဂျာနယ် ဒီတပတ်ထုတ်က ဆိုတယ်။
မြန်မာပညာရှင် ၃ ဦး၊ တခြား အာရှနိုင်ငံတွေက ပညာရှင် ၆ ဦးတို့ ပေါင်းပြီး ရွေးချယ်ပါတယ် တဲ့။

ပထမဆု - သိန်း ၃၀
ဒု - ၂၅ သိန်း
တ - သိန်း ၂၀
စ - ၁၅ သိန်း
အထူးဆု ၆ ဆုအတွက် ၁၀ သိန်းစီ
ဆုရသူတိုင်းကို ၅မူးသား ရွှေဆွဲပြား

အဲဒါကတော့ ဆုအမျိုးအစားတွေပါ။

ရီရယ်လစ်ဇင်၊ အင်ပရက်ရှင်၊ အက်စတပ်၊ မော်ဒန် စတဲ့ နည်းတွေနဲ့ လက်စွမ်းပြထားတဲ့ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ mixed media ကားတွေလို့ ဆိုတယ်။

ပထမဆုရတဲ့ ကားက
mixed media ဖြစ်ဖွယ် ရှိတယ်။
နောက်ခံက ဂျပန်ကာတွန်း ဖြစ်မယ်။ ရှေးခေတ်စစ်ခမောက်ဆောင်း၊ ဓားကိုင်ထားတဲ့ ကလေးကို တွေ့နိုင်တယ်။


5 comments :

  1. ပြောင်မြောက်ပါပေတယ် said... :

    တော်တော် ကောင်းတဲ့ ပန်းချီပဲဗျာ။ ဒါပေမဲ့ ပန်းချီလား ဒီဇိုင်းလားတော့ သေချာမသိနိုင်သေးဘူး။ ဒီဇိုင်းနဲ့ ပိုတူသလိုပဲ။ ဘာပဲဖြစ်ဖြစ် ပေးလိုက်တဲ့ message ကတော့ တော်တော် ပြောင်မြောင်ပြီး (အသိဥာဏ်ရှိတဲ့) လူတိုင်း ခံစားမိနိုင်စေတယ်။
    ရှေးမြန်မာ မောက်တို ဦးထုပ်က ခေတ်မီ (သော်လည်း ပဒေသရာဇ် စနစ်ကို ပြန်သွားနေသော) ဖွံ့ ဖြိုးတိုးတက် သော တပ်မတော်ကြီးမှ အပေါ်ယံ လူပေါ့ကြော့ လူညွန့်ခူးစားသော စစ်မလိုင် အသိုင်းအဝိုင်းကို ကိုယ်စားပြုပြီး ၊ အောက်က အကျီ င်္မပါေxွး တန်းလန်းခန္ဓာ ကိုယ် နဲ့ မျက်လုံးတွေ ကတော့ ပြောသမျှ ယုံပါမယ် ဆိုပြီး မှေးမှိန်တဲ့ မျှော်လင့်ချက်နဲ့ ထွက်ပေါက် မရှိပဲ ခိုင်းတာကို မျက်စိမှိတ် ပြီး အရှက်မရှိ (ေxွး တန်းလန်း) လုပ်ရတဲ့ အောက်ခြေ စစ်သည်နဲ့ ဗိုလ် လူတန်းစားကို ကိုယ်စားပြုသလားလို့ဗျာ။

  1. Anonymous said... :

    ကလေးစစ်သားများ မြန်မာ့ တပ်မတော်ရဲ့ ဂုဏ်ပုဒ်ကို ဖေါ်ဆောင်ခြင်း

  1. Anonymous said... :

    အလွန်ပြောင်မြောက် ဒဲ့ ပုံ ပါ။ ဆောင်းထားဒဲ့ မောက်တို က စစ်တပ် ကို ကိုယ်စားပြု တယ်။ ပန်းချီ ဆရာ အဖမ်း မခံရ သေး ဘူး လား?

  1. Anonymous said... :

    ပြောင်မြောက်ပါပေတယ် reality of myanmar army.

  1. ကိုဖြူ said... :

    ဒီလိုပန်းချီကားကို ရေးဆွဲံခဲ့တဲ့ပန်းချီဆရာကို တော်တော်ကိုချီးကျူးမိပါတယိဗျာ စိတ်ကူးတွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိင်ငံတော်ကြီးရဲ့ လက်ရှိအခြေအနေကို ကွင်းကွက်စွာသိမြင်လာစေပါတယ်.လေးစားရပါတယ်ဆရာခင်ဗျား...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved