ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဖြင့် ဖွင့်လှစ်

Sunday, December 12, 2010

တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံကို ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ဒီညီလာခံကို နိုင်ငံ ၁၂၀ ကျော်က ကျောင်းသားလူငယ်ပေါင်း ၂၀၀၀၀ ကျော်တက်ရောက်မှာဖြစ်ကာ မြန်မာနိုင်ငံ ကျောင်းသားကိုယ်စားလှယ်အဖြစ် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ဥက္ကဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။


1 comments :

  1. Anonymous said... :

    Nobody requested Shwe Shwe ??? He will shout how getting improve in Myanmar nowadays !!! Hehe but we call can't listen and watch his speech as electricity was cut off ...hahaha

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved