ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့

Thursday, December 30, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာသန်းနိုင်တို့နဲ့ ဦးတင်ဦးရဲ့ အိမ်မှာ တွေ့ကြပါတယ်။ နောက် ဦးဝင်းထိန်က NLD ပါတီရုံးချုပ်မှာ ရှင်းလင်းပွဲ လုပ်ပါတယ်။

နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။

NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ
ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။

ယနေ့ တွေ့ဆုံကြမှာလည်း နိုင်ငံရေးအကြောင်း မပြောဖြစ်ဘဲ သာကြောင်း မာကြောင်းများသာ ပြောဖြစ်ကြတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)





9 comments :

  1. ကျော်ထင် said... :

    တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်တွေဖြစ်မြောက်ဖို့ ဆိုတာ မဆိုထားနဲ့၊ အခုလို လုပ်ဖော်ကိုင်ဖက် ဟောင်းအချင်းချင်း၊ တလမ်းတည်းသွား၊ တဖွဲ့တည်းက လူအချင်းချင်း ပြန်လည်တွေ့ဆုံစကားပြောနိုင်ဖို့တောင် ဒီလောက်ခက်ခဲနေတာ။ တစ်ဖက်နဲ့တစ်ဖက် တကယ့်ကမ္ဘာ့ရန်တွေဖြစ်တဲ့ နအဖနဲ့ဒေါ်စုဦးဆောင်တဲ့ NLD တို့တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ အိမ်မက်ပဲဆိုတာ ကိုသက်သေပြနေတယ်။ ဘာမဟုတ်တဲ့ ဒီလိုတွေ့ဆုံပွဲမှာတောင် တစ်ဖက်နဲ့တစ်ဖက် sensitive ဖြစ်တဲ့စကားမပြောရဲအောင် ဖြစ်နေတာ။ ကျုပ်တို့ နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးဟာ ပေးဆပ်စွန့်လွှတ်နိုင်မှုတခုတည်းမဟုတ်ဘူး။ သည်းခံခွင့်လွှတ်နိုင်ခြင်း၊အပြန်အလှန်နားလည်မှု၊ လွတ်လပ်စွာကွဲလွဲခွင့်ကို လေးစားမှုနဲ့၊ ကွဲလွဲသူကိုလဲ လက်ဆွဲနှုတ်ဆက် စကားပြောနိုင်ဖို့ စိတ်ထားတွေ ပါပြည့်စုံမှ နိုင်ငံမှာပြောင်းလဲမှုတွေ ဖြစ်လာနိုင်လိမ့်မယ်။ လက်ရှိမှာတော့ အဲဒီအရိပ်အယောင် ကင်းမဲ့နေတာ ၀မ်းနည်းစရာပဲ။

  1. Anonymous said... :

    NLDရဲ့ ဒီလိုကောင်းမြတ်တဲ့ အလေ့အကျင့်မျိုးကို တပ်မတော်က အတုယူသင့်တယ်။
    သဘောထားမတူလဲ တွေ့ဆုံငြှိနှိုင်းနိုင်တယ်။ တချိန်တုံးက လုပ်ဖေါ်ကိုင်ဘက်တွေဘဲ။ ဘာမတွေ့နိုင်စရာရှိလဲ။
    တပ်မတော်မှာသာဆိုရင် ဆရာချင်းချကြရင် တပည့်ချင်းပါချကြရတာ။
    ဆရာချင်မပြောနဲ့ တပည့်တွေပါရန်သူတွေ ဖြစ်ကုန်တာ၊ မခေါ်ရဲ မတွေ့ရဲ စကားတောင် မပြောရဲဘူး။
    နိုင်တဲ့ကောင်က ရှုံးတဲ့ကောင်ကို အနှစ် ၅၀ လောက်ထောင်ထဲထည့်ပြစ်တာ။ သေဒါဏ်တောင်ပေးခဲ့သေးတယ်။
    တပ်မတော် စိတ်ထားနုလွန်းတယ်။ သဘောထားသေးလွန်းတယ်။ ဒါကြောင့် တပ်မတော်သမိုင်းမှာ ဘာလုပ်လုပ် မအောင်မြင်တာ။

  1. အညာသား said... :

    လက်ခံတွေ့ဆုံသင့်ပါသည်။မည်သူမျှအာဏာမရသေးပါ၊စည်းလုံညီညွှတ်မှု၏
    ပျက်ပြားစေမည့်အတွေးအခေါ်များမ၀င်သင့်ပါ။ ဘာေူကာင့်ဘယ်လိုတွေ့ဆုံမှုကိုအဟန့်အတားဖြစ်စေပါသနည်း။ဘယ်သူတွေက
    မဆလအတွေးခေါ်ဝင်နေပါလဲ၊အားလုံးမညီညွှတ်လျှင် မျက်ဖြူစိုက်လေ ဆရာူကိုက်လေဖြစ်မည့်ကို မတွေးကြတော့ဘူးလားခင်ဗျား။

  1. Anonymous said... :

    ဒါနဲ့များဘယ်လိုလုပ်ပြီး နိုင်ငံတော်ကိုဦးဆောင်ဦးရွက်ပြုဖို့စိတ်ကူးနဲ့ ပါတီကိုဝင်ပြိုင်တာလဲဆိုတာနားမလည်တော့ဘူး……ကျွန်တော်လည်း NDF နဲ့ NLD တို့ကိုအမှန်တကယ်ထောက်ခံခဲ့တဲ့သူပါ……ဒါပေမဲ့ဘာမှမဟုတ်သေးတဲ့အချိန်ကလေးမှာတောင် ဒီလိုဖြစ်နေကြရင်..ရှေ့ဆက်ဘယ်လိုခရီးဆက်ကြမလဲ …..ကြည့်လုပ်ကြပါဦးဗျာ…..(ဒီနေရာမှာတစ်ခုတော့ပြောချင်ပါတယ်…..စစ်တပ်ကဒီလိုနေရာမျိုးမှာ သိပ်ချီးကြူးဖို့ကောင်းတယ်နော်…စည်းလုံးတဲ့ / အချင်းချင်းမဟရဲအောင်လုပ်တဲ့နေရာမှာ)……..ဘာဘဲဖြစ်ဖြစ်ကျွန်တော်ကတော့…NLD / NDF နဲ့ 88 ပါတီတွေကိုဘဲဆက်ပြီးထောက်ခံသွားမှာပါ……

  1. Anonymous said... :

    Good Luck....Fighting for democrazy.....That's What JUNTA likes to see...

  1. Anonymous said... :

    NLD ရုံးမှာ တွေ့ ဆုံဖို့  ကန့် ကွတ်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ ဖြစ်ကြတာဆိုတော့..ဒေါ်စုက သူ့ ပါတီ ကိုတောင်သြဇာမလွှမ်းတော့တာလား.? NDF က စာပို့ တာကို ရေဒီယိုက ကြားမှာ ဒေါ်စုက သိရတာဆိုတော့..NLD အတွင်းမှာ တင် အလွဲကြီးလွဲနေပြီလားလို့ ...၊ဒီလောက်နိုင်ငံရေးအရ အရေးကြီးနေချိန်မှာ..တွေ့ ဆုံကြတဲ့ အချိန် လက်ရှိအခြေအနေတွေ မပြေဆိုကြဘူး၊သာကြောင်း မာကြောင်း ပြောပြီး တွေ့ ဆုံပွဲ ပြီးသွားတယ် ဆိုတော့...နှစ်ဖက်စလုံးက အားနဲချက်ဘဲ လို့  ပြောချင်တယ်ဗျာ...။

  1. Anonymous said... :

    အော... သာကြောင်း၊ မာကြောင်းပဲပြောကြမယ်ဆိုတာသိလို့ NLD ရဲ့သက်ဆိုင်ရာတွေ့ဆုံပေးရေး စီစဉ်ပေးရတဲ့သူတွေက အလွယ်တကူနဲ့ တွေ့အောင်စီစဉ်မပေးတာ နေမှာပေါ့ဗျာ...။ NDF ခမျာလည်း ဒါလေးမေးဖို့ကို တော်တော်ကြိုးစားလိုက်ရတယ်။

  1. Anonymous said... :

    ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်မဟုတ်ဘူးလား..

  1. Anonymous said... :

    The National Reconciliation is in doubt even if NLD is not in good terms with NDF. Daw Su alone will not be able to fulfill such a nationwide unity. Or, Daw Su can loose her role as a national leadership for the public due to the shadow of NLD and NDF.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved