ထိုင်း-မြန်မာ ချစ်ကြည်ရေး အလှမယ်

Sunday, November 21, 2010 5 comments








ဓာတ်ပုံ - မန်းမျိုးမြင့်

ထိုင်းရိုးရာ တန်ဆောင်တိုင်မီးမျှောပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာအလှမယ်ရွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ချစ်ကြည်ရေးတံတားထိပ်တွင် ယမန်နေ့ညက ကျင်းပရာ မြန်မာပရိတ်သတ် ၅၀၀၀ ကျော် သွားရောက် အားပေးခဲ့ကြသည်။

အဆိုပါ မယ်ရွေးပွဲကို မဲဆောက်မြို့နယ် (ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပါယ်အဖွဲ့က ကျင်းပခြင်းဖြစ်ပြီး မဲဆောက်ဒေသတွင်းရှိ မြန်မာအလုပ်သမများ၊ မြန်မာကျောင်းသူများနှင့် မြ၀တီ မြို့မှ လာရောက်ယှဉ်ပြိုင်သူတဦး အပါအ၀င် ၁၀ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မယ်ရွှေးပွဲ အကဲဖြတ်ထိုင်းဒိုင်လူကြီး ၅ ဦးက မသဇင်မြင့် (ပထမ)၊ မစုမွန် (ဒုတိယ) နှင့် မစုမြတ်လှိုင် (တတိယ) တို့ကို ရွှေးချယ်ခဲ့ကြပြီး ပထမဆုရရှိသူကို သရဖူနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပထမဆုရရှိသည့် မြ၀တီမှ မသဇင်မြင့်က"သမီးတို့ကို လာရောက်အားပေးကြတဲ့ မဲဆောက်ရောက် မြန်မာတွေနဲ့ မြ၀တီကလာပြီး အားပေးကြတဲ့ မြန်မာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှုဝတ်စုံနဲ့ ထိုင်းမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်" ဟု ပြောသည်။

မယ်ရွေးပွဲ လာရောက်ကြည့်ရှုကြသည့် ဒေသခံများနှင့် မြန်မာများ သောင်းသောင်းဖျဖျ အားပေးကြသည့် ပြကွက်မှာ မြန်မာနိုင်ငံ မယ်ရွှေးပွဲစတိုင် မြန်မာ့ရိုးရာဝတ်စုံဖြင့် ကိုယ်ဟန ပြသည့် ပြကွက်ကို သရုပ်ဖေါ်သွားသည့် မသဇင်မြင့်၏ ပြကွက်ဖြစ်သည်။

ပြိုင်ပွဲဝင်မြန်မာမယ် ၁၀ ဦးသည် ဒိုင်အဖွဲ့၏ ဥာဏ်စမ်းမေးခွန်းများကို ဖြေကြားရာတွင် ထိုင်း နှင့်အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာ ပြောတတ်သူများပါရှိပြီး ပြိုင်ပွဲဝင်မြန်မာအလုပ်သမ အချို့မှာ မြန်မာနိုင်မှ ဘွဲ့ရရှိထားသူများဖြစ်သည်။

(ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပါယ်ဥက္ကဌ နိုင်ဘွန်ချော့ဆူဝေ့ က "နှစ်နိုင်ငံချစ်ကြည်ရေးပိုမို ခိုင်မြဲစေဖို့အတွက် မီးမျှောပွဲ (လွိုင်းကထုံ) အထိမ်းအမှတ်အနေနဲ့ မြန်မာအလှမယ်ရွေးပွဲကို ထည့်သွင်းကျင်းပပေးတာဖြစ်တယ်၊ မကြာခင်မှာလည်း မဲဆောက်-မြ၀တီနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့အတူ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုပြီးတိုးတက်လာမှာဖြစ်တယ်" ဟုပြောသည်။

ထိုင်းဖက်ခြမ်းတွင် ပြုလုပ်သည့် ထိုင်းမီးမျှောပွဲတွင် ယခင်နှစ်များက မြ၀တီဖက်မှလူများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဖက်မှ ချစ်ကြည်ရေးတံတားကို ည (၁၂) နာရီ အထိ အကန့်အသတ်ဖြင့် ဖွင့်ထားပေးသော်လည်း ယခုနှစ်တွင် ဖွင့်လှစ်ပေးခြင်းမရှိဟု သိရ သည်။

နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာရှိ လှေဆိပ်များကို မြန်မာဖက်မှပိတ်ထားသည်မှာ ၃ လကျော် ရှိပြီဖြစ်သည့်အတွက် ထိုင်းဖက်ခြမ်းတွင် ကျင်းပသည့် မီးမျှောပွဲကို လာရောက်ရန် လှေဆိပ်များရှိ မြန်မာလုံခြုံရေးများနှင့် နားလည်မှုယူကာ လာရောက်ကြရသည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မဲဆောက်တွင်ပြုလုပ်သည့် မီးမျှောပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေးအလှမယ် ရွေးပွဲကို ယခင်က ထိုင်းနှင့်မြန်မာ အလှမယ်များကို အတူတွဲ၍ ယှဉ်ပြိုင်စေခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်မှ စတင်ကာ မြန်မာမယ်ရွေးပွဲကို သီးသန့် စတင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

7Day ဂျာနယ် ထုတ်ဝေခွင့် တပတ်အပိတ်ခံရ

3 comments

ဒေါ်အောင်ဆန်းစုကြည် ပုံကို စာမျက်နှာပြည့်ဖော်ပြခဲ့သည့် 7Day ဂျာနယ် ထုတ်ဝေခွင့် တပတ်ရပ်ဆိုင်းခံလိုက်ရကြောင်း ရန်ကုန် စာနယ်ဇင်းသမားများက ပြောသည်။

"အဲဒီတိုက်က အယ်ဒီတာကို စာပေစိစစ်ရေးက ခေါ်တွေ့ပြီး သုံးပတ်နားဖို့ ပြောတာ။ စိစစ်ရေးက ဖော်ပြခွင့်ပြုခဲ့လို့ ဖော်ပြတာပါ ဘာညာ ပြောမှ တပတ်နားလို့ ဆုံးဖြတ်ပေးလိုက်တယ်လို့ ကြားတယ်"ဟု မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံကို ထည့်သွင်းဖော်ပြခဲ့သော အခြားဂျာနယ်များကိုလည်း ရပ်နားခိုင်းသည့် သတင်းများပေါ်ထွက်နေသော်လည်း အတည်ပြု၍ မရသေးပေ။

"ဒီမှာက သူတို့ စိစစ်ပြီးလို့ ဖော်ပြရတာကိုလည်း အထက်က သဘောမကျရင် မဂ္ဂဇင်း ၊ ဂျာနယ်တွေက ရပ်ပေးရတာပဲ။ စိစစ်ရေးရှိနေပေမယ့် စိစစ်ရေးကိုယ်တိုင်ကိုက သြဇာအာဏာမရှိဘူး။ မဂ္ဂဇင်း ဂျာနယ်မှာပါသွားတာကိုတွေ့လို့ အထက်က ဖိရင် စိစစ်ရေးက ကျနော်တို့ကို ပြန်ဖိတော့တာပဲ"ဟု မဂ္ဂဇင်း အယ်ဒီတာက ဆက်လက် ပြောဆိုသည်။

“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်စာသားကို ဘောလုံးအကြောင်းတွင် ကြားညှပ်ဖော်ပြခဲ့သည့် first eleven ဂျာနယ်ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းခဲ့သည်။

အိမ်တော်ရာဘုရားဝင်းထဲက ဗုံး

2 comments

ဒီနေ့ထုတ် ကြေးမုံ သတင်းစာ ဖြတ်စ။
ဗုံးကွဲတာ ဘယ်အဖွဲ့ကိုမှ မစွပ်စွဲထားပါဘူး။ အဖွဲ့နာမည် ရွေးနေတာလည်း ဖြစ်နိုင်ပါတယ်။
-

ခင်မောင်သန်း(စိတ်ပညာ) နာရေး

2 comments



ခင်မောင်သန်း (စိတ်ပညာ) ဆုံးသွားပြီ တဲ့။
ကွယ်လွန်တဲ့အတွက် ၀မ်းနည်းကြောင်း ကြော်ငြာတွေ ဒီနေ့ ကြေးမုံ သတင်းစာမှာ ပါလာတယ်။

နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ အချက်အလက်တွေ ဟောဒီလို တွေ့ရပါတယ်။
၁။ အမည်ရင်း - ဦးခင်မောင်သန်း
၂။ မိဘအမည် - ဦးကြင်ဖေ၊ ဒေါ်မိမိ
၃။ မွေးသက္ကရာဇ်- ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ
၎။ မွေးဖွားရာဒေသ - မုံရွာ

၁၉၆၁ - သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ကို စိတ်ပညာ နဲ့ ရတယ်။ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန သရုပ်ပြဆရာအဖြစ် အမှုထမ်း။

၁၉၆၄ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ပါဒူးတက္ကသိုလ်မှာ ပညာ သင်ယူတယ်။ မဟာသိပ္ပံဘွဲ့ရတယ်။ မန်းတက္ကသိုလ်မှာ ဆက်ပြီး အမှုထမ်း။

စိတ်ပညာ ဆောင်းပါးတွေကို လစဉ်ထုတ် စာစောင်တွေမှာ အဆက်မပြတ် ရေးသားခဲ့။

အယူသီးမှု၊ နတ်ကိုးကွယ်မှု နှင့် စိတ်ပညာ ရှုထောင့် ဆိုတဲ့ စာအုပ်အပါအ၀င် ရေးခဲ့၊ ထုတ်ခဲ့တဲ့ စာအုပ်ပေါင်း ၁၀ အုပ်ကျော် ရှိပါတယ်။


ကြိုတင်မဲ ဘယ်ကလာ?

8 comments


မနေ့က ဗိုလ်ချုပ်ကြီးတို့ သတင်းစာ ဆောင်းပါးတပုဒ်မှာ ရွေးကောက်ပွဲ အရမ်း အရမ်း တရားမျှတကြောင်း ဖွဲ့နွဲ့သွားတယ်။
အဆုံးသတ်ကို ဖတ်ရင် လုံလောက်ပြီ ထင်ပါတယ်။
နာမည်ကျော် ကြိုတင်မဲ တွေဟာ ဦးနှောက်နဲ့  နှလုံးသားက လာတယ် လို့  ဆိုသွားတယ်း)
အတည်ပေါက် ရေးပေမယ့် ဟဒယရွှင်ဆေး ကျွေးသလို ဖြစ်နေတယ်။

ပင်လုံညီလာခံအတွက် တာဝန်ယူမယ့် ဒီမိုကရေစီခေါင်းဆောင်

6 comments



စနေနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ နိုင်ငံရေးသမားကြီးတွေကို ဂါရ၀ ပြုတဲ့ပွဲ မှတ်တမ်း ဓာတ်ပုံများ။
ဒီပွဲမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဒုတိယပင်လုံညီလာခံ ကျင်းပရေးအတွက် ဦးစီးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးကြပါတယ်။

ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved