ရွှေအိုရောင် အလှ

Wednesday, January 19, 2011

လွှတ်တော်ကိုယ်စားလှယ်ဝတ်စုံ မဟုတ်ပါဘူး။ 
အိန္ဒြာကျော်ဇင်ရဲ့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ ဆောင်တဲ့ မင်္ဂလာဆောင်မှာ မြင်ရတဲ့ ပွဲတက်ဝတ်စုံပါ။
ဝါ၀ါဝင်းရွှေ နဲ့  ချိုပြုံး။ သူတို့ ကို ရင်ခုန်ခဲ့သူများ ပြန်ခံစားဖို့၊ မျိုးဆက်သစ်များ သိချင်ရင် သိရအောင်လို့  ဒီတပတ်ထုတ် အလင်းတန်းဂျာနယ်ကနေ ဖြတ်ယူထားတဲ့ပုံပါ။

ရွှေအမြုတေ၊ ၀ီကီမြန်မာတို့ မှာ တွေ့ ရတဲ့ သူတို့ ၂ ယောက် နဲ့  ပတ်သက်တာတွေ အောက်မှာ ဖတ်ကြည့်ပါအုံး -


ဝါ၀ါဝင်းရွှေ
“---ဆရာဝန် ဖြစ်ချင်တယ် ဆိုတာက မိဘနှစ်ပါးကို လုပ်ကျွေးချင်တဲ့ ဆန္ဒ အဓိကပါ။ ဆယ်တန်းအောင်တော့ ဘာလုပ်ရင် ပိုက်ဆံများများ ရမလဲဆိုတာ စဉ်းစားတယ်။ ဆရာဝန်က ပိုက်ဆံရတယ် ဆိုတာကြောင့် ဆရာဝန် ဖြစ်အောင် ကြိုးစားပြီး မိဘတွေကို လုပ် ကျွေးမယ်ပေါ့။ ခုနစ်နှစ်တော့ ကြာမယ်ဆိုတာ သိထားတယ်။ အထူးကု ဖြစ်ဖို့ဆိုတာ အနည်းဆုံး ၁၄ နှစ်လောက် ကြာဦးမယ်။ အဲဒီလောက် အချိန်တွေ ဆိုရင် အဖေ့ အသက်တောင် မီနိုင်မယ် မထင်ဘူး။ အဖေက အမေထက် အသက်ကြီးတယ် လေ။ ဒါကြောင့် ပိုက်ဆံ အမြန်ဆုံး ရနိုင်မယ့် ရုပ်ရှင် လောကကို ၀င်ဖြစ်ခဲ့တာ” လို့ ပြောပြပါတယ်။

ရုပ်ရှင်လောကထဲကို ၀င်ရောက်လာတဲ့ ၀ါဝါ၀င်းရွှေဟာ ရန်ကုန်ရုပ်ရှင်မှ ရိုက်ကူးခဲ့တဲ့ စိတ် ဇာတ်ကား တစ်ကားတည်းနဲ့ မြန်မာ ရုပ်ရှင် လောကမှာ အောင်မြင်ကျော် ကြားတဲ့ မင်းသမီး တစ်လက် ဖြစ်သွား ခဲ့ပါတယ်။


ချိုပြုံး
ဝင်းဦးက“ကောင်မလေး ရုပ်ရှင်မင်းသမီး လုပ်မလား” လို့ မေးလာပါသတဲ့။

ရုပ်ရှင်တစ်ကား ရိုက်ဖူးတဲ့ ချိုပြုံးကလည်း ကလေး ၃ ယောက် မွေးပြီး ဖြစ်လို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး အပြောင်အပြက် သဘော နဲ့“လုပ်မယ်”လို့ အဖြေပေးခဲ့ ပါတယ်။ ဂီတ ပဒေသာပွဲ အပြီး ချောက်မြို့ကို ပြန်ရောက်ချိန်မှာ ၀င်းဦးက ဆက်သွယ် လာပြီး“ရုပ်ရှင် ရိုက်မယ် ဆင်းခဲ့တော့”လို့ ဆိုပါတယ်။
တကယ် ရိုက်ရတော့ မယ်ဆိုတဲ့ အချိန်မှာ ချိုပြုံးက တုန်လှုပ် ချောက်ချားသွား ပါတယ်။ လင်မယားနှစ် ယောက် တိုင်ပင်ကြပြီး နောက်ထပ် ကလေးမယူ တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက် လိုက်ကြပြီး ကိုယ်ဝန်ယူ လိုက်ကြပါတယ်။ ၀င်းဦးကိုလည်း“ကိုယ်ဝန် ရှိနေပြီ” လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဇွဲကောင်းတဲ့ ၀င်းဦးက မွေးပြီးရင် ရိုက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

အငယ်ဆုံးသမီး ကလေး အိနီတာကို မွေးပြီးချိန်မှာ ချိုပြုံးရှိရာ ချောက်မြို့ကို ၀င်းဦးကိုယ်တိုင် လိုက်လာခဲ့ပြီး ချိုပြုံးကို အပါ ခေါ်ခဲ့ ပါတယ်။ မွေးကင်းစ ကလေးငယ်နဲ့ ရန်ကုန်ရောက် လာတဲ့ ချိုပြုံးကို တစ်ကျော့ နှစ်ကျော့တေးကိုသီ ဇာတ် ကားမှာ အဆိုတော်တင်တင် မြနဲ့အတူ ပါဝင် သရုပ်ဆောင် စေခဲ့ပါတယ်။ ဒီကားမှာ ချိုပြုံးက ဆတ်ကော့လတ်ကော့ နေတတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သရုပ် ဆောင်ရပြီး တင်တင်မြက တည်ငြိမ် အေးဆေးတဲ့ နေရာက သရုပ်ဆောင်ရပါတယ်။

တစ်ကျော့နှစ်ကျော့ တေးကိုသီ ဇာတ်ကားဟာ မြန်မာ့ ရုပ်ရှင်လောကမှာ သီချင်း အများဆုံး ပါဝင်တဲ့ ရုပ်ရှင်ကား အဖြစ် အောင်မြင် ထင်ရှားသွားသလို ချိုပြုံးဟာလည်း အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်သွားခဲ့ပါတယ်။“ကျွန်မ အပျိုဖော် ၀င်ခါစမှာ ရုပ်ရှင် ရိုက်တုန်းက မအောင်မြင်ခဲ့ဘဲ ကလေး ၄ ယောက်မွေးပြီး ရိုက်တော့မှပဲ အောင်မြင်ခဲ့တယ်။ ကံကြမ္မာဟာ ကျွန်မ အတွက်တော့ တော်တော် ထူးဆန်းခဲ့ပါတယ်။ ပထမကား ထွက်ပြီး တုန်းက အမျိုးသား တိုးတက်ရေး ရုပ်ရှင်က တစ်လ ၆၀၀ ကျပ်နဲ့ လခစား မင်းသမီး ခန့်ခဲ့သေးတယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သား ၂၀၀ ကျပ် ပဲပေးရတဲ့ ခေတ်ဆိုတော့ ၆၀၀ ဟာ တော်တော်များပါတယ်။ အမျိုးသား တိုးတက်ရေး ရုပ်ရှင်က ကျွန်မကို အသား တက်လာအောင် အားမွေး ကြိုးစားခိုင်းတယ်။ ကျွန်မကလည်း ၀မလာဘဲ ဒီအတိုင်းပဲ ရှိနေ ခဲ့တယ်။ သူတို့ ကျွန်မကို ၆ လ လောက်အထိ စောင့် ကြည့်ခဲ့ကြသေးတယ်။ နောက်ဆုံး တိုးတက်မှု မရှိတော့မှ လက်လျှော့ခဲ့ကြတာ” လို့ ပြောပြပါတယ်။

5 comments :

  1. Anonymous said... :

    I had seen that movie "Ta Kyawt Hna Kyawt Tae Ko Thi".And I still remember the song sung by Tin Tin Mya.It was very very nice own tune song which got the same with the movie title.
    If possible, I want to hear it!!

  1. Anonymous said... :

    တင်တင်မြ မူရင်းတော့ online မှာ ရှာမတွေ့ပါဘူး။ ဒါကတော့ စိုးစန္ဒာထွန်း version ပါ။ ကိုယ်လဲ ကြိုက်လို့ ရှာဖူးတာမို့ မျှလိုက်ပါတယ်။ http://www.thanzinhline.com/tzhlive/-e1-80-85-e1-80-ad-e1-80-af-e1-80-b8-e1-80-85-e1-82-8f-e1-81-b5-e1-80-ac-e1-80-91-e1-80-bc-e1-80-94-e1-80-b9-e1-80-b8/-e1-80-90-e1-80-85-e1-80-b9-e1-80-b1-e1-80-80-e1-80-ba-e1-80-ac-e1-80-b7-e1-82-8f-e1-80-bd-e1-80-85-e1-80-b9-e1-80-b1-e1-80-80-e1-80-ba-e1-80-ac-e1-80-b7-e1-80-b1-e1-80-90-e1-80-b8-e1-80-80-e1-80-ad-video_6b56d87e2.html

  1. Anonymous said... :

    ဒါဟာသက်သက် ပုဂ္ဂိုလ်ေ၇းစော်ကားပြီးေ၇းထားတဲ့ပိုစ့်တခုဘဲ
    အကျဉ်းတန်လွန်းပါတယ်..

  1. ဗဟန်း said... :

    “ ဒါဟာသက်သက် ပုဂ္ဂိုလ်ေ၇းစော်ကားပြီးေ၇းထားတဲ့ပိုစ့်တခုဘဲ
    အကျဉ်းတန်လွန်းပါတယ်..”
    ဘယ်အချက်က ဘယ်လိုအကြောင်းပြုပြီး ဘယ်သူ့ကို စော်ကားတယ် ဆိုတာလေး တော့ လုပ်ပါ.. ဘလိုင်းကြီး ဘာလို့ဘာမှန်းမသိ လျှောက်ရှက် ကွန်မင့်တွေပေးနေတော့ ဘလော့ပရိတ်သတ်ရဲ့ intelligence ကို စော်ကားသလိုမျိုးဖြစ်နေတယ်..

  1. Anonymous said... :

    ဒါဆို ဒီပိုစ့်ရေးတဲ့ သူကော ဒီအလုပ်ကို ဘာကြောင့်လုပ်ပါသလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved